မြန်မာ့နွေဦး

ပင်လုံကတိကဝတ် ကိုင်စွဲထားတဲ့ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဝဏ္ဏကျော်ထင် ယွက်စစ် နေပြည်တော် သွားရောက်

မဲခေါင် 11 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို အကောင်အထည် ဖော်မှသာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ မကြာခဏ ပြောကြားလေ့ရှိတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဝဏ္ဏကျော်ထင် ယွက်စစ် ဟာ ဒီကနေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့ကနေ လေကြောင်းနဲ့ နေပြည်တော်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေကို အကောင်အထည် ဖော်မှသာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ မကြာခဏ ပြောကြားလေ့ရှိတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဝဏ္ဏကျော်ထင် ယွက်စစ် ဟာ ဒီကနေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့ကနေ လေကြောင်းနဲ့ နေပြည်တော်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန်မှာ စစ်ကောင်စီက ဦးဆောင် ကျင်းပမယ့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ဖို့ အတွက် ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ အဖွဲ့သားတွေဟာ တာချီလိတ်ကနေ နေပြည်တော်ကို တပ်မတော် အထူးလေယာဉ်နဲ့ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

ပင်လုံ ကတိကဝတ်၊ ပင်လုံ စိတ်ဓာတ်နဲ့ ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းကသာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းပြည်အမျိုးသားနေ့မှာ RCSS က ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ချီးမြှင့်ထားတဲ့ ဝဏ္ဏကျော်ထင် ဘွဲ့ရ ဗိုလ်ချုပ်ကြီး ယွက်စစ် ဟာ ပြီးခဲ့သည့် ဇန်နဝါရီလ နှောင်းပိုင်းက နေပြည်တော် သွားရောက်ခဲ့စဉ်ကလည်း ပင်လုံစာချုပ်ကို အကောင်အထည် ဖော်ပေးဖို့ စစ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။

#MeKongNews

#RCSS

#ပင်လုံစာချုပ်

#ဗိုလ်ချုပ်ကြီးယွက်စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။