မြန်မာ့နွေဦး

ပင်လောင်းစစ်ဘေးရှောင်စခန်းမှာ မိုးကာနဲ့ အဝတ်အစားအကူအညီ လိုအပ်နေ

မဲခေါင် 30 May - 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်လောင်း-ဖယ်ခုံနယ်စပ် ဆောင်လန် စစ်ဘေးရှောင်စခန်းမှာ မိုးကာနဲ့ အဝတ်အစား အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပင်လောင်းစစ်ဘေးရှောင်စခန်းမှာ မိုးကာနဲ့ အဝတ်အစားအကူအညီ လိုအပ်နေ

မဲခေါင်၊ မေ ၃၀

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်လောင်း-ဖယ်ခုံနယ်စပ် ဆောင်လန် စစ်ဘေးရှောင်စခန်းမှာ မိုးကာနဲ့ အဝတ်အစား အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

မေလ ၂၅ ရက်နေ့ကစပြီး ပင်လောင်းမြို့နယ်မှာ နေ့စဥ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် မိုးကာတွေ ဆွေးမြေ့ပျက်စီးလာပြီး မိုးယိုနေတယ်လို့ ဆိုပါတယ်။

ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “မိုးကာက နေပူဒဏ်ကြောင့် ဆွေးလာတာလည်း ပါတာပေါ့၊ သုံးနေတာလည်း ကြာပြီဆိုတော့လေ။ အခုမိုးရွာတော့ ပိုသိသာသွားတာပေါ့။ မိုးကာ တစ်ချပ်ကို ဘယ်လောက်မှမပေးရဘူးဆိုတော့ လှူပေးစေချင်တာပေါ့နော်” လို့ ပြောပါတယ်။

မိုးယိုဒဏ်ကြောင့် အဝတ်အစားတွေ မိုးရေစိုရွှဲတဲ့ဒဏ် ခံရတဲ့အပြင် စစ်ဘေးရှောင်တွေလည်း ညအိပ်တဲ့အချိန်မှာ မိုးမိတဲ့အတွက် ဖျားနာတာတွေ ကြုံနေရပြီး လဲစရာအဝတ်အစားနဲ့ အအေးဒဏ်ကာကွယ်ဖို့အတွက် အနွေးထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တစ်ဦးက “မိုးကအရမ်းသည်းတော့ တချို့ရက်တွေဆို အဝတ်အစားတွေအကုန် လွင့်ထွက်ကုန်တယ်၊ အသုံးအဆောင်ပစ္စည်းတွေရော။ အလှူရှင်ကတော့ မလာတာ ၁ နှစ် ကျော်ပြီ။ လောလောဆယ် မိုးကာ မဝယ်နိုင်သေးလို့ တိပ်နဲ့ ရသလောက် ကပ်ထားတယ်” လို့ ပြောပါတယ်။

ဆောင်လန် စစ်ဘေးရှောင်စခန်းကို ၂၀၂၃ ခုနှစ် အစပိုင်းကတည်းက လူမှုကွန်ယက်အဖွဲ့အစည်း (CSOs)၊ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်း (NGOs) တွေ မလာရောက်တော့တာကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့ နေရပြီး စစ်ဘေးရှောင်တွေအနေနဲ့ ထမင်းမစားရတဲ့ ရက်တွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

အလားတူ မေလ ၂၁ ရက်နေ့ကလည်း ဆောင်လန် စစ်ဘေးရှောင်စခန်းမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် စစ်ရှောင်တဲ ၄ လုံး ပျက်စီးခဲ့ပြီး ပြန်ဆောက်ဖို့ ငွေကြေးအခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

ဆောင်လန်စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၃၅ စု၊ လူဦးရေ ၁၂၅ ဦး နေထိုင်ကြပြီး အားလုံးဟာ ကရင်နီပြည်က တိမ်းရှောင်လာသူတွေဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျိုက်မရော‌ထောင်မှာ အကျဉ်းသားတစ်ဦး ဓါတ်လိုက်ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး လုံလောက်တဲ့ ဆေးကုသခွင့် ရရှိဖို့ နိုင်ကျဥ်းအဖွဲ့အစည်းတွေကတောင်းဆို

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့မှာ မနေ့ ဇွန် ၁၂ ရက်နေ့က ညနေပိုင်းက ကျိုက်မရော‌ အကျဥ်းထောင်မှာ စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနက
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSPP ထုတ်ပြန်

ရှမ်းတောင်၊ မိုင်းကိုင်မြို့နယ်အတွင်းမှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ မနေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ SSPP

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက် မြေပြင်အင်အားဖြည့်ပြီး ရှမ်းမြောက်တခွင် စစ်ရေးပြင်ဆင်နေ

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေကြောင်းနဲ့ ဒရုန်းတပ်ဖွဲ့တွေအပါအဝင် အင်အား ၁၅၀၀ ကျော်ကို လားရှိုးကို ပို့ဆောင်ခဲ့တာအပြင် တန့်ယန်း၊ မိုင်းရယ်ဘက်က စစ်ယာဉ်တန်းတွေနဲ့ အင်အားအများအပြား ပို့ဆောင်ပြီး ကျောက်မဲ၊ သီပေါ၊ နောင်ချိုနဲ့ မူဆယ်တွေမှာ စစ်ရေးပြင်ဆင်မှုတွေလုပ်နေခဲ့တယ်လို့ ဒေသခံတွေနဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

သီပေါ-နမ္မတူ သွား ကားလမ်းကို စစ်ကောင်စီက မြောင်းတူးပြီးဖျက်ဆီး

ရှမ်းမြောက်၊ သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ် သွား ကားလမ်းကို စစ်ကောင်စီက စက်ယန္တရားတွေနဲ့မြောင်းတူးပြီး ဖျက်ဆီးလိုက်တယ်လို့ မျက်မြင်တွေ့သူဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထီဗွာရေဖြူ ကျေးရွာက စစ်ရှောင်ရာက နေအိမ်ပြန်လာတဲ့ အမျိုးသမီးတွေအပါအဝင် ရွာသား ၅၉ ဦးကို စစ်ကောင်စီနဲ့ PNOဖမ်းဆီးထား

ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့နယ်၊ ထီဗွာ(ရေဖြူ)ကျေးရွာက ဒေသခံ အမျိုးသမီးတွေအပါအဝင် ရွာသား ၅၉ ဦးကို စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးထားတာ ၃ရက်ကျော်ကြာသည်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ PNLA က ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပြည်သူဆီက သိမ်းယူထားတဲ့ ပစ္စည်းတွေနဲ့ ပြန်ပြီးထောက်ပံ့နေတယ်လို့ နေရပ်ပြန် စစ်ဘေးရှောင်တွေပြော

လွိုင်ကော်မြို့မှာ ပြည်သူတွေဆီက သိမ်းယူထားတဲ့ပစ္စည်းတွေနဲ့ နေရပ်ပြန် စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ပြန်ပြီးထောက်ပံ့ပေးနေတယ်လို့ တော်လှန်‌ရေးမြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ ဆေးဝါးဈေးနှုန်းမြင့်တက်မှုကြောင့် ကရင်နီစစ်ရှောင်စခန်းတွေမှာ အခက်တွေ့နေ

စစ်ကောင်စီရဲ့အာဏာသိမ်းပြီးကတည်းက စစ်ဘေးတိမ်းရှောင်နေရတဲ့ ကရင်နီဒေသက စစ်ရှောင်စခန်းတွေဟာ သုံးနှစ်နီးပါးရှိလာပြီးတော့ အခုမိုးတွင်းကာလမှာ ဆေးဝါးနဲ့ အခြားလိုအပ်ချက်တွေရှိတယ်လို့ ကူညီဆောင်ရွက်သူတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်ကို စစ်ကောင်စီတပ်က ၈၀ ရာခိုင်နှုန်း ထိန်းထားနိူင်ပြီလို့ ဆိုခြင်းမှာ ဝါဒဖြန့်မှုသာဖြစ်

ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ယက်စာမျက်နှာ (Facebook)နဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဝါဒဖြန့်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now