မြန်မာ့နွေဦး

ပင်လောင်းနယ်က စစ်ဘေးရှောင်တွေ ဝမ်းပျက်ဝမ်းလျှော‌ရောဂါ ခံစားနေရ

မဲခေါင် 7 Mar - 2023
မဲခေါင်၊ မတ် ၇ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေ ရေမသန့်လို့ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါတွေ ခံစားနေရတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ မတ် ၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေ ရေမသန့်လို့ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါတွေ ခံစားနေရတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ဒီကနေ့ ပြောပါတယ်။

ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံ အနောက်တကြော စစ်ပွဲနေရာနဲ့ အလှမ်းဝေးတဲ့ ရွာတစ်ရွာမှာ တိမ်းရှောင်သူ ၂၀၀ ဝန်းကျင်ခန့် စောင်နဲ့ အခင်းတွေ မလုံလောက်တာနဲ့ ရေမသန့်တာတွေကြောင့် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်သူ ၁၅ ယောက်ဝန်းကျင်အပြင် အအေးမိ ဖျားနာသူတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တောတောင်ထဲ သစ်ပင်အောက်တွေမှာ တဲလေးတွေထိုးကာ ဖြစ်သလို နေကြရတဲ့ စစ်ရှောင် စုစုပေါင်း ၁၀၀ ဝန်းကျင်မှ ၅ ဦး ဝမ်းပျက်၊ ဝမ်းလျှော စဖြစ်နေတာ တွေ့ခဲ့ရတယ်လို့ ဆိုရပါတယ်။

“တောင်ခြေမှာနေတဲ့ လူ ၁၀၀ နီးပါးက စိမ့်စမ်းရေသောက်တာလို့ ပြောတယ်။ စိမ့်စမ်းရေက မနက်မှ ရေနည်းနည်း စိမ့်ထွက်တဲ့ဟာကို ခပ်တယ်။ ဒါပေမယ့် သူတို့က လူဦးရေများတော့ နောက်ကုန်တယ်ပေါ့နော်။ အောက်မှာ သူတို့က ရေချိုးတဲ့ဟာချိုးတယ်။ ပြီးတော့ ရေမကျိုတာလည်း ပါမယ်ထင်တယ်။ ရေမကျိုတဲ့ အခါကျတော့ လူဦးရေများတဲ့ အခါမှာ ဒီတိုင်း သောက်မိတော့ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာ” လို့ Moebye Rescue Team အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

Moebye Rescue Team အနေနဲ့ တောတောင်တွေထဲက စစ်ရှောင် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ဆေးထိုး၊ ဆေးတိုက်တာတွေ ပြုလုပ်ပေးခဲ့ပြီး ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်တာအပြင် နှာစေး၊ ချောင်းဆိုး တဲ့လူနာတွေနဲ့ သွေးတိုးနေတဲ့ သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ လူနာတွေ များတာကြောင့် ဆေးဝါး မလုံလောက်မှုတွေ ရှိနေပြီး ဆေးဝယ်ယူဖို့အတွက် ခက်ခဲနေရာ သွေးတိုးကျဆေး ဝယ်ယူဖို့ပင် ခက်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာတွေကနေ ပင်လောင်းမြို့ပေါ် တဝိုက် တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေ အနေနဲ့ စောင်၊ အခင်းနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ရှောင် ပြည်သူ တစ်ဦးထံက သိရပါတယ်။

“ကူညီကြတဲ့ လူတွေတော့ ရှိတယ် ဆိုပေမယ့် အခုနေတဲ့ တစ်နေရာတည်းကိုမှ စစ်ရှောင်က ၁၈၀ ကျော်ရှိတယ်။ စောင်က သူတို့ရတဲ့ အလှူငွေလေးနဲ့ ဝယ်လိုက်တာ ၁၅ ထည်ပဲ ရသေးတယ်။ စောင်တွေ၊ ခေါင်းအုံးတွေ၊ နေဖို့နေရာတွေနဲ့ အစားအသောက်တွေ ကူညီပေးစေချင်တယ်ရှင့်” လို့ နေရပ်စွန့်ခွာ စစ်ရှောင်လာရတဲ့ အမျိုးသမီး တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ်မှာ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့တွေ ဖေဖော်ဝါရီ နောက်ဆုံးပတ်က စပြီး အခုချိန်ထိ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေ ဖြစ်ပွားရာ အနီးတဝိုက်မှာရှိတဲ့ တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ လုံးပျဉ်၊ နန်းနိန်၊ ခေါင်းအိနဲ့ ပင်ပုံကျေးရွာက လူဦးရေ ၅,၀၀၀ ကျော် ဝန်းကျင်ဟာ အခုချိန်ထိ နေရပ် မပြန်နိုင်သေးဘဲ စစ်ဘေး တိမ်းရှောင်နေကြရပြီး နေထိုင်၊ စားသောက်ရေး အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေကထံက သိရပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။