မြန်မာ့နွေဦး

ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းကနေတိုက်ခိုက်နေ

မဲခေါင် 19 Apr - 2023
မဲခေါင်၊ ဧပြီ ၁၉ ရှမ်း-ကရင်နီနယ်စပ်၊ ပင်လောင်းနဲ့ ဖယ်ခုံ မြို့နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံကနေ သိရပါတယ်။

မဲခေါင်၊ ဧပြီ ၁၉

ရှမ်း-ကရင်နီနယ်စပ်၊ ပင်လောင်းနဲ့ ဖယ်ခုံ မြို့နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်တည်းကတည်းက ဒီနေ့ထိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပင်လောင်းနဲ့ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်နေပြီး အထိနာတဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်လာတယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

“ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲပဲ။ နေ့တိုင်းကိုဖြစ်နေတာ။ နားလိုက်ပြန်ပစ်လိုက်ပဲ။ ဒီရက်ပိုင်း ဒီကောင်တွေ မြေပြင်က သိပ်မပစ်တော့ဘူး။ လာပစ်လဲ သူတို့သေတာများတာကိုး။ PNO တပ်လည်းပါတယ်။ ဒီတော့ လေကြောင်းကနေလာလာပစ်နေတာ။ ညဘက်တွေဆိုလာပြီ။​ပုံမှန်ကိုလာပစ်တာ။ လေကြောင်းပဲ အားကိုးစရာရှိတော့ ဒါနဲ့ပဲလာတိုက်ရဲတော့တာ” လို့ သူကပြောပါတယ်။

တောင်စလုံးနဲ့ မြောက်သလုံးကျေးရွာတွေဘက်မှာ တိုက်ပွဲတွေဆက်တိုက်ဆိုသလိုဖြစ်နေတာကြောင့် ပြည်သူတွေလည်းနေရပ်မပြန်နိုင်သေးပဲ စစ်ရှောင်စခန်းတွေ၊ ဆွေမျိုးတွေ ရှိတဲ့ ကျေးရွာတွေမှာနေထိုင်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ်ကတစ်ဆင့် ကင်နီပြည်နယ်ထဲကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ စစ်ကောင်စီနဲ့ PNOတပ်တွေကို တော်လှန်ရေး အင်အားစုတွေကို တိုက်ခိုက်နေကြတာဖြစ်ပြီး စစ်ကောင်စီက အင်အားတောက်လျှောက် ဖြည့်ကာ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာမယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ