မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင် 29 Mar - 2023
မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

မဲခေါင်၊ မတ် ၂၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ပင်လောင်းမြို့နယ်မှာ စစ်ဘေးရှောင် ပြည်သူတွေ ခိုလှုံနေတဲ့ စခန်းပေါင်း ၂၀ နီးပါးရှိပြီး စခန်းတိုင်းမှာ ဖျားနာသူ ၂၀ နဲ့ အထက်ရှိတယ်လို့ ဆိုပါတယ်။

“အဓိက အအေးမိ နှာစေးတွေ များတယ်။ ရာသီဥတုက အေးလိုက် ပူလိုက် မိုးရွာလိုက် ဆိုတော့ အသက်ကြီးတဲ့ လူနဲ့ ကလေးက များတော့ တုပ်ကွေးတွေက ပိုများပါတယ်။ ပြီးတော့ သွေးတိုးနဲ့ ဆီးချိုတွေလည်း နည်းနည်းရှိတယ်။ ကျွန်တော်တို့ ကတော့ ကွင်းဆင်းပြီး လိုက်ကုပေးနေပေမယ့် လိုအပ်ချက်တွေက အများကြီး ရှိနေသေးတယ်” လို့ စစ်ဘေးရှောင် တွေကို ကျန်းမာရေး စောင့်ရှောက်မှု ကူညီနေတဲ့ ပအိုဝ်းဒေသ ကျန်းမာရေး လုပ်ငန်း ဖော်ဆောင်မှု ကော်မတီ PHWC အဖွဲ့ တည်ထောင်သူ ခွန်စည်သူ က ပြောပါတယ်။

PHWC အဖွဲ့ အနေနဲ့ ကူညီနေပေမယ့်လည်း လူဦးရေကများပြီး အဖွဲ့အနေနဲ့ အမြဲတမ်းနေထိုင် စောင့်ရှောက်မှု မပေးနိုင်လို့ လိုအပ်မှုတွေ ရှိနေတယ်လို့ သူကပြောပါတယ်။

“အခုက ပင်လောင်းမှာ ထိုင်ပြီး ကူနိုင်အောင် ကြိုးစားနေတယ်။ ဆေးဝါးတွေလည်း အများကြီး လိုအပ်နေသေးလို့ ဆက်ရှာနေတယ်” လို့ သူကပြောပါတယ်။

စစ်ဘေးရှောင် စခန်း တစ်ခုမှာ လူ ၃၀၀ ခန့်ရှိနေပြီး အစုလိုက် နေထိုင်ရလို့ တုပ်ကွေးရောဂါ လျှင်မြန်စွာ ကူးစက်ကာ အသက်ကြီးသူတွေ၊ ကလေးတွေနဲ့ ကိုယ်ခံအား နည်းသူတွေ ပြင်းပြင်းထန်ထန် ခံစားရနိုင်တယ်လို့ သူကပြောပါတယ်။

စစ်ဘေးရှောင်တွေထဲက ဖျားနာ ချောင်းဆိုးတာတွေကို ကျန်းမာရေး အဖွဲ့အစည်းတွေက ကုသပေးနေပြီး ကျန်းမာရေး ဆိုးရွားတဲ့ လူတွေကိုတော့ ပင်လောင်းဆေးရုံ ပို့ဆောင် ကုသမှု ခံယူနိုင်အောင် စီစဉ်ပေး နေတယ်လို့လည်း စစ်လေးရှောင် ကူညီနေသူ ပင်လောင်းမြို့ခံ တစ်ဦးက ပြောပါတယ်။

“ဆေးဝါး အကူအညီတွေ လိုအပ်တယ်။ အခုက ဆေးလည်း သိတဲ့ အတိုင်းပဲ ဝယ်ရတာ ဈေးကြီးတော့ ကုန်ကျစရိတ်က များလာတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် ပင်လောင်းမြို့နယ် တောင်ဘက်ပိုင်းဟာ ရေရှားပါးတဲ့ ဒေသ ဖြစ်တာကြောင့် စစ်ဘေးရှောင်တွေ သောက်ရေ၊ သုံးရေ လုံလောက်မှု မရှိဘူးလို့လည်း ပင်လောင်းမြို့ခံ တစ်ဦးက ပြောပါတယ်။

ပင်လောင်းမြို့နယ် တောင်ဘက်စွန်းဒေသမှာ ဖေဖော်ဝါရီ လကုန်ပိုင်းက စပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားလို့ ဒေသခံ ၅,၀၀၀ ကျော်ဟာ ပင်လောင်းမြို့နယ် အတွင်းပိုင်းမှာ ထွက်ပြေး တိမ်းရှောင် နေရတာ ဖြစ်ပါတယ်။

CJ-002

#MeKongNews

#ပင်လောင်းမြို့နယ် #စစ်ဘေးရှောင် #PHWC-အဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ