မြန်မာ့နွေဦး

နှစ်ခြင်းဘာသာဝင် အင်းလူမျိုးတွေနေတဲ့ရွာမှာ စစ်ကောင်စီတပ်ဝင်စွဲဖို့ပြင်၊ တပ်နဲ့မလွတ်လို့ အိမ်တစ်အိမ်ဖယ်ရှားခံရ

မဲခေါင် 9 Mar - 2023
မဲခေါင်၊ မတ် ၉ ညောင်ရွှေမြို့နယ်ထဲက နှစ်ခြင်းဘာသာဝင် အင်းလူမျိုးတွေနေထိုင်တဲ့ ရေဗြုံရွာမှာ စစ်တပ်က တပ်ဝင်စွဲဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေထံကနေ ဒီနေ့သိရပါတယ်။

မဲခေါင်၊ မတ် ၉

ညောင်ရွှေမြို့နယ်ထဲက နှစ်ခြင်းဘာသာဝင် အင်းလူမျိုးတွေနေထိုင်တဲ့ ရေဗြုံရွာမှာ စစ်တပ်က တပ်ဝင်စွဲဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေထံကနေ ဒီနေ့သိရပါတယ်။

အင်းလေးအနောက်ဘက် ညောင်ရွှေ – ခေါင်တိုင်လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ အင်အားတိုးမြှင့်ပြီး ရေဗြုံရွာမှာ စခန်းချဖို့ ပြင်ဆင်နေရာဖြစ်ပြီး သူတို့စခန်းချမယ့်နေရာနဲ့ မလွတ်တဲ့ အိမ်တစ်အိမ်ကို အတင်းအကြပ်‌ ဖယ်ခိုင်းခဲ့တာကြောင့် ‌မနေ့ မတ်လ ၈ရက်နေ့က ဖယ်ပေးခဲ့ရတယ်လို့​ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“ အိမ်ရှင်က သူနေနေတာ ၁၁ နှစ်ရှိပြီဆိုပြီး တောင်းပန်တာ လက်မခံလို့ မနေ့ကပဲဖျက်ပေးလိုက်ရပြီ။ နဂိုလမ်းမပေါ်နေရာကနေပြီး ရွာထဲကိုရွှေ့ဆောက်ပေးလိုက်ရတာပေါ့” လို့ သူက ပြောပါတယ်။

အဲ့ဒီဖျက်ဆီးခံလိုက်ရတဲ့ အိမ်ဟာ နှစ်ထပ်ပျဉ်ထောင်အိမ် ဖြစ်ပြီး လွန်ခဲ့တဲ့ ၃ရက်ခန့်ကတည်းက စစ်တပ်ကဖယ်ရှားပေးဖို့ လာရောက်ပြောနေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကဖြစ်ခဲ့တဲ့ သန်းထောင်‌တိုက်ပွဲကာလကတည်းက အဲ့ဒီလမ်းတလျှောက်မှာ ညောင်ရွှေမြို့ ခေါင်တိုင်လမ်းအဝင်၊ အင်းတိန်ရွာအဝင်နဲ့ ခေါင်တိုင်ရွာတို့မှာ စစ်ဆေးရေးဂိတ် ၃ နေရာဖွင့်ပြီး စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အင်းတိန်ရွာအဝင်မှာ စစ်ကောင်စီအင်အား ၁၀ ယောက်ခန့်က စခန်းချတပ်စွဲထားတာ ၃လခန့်ရှိနေပြီလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ရက်နေ့ ည ၇ နာရီကျော်လောက်မှာ သန်းထောင်ရွာဘက်ကနေ ထွက်လာတဲ့ သေနတ်ပစ်ဖောက်သံကြားရပြီးနောက်ပိုင်း အခုလို စခန်းချဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ရေဗြုံရွာမှာ နေထိုင်သူတွေဟာ နှစ်ခြင်းခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး အေးအေးဆေးဆေးနေကြတာကြောင့် အခုလို စစ်တပ်က လာရောက်အနိုင်ကျင့်တယ်လို့ ခံစားရကြောင်း ရေဗြုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ သန်းထောင်၊ ဘုရားနီနားကျတော့ သူတို့မနေရဲဘူးလေ။ ရေဗြုံကလူတွေက သူတို့ဟာသူတို့ အေးအေးဆေးဆေး နေကြတာဆိုတော့ အတင်းအဓ္ဓမကြီးကို လာလုပ်နေကြတာလေ” လို့ သူကပြောပါတယ်။

ရေဗြုံရွာမှာ နှစ်ခြင်းခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်ကြသူ အင်းသားလူမျိုးတွေသာ နေထိုင်ကြပြီး အိမ်ခြေအနည်းငယ်သာရှိတဲ့ အင်လေးအနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ အရင် NLDအစိုးရလက်ထက်က ကိုးရီးယားနိုင်ငံ နှစ်ခြင်းခရစ်ယာန် သာသနာပြုအသင်းတစ်ခုရဲ့ ထောက်ပံ့မှုကြောင့် ခရစ်ယာန်ကျောင်းတစ်ကျောင်းလည်းရှိပါတယ်။

ညောင်ရွှေမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရာမှာ မျက်နှာစိမ်းသူတွေ၊ သူတို့မသင်္ကာတဲ့သူတွေကိုပိုစစ်ပြီး အကြောင်းပြချက်မရှိပဲ ငွေတောင်းခံတာ၊ ပါလာတဲ့စားစရာ၊ အရက်၊ ဘီယာတွေကို ယူဆောင်တာတွေလည်း စစ်ကောင်စီတပ်သားတွေက ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

CJ – 001

#MeKongNews

#အင်းလူမျိုး

#နှစ်ခြင်းခရစ်ယာန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက