မြန်မာ့နွေဦး

နွေဦးတော်လှန်ရေးဟာ စိတ်ကျေနပ်မှုရှာဖွေရုံမဟုတ်ဘဲ အမြစ်တွယ်နေတဲ့ အာဏာရှင် သရုပ်သကန်ကို ချေဖျက်ဖို့ဖြစ်တယ်လို့ NUG သတိပေး

မဲခေါင် 1 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁ မြန်မာ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ မြန်မာ့ နွေဦး တော်လှန်ရေးဟာ မကျေနပ်မှုတွေ အတွက် စိတ်ကျေနပ်မှု ရှာဖွေရုံ တော်လှန်ပုန်ကန် နေကြတာမျိုး မဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က သတိပေး ပြောဆိုပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

မြန်မာ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲနေတဲ့ မြန်မာ့ နွေဦး တော်လှန်ရေးဟာ မကျေနပ်မှုတွေ အတွက် စိတ်ကျေနပ်မှု ရှာဖွေရုံ တော်လှန်ပုန်ကန် နေကြတာမျိုး မဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က သတိပေး ပြောဆိုပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ ပြည်သူ့နွေဦး တော်လှန်ရေး ၂ နှစ်ပြည့်နေ့ ထုတ်ပြန်ချက်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဖော်ပြထားတာပါ။

“ ခေတ်အဆက်ဆက် အမြစ်တွယ်နေခဲ့သော အာဏာရှင် သရုပ်သကန်ကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် ချေဖျက်မောင်းထုတ်နိုင်ရေး အတွက် ပြင်းပြသော စိတ်အားသတ္တိကို စနစ်ကျသော စုဖွဲ့မှု၊ ပြင်ဆင်မှု၊ စုစည်းညီညွတ်မှုတို့ဖြင့် ပေါင်းစပ်မွမ်းမံကာ ခိုင်မာအားကောင်းစွာ တည်ဆောက်တွန်းလှန်နေသော တော်လှန်ရေး ဖြစ်ပေသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ့နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် လွန်စွာ အရေးပါသော ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေး တစ်ရပ်ဖြစ်တာကို နားလည်သိမှတ်ထားကြဖို့ အရေးကြီးတယ်လို့လည်း NUG က ပြောပါတယ်။

“ ပြည်သူလူထု၏ စဉ်းစားဆင်ခြင် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ မြဲမြံခိုင်ခန့်သည့် သန္နိဌာန်၊ ပိုင်းဖြတ်ပြီးဖြစ်သော ဆုံးဖြတ်ချက် တို့နှင့် အတူ မြန်မာ့နွေဦးတော်လှန်ရေး၏ အသွင်သဏ္ဍာန် အစစ်အမှန် ကို သေချာစွာ သိမြင်နားလည်နိုင်ရေး ကြိုးစားကြရန်နှင့် မြန်မာပြည်သူလူထုနှင့် အတူ ရပ်တည်ပေးကြရန် အားလုံးကို တောင်းဆိုသည်” လို့ အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက ပြည်သူ့ဆန္ဒအမှန်ဖြစ်တဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်လုယူဖို့ ကြိုးစားမှုဟာ ပြည်သူလူထု တစ်ရပ်လုံးက ခေါင်းငုံ့မခံဘဲ ဆန့်ကျင်တော်လှန်ခဲ့တာဟာ ၂ နှစ် ပြည့်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့နွေဦး တော်လှန်ရေးရဲ့ ၂ နှစ်တာကာလအတွင်း ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိနဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတွေကို အရင်းတည်ပြီး တော်လှန်ရေး အုတ်မြစ် အခြေခိုင်ခဲ့ကာ လက်ရှိအချိန်မှာ ဘယ်သူမျှ ဖြိုလှဲ ဖျက်ဆီးပစ်လို့ မရနိုင်တဲ့ ခိုင်မာ အားကောင်းမှု တစ်ခုနဲ့ ရှေ့ဆက်နေပြီလို့ NUG က အသိပေးပါတယ်။

ခေတ်အဆက်ဆက် ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ စစ်အာဏာရှင် အဆက်ဆက်ကို နှစ်ပေါင်းများစွာ အလံမလှဲ စတမ်း ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ တိုင်းရင်းသား မဟာမိတ် အင်အားစုတွေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရဟာ စစ်အာဏာ လုယူမှုကို တိုက်ဖျက်ကာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အနှစ် ၇၀ ကျော်ခဲ့ပြီဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို အပြီးတိုင် ဖြေရှင်းကြမယ် ဆိုတဲ့ တူညီသော ဘုံရည်မှန်းချက်နဲ့ စုစည်းမိနေကြပြီ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲဒီ စုစည်းမှုအင်အားနဲ့ ပြည်သူ့အင်အားတို့ စုပေါင်းကာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ကြဖို့ သန္နိဌာန် ပြုခဲ့ကြပြီးပြီလည်း ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီက အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်တဲ့ စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေ၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး လက်ရှိလည်း ကျူးလွန်ဆဲ ဖြစ်ကာ အဲဒီ ပြစ်မှုတွေမှ ကင်းလွတ်ခွင့်ရဖို့ အတွက် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ တစ်ရပ်ကို ဆင်နွှဲဖို့ ကြိုးစားလျက် ရှိတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ အပါအဝင် အခြားသော ခြေလှမ်းတိုင်း၊ လုပ်ရပ်တိုင်းဟာ ပြည်သူ့ အချုပ်အခြာ အာဏာကို မတရားရယူဖို့ ကြိုးစားတဲ့ အာဏာဖီဆန်မှုမြောက်တဲ့ ဥပဒေချိုးဖောက်မှု တွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ အနေနဲ့ အဲဒီ ဥပဒေချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေ အားလုံးကို တရားဥပဒေ ရှေ့မှောက်သို့ ပို့ဆောင်ပြီး ထိခိုက်နစ်နာခဲ့ရသူ အားလုံးအတွက် တရားမျှတမှုကို ရယူပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ပြည်သူလူထု လိုလားတောင့်တတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပန်းတိုင်ဆီသို့ မယိမ်းမယိုင် ဆက်လက် ဦးတည်ချီတက်သွားမှာ ဖြစ်တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

MK-003

#MeKongNews

#နွေဦးတော်လှန်ရေး

#NUG

#ဖက်ဒရယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။