မြန်မာ့နွေဦး

ပင်လောင်း စစ်ရှောင်တွေ နေရပ်ပြန်ဖို့ဆိုပြီး PNO က မိုင်းရှင်းခ တောင်းသွားပေမဲ့ အခုချိန်ထိ မပြန်ရသေး

မဲခေါင် 25 Apr - 2023
မဲခေါင်၊ ဧပြီ ၂၅ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင် ပြည်သူတွေကို PNO ပအိုဝ်းပြည်သူ့စစ်က နေရပ်ပြန်ပို့ပေးမယ်ဆိုပြီး မိုင်းရှင်းခ တစ်အိမ် အနည်းဆုံး ကျပ် ၅,၀၀၀ ကောက်သွားပေမဲ့ အခုထိ နေရပ် မပြန်ရသေးဘူးလို့ စစ်ရှောင် ပြည်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၂၅

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင် ပြည်သူတွေကို PNO ပအိုဝ်းပြည်သူ့စစ်က နေရပ်ပြန်ပို့ပေးမယ်ဆိုပြီး မိုင်းရှင်းခ တစ်အိမ် အနည်းဆုံး ကျပ် ၅,၀၀၀ ကောက်သွားပေမဲ့ အခုထိ နေရပ် မပြန်ရသေးဘူးလို့ စစ်ရှောင် ပြည်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ပင်လောင်းဒေသ၊ တောင်မဲသင်းကျေးရွာက စစ်ရှောင် ပြည်သူတွေကို PNO က နေရပ် ပြန်ပို့ပေးမယ် ဆိုပြီး မိုင်းရှင်းခ အပြင် ဟင်းဖိုး တစ်အိမ် ကျပ် ၁,၀၀၀ ထပ်ကောက်သွား သေးတယ်လို့ ဒေသခံက ပြောပါတယ်။

“ကျွန်တော်က ပင်လောင်းဘက်က စစ်ဘေးရှောင် စခန်းကပါ။ PNO တွေ ကျွန်တော်တို့ ရွာပြန်ရ တော့မယ်ဆိုပြီး မိုင်းရှင်းပေးမယ်၊ ရှင်းခ တစ်အိမ် ၅,၀၀၀ အထက် လိုက်ကောက်တယ်။ တချို့ စခန်းတွေကို အကန့်သတ်မရှိ ကောက်တယ်။ သင်္ကြန် အတက်နေ့ကပေါ့။ ခုချိန်ထိ မပြန်ရတဲ့ အရေးထဲက တစ်အိမ် ၁,၀၀၀ ဆိုပြီး ဟင်းဖိုး ထပ်ကောက်တယ်ဗျာ။ စားဖို့နေရေး အရမ်းခက်ခဲတဲ့ ကြားကနေ၊ အဲ့တာကို အများပြည်သူကို သိစေချင်တယ်ဗျာ” လို့ သူကပြောပါတယ်။

PNO က မိုင်းရှင်းဖို့ ပစ္စည်းတွေ ဝယ်ရမယ်ဆိုပြီး စစ်ရှောင် ပြည်သူတွေဆီက ပိုက်ဆံ တစ်အိမ် ကျပ် ၅,၀၀၀ အထက် ကောက်သွားပေမဲ့ အကုန် နေရပ် ပြန်ရမယ်လို့ ပြောတာ မဟုတ်ဘဲ မဲနှိုက်ပြီး အိမ်ထောင်စု ၈ ခုသာ ပြန်ရမယ် ဆိုပြီး ထပ်မံ ပြောဆိုတယ်လို့ သူကပြောပါတယ်။

စစ်ရှောင် ပြည်သူတွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရပြီး အလှူရှင်တွေ လှူဒါန်းမှုနဲ့ ရပ်တည် စားသောက်နေရတဲ့ အခြေအနေမှာ နေရပ်ပြန်ရမယ် ဆိုတာကြောင့် ချေးငှားပေါင်နှံ ပေးလိုက်ကြတာလို့ စစ်ရှောင် ပြည်သူတွေက ပြောပါတယ်။

ပအိုဝ်းဒေသမှာ သာမက မြန်မာနိုင်ငံတဝှမ်း PNO ပြည်သူ့စစ်ပိုင် စီးပွားရေး လုပ်ငန်းတွေ လက်ညှိုးထိုးမလွဲ ရှိနေပြီး ဒေသရဲ့ စီးပွားရေး တစ်ခုလုံးကို လက်ဝါးကြီး အုပ်ထားပေမဲ့ ပအိုဝ်း ပြည်သူတွေဆီက ကျည်ဖိုး၊ ရိက္ခာဖိုးတွေ သာမက ကားဘီးအခွန် ဆိုပြီးပါ တောင်းယူနေတယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

တောင်းတဲ့ ပိုက်ဆံ မပေးနိုင်ပါက သေနတ်ပြ ခြိမ်းခြောက်တာ၊ ရိုက်နှက်တာတွေ လုပ်လေ့ရှိတာကြောင့် ပေါင်နှံ ချေးငှား ပေးနေရတယ်လို့ ပအိုဝ်း ဒေသခံက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ကရင်နီပြည်ထဲ ဝင်ရောက်ဖို့ ပင်လောင်း-ဖယ်ခုံ နယ်စပ်ကနေ စစ်ကြောင်းထိုးနေပြီး ဒေသခံတွေကို သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တာကြောင့် ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေး နေရပါတယ်။

MK-007

#MeKongNews

#ပင်လောင်း #PNO #မိုင်းရှင်းခ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု