မြန်မာ့နွေဦး

ပန်ဆယ်လိုနဲ့ဆက်စပ်ပြီး မန္တလေး ဇလုံကြီးဟင်းအနှစ်ထုပ် အရောင်းဆိုင်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း

မဲခေါင် 9 Mar - 2023
မဲခေါင်၊ မတ် ၉ မန္တလေးမြို့၊ ၆၆ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းမှာ ဖွင့်လှစ်ထားတဲ့ ဇလုံကြီး ဟင်းအနှစ်ထုပ်ဆိုင်ကို ဒီကနေ့ နေ့လယ် ၁၁ နာရီက စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပိုင်ရှင်ဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၉

မန္တလေးမြို့၊ ၆၆ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းမှာ ဖွင့်လှစ်ထားတဲ့ ဇလုံကြီး ဟင်းအနှစ်ထုပ်ဆိုင်ကို ဒီကနေ့ နေ့လယ် ၁၁ နာရီက စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပိုင်ရှင်ဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

အဆိုပါဆိုင်ရှိ အနှစ်ထုပ် ပစ္စည်းများကို အမေရိကန်က ဖေ့ဘွတ်ဆယ်လီ ပန်ဆယ်လိုရဲ့ဆိုင်မှာ ရောင်းချနေတဲ့ အတွက် စစ်တပ် လော်ဘီ ဟန်ငြိမ်းဦး အကောင့်မှ ဖမ်းဆီးဖို့ သတင်းတင်ပြီးနောက် မန္တလေးမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အလားတူ ရန်ကုန်မြို့မှာ ဆိုင်ဖွင့်လှစ် ရောင်းချနေတဲ့ လမ်း ၄၀ အထက်ဘလောက်၊ အိမ်အမှတ် ၂၆၉၊ မြေညီထပ် ကျောက်တံတားမြို့နယ် ထိုင်သူ ကိုသော်ဇင်ဦး ဆိုသူကို ဖမ်းဆီးဖို့ ဟန်ငြိမ်းဦး အကောင့်မှာ တင်ထားတာ တွေ့ရပါတယ်။

အဆိုပါ ဇလုံကြီး ဟင်းအနှစ်ထုပ်တွေကို PDF တပ်ဖွဲ့ဝင်တွေထံ အဓိက ပို့ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဟန်ငြိမ်းဦး အကောင့်နဲ့ တင်ပြီးနောက် စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီး တာ ဖြစ်ပါတယ်။

MK-005
#MekongNews
#မန္တလေး
#ဇလုံကြီး
#ပန်ဆယ်လို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။