မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် လုံးပဉ်ကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်၊ PNO ကစစ်တပ်နဲ့ ပူးပေါင်းတိုက်ပွဲဝင်

မဲခေါင် 23 Mar - 2023
မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးပဉ်ကျေးရွာ အနီးမှာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ PNDF ကပြောပါတယ်။

မဲခေါင်၊ မတ် ၂၂

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးပဉ်ကျေးရွာ အနီးမှာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ PNDF ကပြောပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းတပ်တွေ ပြန်ဆုတ်သွားတယ်လို့ ပအိုဝ်း အမျိုးသား ကာကွယ်ရေးတပ်-ခမ်းကောင် PNDF-KK က ပြောပါတယ်။

“အခုဖြစ်နေတာ လူမျိုးရေး ဘာသာရေး နဲ့ဆိုင်တဲ့ပွဲ မဟုတ်ဘူး။ အာဏာရှင်ကို တော်လှန်နေတဲ့ပွဲ ဖြစ်တယ်။ အာဏာာရှင်ကို ကျွန်တော်တို့က တော်လှန်နေမှာပဲ။ အာဏာရှင်နဲ့ ပါလာတာတွေ ကိုတော့ ကျွန်တော်တို့က တိုက်နေရမှာပဲ။ ရန်သူကလည်း သူ့အလုပ် သူလုပ်နေတယ်။ ကျွန်တော်တို့ဘက်က လုပ်စရာရှိတာ ဆက်လုပ်မှာ ဖြစ်ပါတယ်” လို့ PNDF-KK ပြန်ကြားရေး တာဝန်ခံ ခွန်ဗွေဟုန်းက ပြောပါတယ်။

ဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်း အင်အား ၆၈ ဦးနဲ့ စစ်ကြောင်းထိုးလာတာလို့ သူကပြောပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု ရှိပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ခွန်ဗွေဟုန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်မှာလည်း တိုက်ပွဲမှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်က ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာ အနီး တောင်တွေကို ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ရှမ်း-ကရင်နီ နယ်စပ်မှာ ဖေဖော်ဝါရီ လကုန်မှ စပြီး ဒီကနေ့အထိ တိုက်ပွဲ ပြင်းထန်နေရာ မတ်လ ၈ ရက်ကနေ ၁၂ ရက်နေ့ အထိ စစ်ကောက်စီတပ်ဘက်က ၉၀ နီးပါး သေဆုံးကာ လက်နက် အများအပြား ရခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

CJ-002

#MeKongNews

#ပင်လောင်းမြို့နယ်

#PNDF-KK

#ပအိုဝ်းပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု