မြန်မာ့နွေဦး

ပတ်စပို့ရုံးတွေ ပြန်ဖွင့်ပေမယ့် စာအုပ်အသစ် လုပ်မပေး

မဲခေါင် 5 Jan - 2023
ရန်ကုန် အပါအဝင် နိုင်ငံတဝန်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး - ပတ်စပို့ရုံးတွေကို ဒီကနေ့မှာ ပြန်ဖွင့်ခဲ့ပေမယ့် စာအုပ်အသစ် လုပ်မပေးဘဲ ပြည်ပ ဘုရားဖူးသွားမယ့်သူနဲ့ MoU အလုပ်သမားတွေ အတွက်သာ ပြုလုပ်ပေးနေတယ်လို့ အကျိုးဆောင်တွေ ထံက သိရပါတယ်။

နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွေကို အခုလ ၂ ရက်နေ့က ကြိုတင် မကြေညာဘဲ ပိတ်ခဲ့တာဖြစ်ပြီး ဒီနေ့ ဇန်နဝါရီ ၅ ရက်မှာ ပြန်ဖွင့်ပေးခဲ့ပေမယ့် စာအုပ်သစ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေ ပြန်မစသေးဘဲ ဗုဒ္ဓဂါယာ ဘုရားဖူးနဲ့ ကြိုတင်သတ်မှတ်ထားတဲ့ MoU အလုပ်သမားတွေကိုသာ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်က ရန်ကင်း ပတ်စပို့ ရုံးကတော့ ဖွင့်ထားတယ်ဆိုပေမယ့် စာအုပ်အသစ် လုပ်လို့မရဘူး။ ဘုရားဖူးတွေ အတွက်ကိုတော့ PV လုပ်ပေးတာရှိတယ်။ MoU သမားတွေ အတွက် PJ တော့ လုပ်ပေးတယ်။ QR စနစ်နဲ့ ကြိုပြီးယူထားတဲ့ Booking တွေကိုတော့ မလုပ်ပေးသေးဘူး 

လို့ နိုင်ငံကူး လက်မှတ် လုပ်နေသူ တဦးက ပြောပါတယ်။

ရန်ကုန် ပတ်စပို့ရုံးမှာ အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းယူရတဲ့ QR စနစ်ကို အရင်နှစ် မတ်လက စတင်ကျင့်သုံးခဲ့ပြီး အဲ့ဒီစနစ်ကို ပြန်လည် ပြင်ဆင်ဖို့အတွက် ဒီဇင်ဘာ ၅ ရပ်နေ့က စတင် ရပ်ဆိုင်းထားခဲ့ကာ QR ကုတ်ရပြီးသား သူတွေကိုတော့ လုပ်ငန်းစဉ်အတိုင်း ဆက်ပြီး ဆောင်ရွက်ပေးမယ်လို့ ဆိုထားခဲ့ပါတယ်။

ဒါပေမယ့် ဇန်နဝါရီ ၂ ရက်မှာတော့ ကြိုတင်ကြေညာမှု မရှိဘဲ System အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ဆိုပြီး လုပ်ငန်းစဉ်အားလုံးကို ရပ်ဆိုင်းထားခဲ့ရာ ပြန်လည် ဆောင်ရွက်ပေးမယ့် ရက်ကို Website ကနေ ကြေညာမယ်လို့ ဆိုထားပါတယ်။

လက်ရှိ နိုင်ငံကူး လက်မှတ် လုပ်လိုသူတွေ နေ့စဉ် ထောင်နဲ့ချီ ရှိနေပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ ပြည်ပ ထွက်ခွာသူတွေ များပြားနေတယ်လို့ နိုင်ငံကူး လက်မှတ် အကျိုးဆောင်တွေထံက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်