မြန်မာ့နွေဦး

ပင်လောင်းမြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်က ငွေတောင်းစားနေ

မဲခေါင် 1 May - 2023
မဲခေါင် ၊ မေ ၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့အဝင်အထွက် ဂိတ်တွေမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေဆီက ငွေတွေ မတရားတောင်းစားနေတယ်လို့ ပင်လောင်းမြို့နယ် ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင် ၊ မေ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့အဝင်အထွက် ဂိတ်တွေမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေဆီက ငွေတွေ မတရားတောင်းစားနေတယ်လို့ ပင်လောင်းမြို့နယ် ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အဲ့ဒီ့မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေက ငွေမပေးရင် ခြိမ်းခြောက်ပြောဆိုတာတွေ၊ စစ်ဆေးမေးမြန်းတာတွေ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာတွေ ပြုလုပ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခင်ကဆို ကားတွေကို မြို့ဝင်ကြေးသာ တောင်းကြပေမယ့် ယခုအချိန်မှာ ကား၊ ဆိုင်ကယ်တွေကို မြို့ဝင်ကြေးသာမက ဟင်းဖိုးဆိုပြီးတော့ ငွေကျပ်သောင်းဂဏန်းအထိ တောင်းကြတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေကပြောပြပါတယ်။

“အသွားကော အပြန်ကော ပေးရတယ်။ ကျွန်တော့်ကားကို တားပြီး ဟင်းဖိုး သုံးသောင်းတောင်းတယ်။ အဲ့ဒါ တောင်းတောင်းပန်ပန်နဲ့ တစ်သောင်းခွဲပေးခဲ့လိုက်ရတယ်။” လို့ ကိုယ်တိုင်ပေးခဲ့ရတဲ့ ပင်လောင်းဒေသခံတစ်ဦးကပြောပါတယ်။

ပင်လောင်းမြို့ မြောက်ဘက်မှာ စစ်ကောင်စီအဝင်ဂိတ်တစ်ခုရှိပြီး မြို့တော်ဘက် ပေါင်းလောင်း လမ်းခွဲမှာလည်း ဂိတ်တစ်ခုရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီက ခန့်ထားတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ခွန်ရဲထွေးကို မဲခေါင်သတင်းဌာနက ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။

CJ – 002

#MeKongNews

#ပင်လောင်းမြို့နယ်

#မြို့အဝင်အထွက်ဂိတ်

#ငွေတောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ