မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဆေးရေးဂိတ်တွေမှာ ဆန်နဲ့ဆေးဝါး စစ်တပ်ကသိမ်းယူနေလို့ ဒေသခံတွေ ဒုက္ခရောက်နေ

မဲခေါင် 3 May - 2023
မဲခေါင်၊ မေ ၃ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ဆန်၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်း သယ်ဆောင်လာပါက စစ်ကောင်စီဂိတ်က သိမ်းဆည်းမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ မေ ၃

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ဆန်၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်း သယ်ဆောင်လာပါက စစ်ကောင်စီဂိတ်က သိမ်းဆည်းမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်ပန်း- ပင်လောင်း လမ်းမ တစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ကားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး ဆန်နဲ့ဆေးဝါး ပါလာပါက သိမ်းဆည်းနေတာ ဖြစ်တယ်လို့ ပင်လောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

“သူတို့ အဓိက သိမ်းတာ ဆန်နဲ့ဆေးဝါး တွေပေါ့။ တစ်ကိုယ်ရည်သုံး တစ်မိသားစုစာ အဲ့လောက်ပဲ ပေးသယ်တယ်။ ဆေးတွေက အဖါလိုက် ပါလာတာမျိုး ဆိုင်မှာ ပြန်တင်ရောင်းဖို့လိုမျိုးဆို စစ်ကောင်စီတွေက သိမ်းပစ်တယ်ဗျ။ ဆန်ဆိုလည်း သုံးလေးအိတ်ပဲ အများဆုံး ပေးသယ်တယ်။ အဲ့ဒါလည်း ပိုက်ဆံပေးစားရတယ်။ အဲ့ထက်ပိုများရင် သူတို့ သိမ်းတယ်” လို့ ဆန်အိတ် အသိမ်းခံခဲ့ရတဲ့ ပင်လောင်း ဒေသခံက ပြောပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီက အဝတ်အထည်တွေကို အိတ်လိုက် သယ်လာတာတွေ့ရင် သိမ်းဆည်းလာ တယ်လို့လည်း နောက်ထပ် ပင်လောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

“သာမန် အဝတ်အထည်တွေတောင် သိမ်းချင်ရင် သိမ်းနေတာဗျ။ အကြောင်းပြတာတော့ ကရင်နီ စစ်ဘေးရှောင်ကို ကူညီဖို့ ပစ္စည်းတွေ ဖြစ်နိုင်လို့ သိမ်းတာတဲ့။ အမှန်တော့ သူတို့ ပိုက်ဆံ တောင်းစားချင်တာပါ။ လူစိတ်ရှိရင် တစ်ကယ် စစ်ဘေးရှောင်ကို ကူညီတဲ့ အဝတ်အစားဖြစ်လည်း ဂိတ်ပေးဖြတ်သင့်တာပေါ့၊ အခုက ဓာတ်မြေဩဇာ သယ်တာတောင်မှ ပေးစားရတယ်” လို့ သူကပြောပါတယ်။

အဲဒီလို စစ်ကောင်စီဂိတ်က တာဆီး သိမ်းယူမှုတွေကြောင့် ပင်လောင်းမြို့မှာ ကုန်ပစ္စည်းတွေ အရင်ကထက် ဈေးပိုကြီးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆေးတွေ ဆန်တွေက အစ ဈေးပိုကြီးလာတယ်ရှင့်။ အရင် တစ်အိမ် ၄ သောင်းလောက် ပေးရတဲ့ ဆန်က အခု ၅ သောင်းကျော်ကုန်ပြီရှင့်။ ဆေးတွေဆိုလည်း အရင်လို လိုအပ်သလောက် ဝယ်မရတော့ဘူး။ အရေးပေါ် ဆေးဆို ဒီအတိုင်း ဝယ်လို့ မရတော့ဘူး။ ထောက်ခံချက်ပါမှတဲ့၊ စစ်ကောင်စီက ဆေးဆိုင်တွေကို အဲ့လို ပြောထားလို့တဲ့ရှင့်” လို့ ပင်လောင်း ဒေသခံ အမျိုးသမီးက ပြောပါတယ်။

အဲ့ဒီလို သယ်ယူ ပစ္စည်း သိမ်းယူတာတွေကို အောင်ပန်း-ပင်လောင်း လမ်းမပေါ်ရှိ အောင်ပန်းဂိတ်၊ တီကျစ်ဂိတ် နဲ့ ပင်လောင်းဂိတ်တွေက ပြုလုပ်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ဒေသခံ လူထု အခက်အခဲ တွေ့နေပေမယ့် PNO ပါတီနဲ့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့က တစ်စုံတစ်ရာ ဖြေရှင်းပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“PNO မြို့နယ်မှူးတွေဆီကနေ ကျွန်တော်တို့ အခု အခက်အခဲကို ပြောပြပေမယ့် ဖြေရှင်းပေးတာ မတွေ့ရဘူး။ အခု ပင်လောင်းမှာ စစ်ရှောင်လာတာကလည်း ပအိုဝ်းလူမျိုးတွေပဲလေ။ ဒါပေမယ့် သူတို့ မဖြေရှင်းပေးဘူး။ သူတို့လည်း ဗမာစစ်တပ်(စစ်ကောင်စီ)ကို မပြောရဲလို့ ထင်တယ်” လို့ ပင်လောင်းဒေသခံ ခွန်တဝမ်းက ပြောပါတယ်။

စစ်ကောင်စီက ဆန်၊ ဆေးဝါး၊ အဝတ်အထည်တွေ ဖမ်းဆီး သိမ်းဆည်းနေတာကြောင့် ဒေသခံလူထု အခက်အခဲ တွေ့နေရတဲ့ အပေါ် ဖြေရှင်းပေးနိုင်မှု ရှိမရှိ မေးမြန်းဖို့ စစ်ကောင်စီ အဖွဲ့ဝင် PNO ပါတီ ဥက္ကဋ္ဌ ခွန်စံလွင် ကို ဆက်သွယ်ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။

လက်ရှိ ပင်လောင်းမြို့နယ် တောင်ပိုင်းမှာ ရေရှားပါးပြီး စစ်ရှောင်တွေ များပြားနေတာကြောင့် အရေပြား ရောဂါ၊ ရေယုန်၊ ဝမ်းလျှောဝမ်းပျက်တာတွေ ဖြစ်ပွားနေပြီး ဆေးဝါး မပြည့်စုံတာကြောင့် လုံလောက်တဲ့ ဆေးကုသမှု မရရှိကြဘူးလို့ သိရပါတယ်။

CJ-002
#MeKongNews
#ပင်လောင်းမြို့နယ်
#စစ်ဘေးရှောင်
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ