မြန်မာ့နွေဦး

နွေဦးတက္ကသိုလ်ရဲ့ School of Federalism and Peace Studies အတွက် ပညာသင်ဆုတွေ လျှောက်ထားနိုင်

မဲခေါင် 12 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၂ နွေဦးတက္ကသိုလ် ကျောင်းသား လူငယ်များရဲ့ နိုင်ငံရေး အတွေးအခေါ် စွမ်းရည်တွေ ရင့်သန်လာစေဖို့ ရည်ရွယ်ပြီးတော့ စကောလားရှစ် သင်တန်းတွေ အခု ဇန်နဝါရီလ အတွင်း ဖွင့်လှစ်သင်ကြား ပေးသွားမယ်လို့ School of Federalism and Peace Studies ကထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၂

နွေဦးတက္ကသိုလ် ကျောင်းသား လူငယ်များရဲ့ နိုင်ငံရေး အတွေးအခေါ် စွမ်းရည်တွေ ရင့်သန်လာစေဖို့ ရည်ရွယ်ပြီးတော့ စကောလားရှစ် သင်တန်းတွေ အခု ဇန်နဝါရီလ အတွင်း ဖွင့်လှစ်သင်ကြား ပေးသွားမယ်လို့ School of Federalism and Peace Studies ကထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ရေးရာ အခြေခံ ပညာရပ်များ၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ သဘောတရား၊ လူမျိုးတုန်း သတ်ဖြတ်ခြင်း ဆိုင်ရာ လေ့လာမှု စတဲ့ အကြောင်းအရာတွေကို ကျောင်းသား လူငယ်တွေ ထပ်မံလေ့ လာနိုင်ဖို့ Introduction to Federalism ၊ Introduction to Peace and Conflict ၊ Genocide Studies စတဲ့ စကောလားရှစ် တန်းခွဲတွေ ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

“Spring University Myanmar-SUM (နွေဦးတက္ကသိုလ်) ဆိုတာက တော်လှန်ရေး ကာလမှာ လူငယ်တွေ အနေနဲ့ ပညာသင်ကြားမှု ရပ်တန့်မသွားရအောင်၊ ဝါသနာပါတဲ့ ပညာရပ်တွေကို ဆက်လက်‌ လေ့လာနိုင်အောင် ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်း တစ်ခုဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း CDM သူရဲကောင်းတွေ၊ စစ်ဘေးရှောင် သွေးချင်းတွေဆီ လှူဒါန်းသွားမှာ ဖြစ်တယ်” လို့ Spring University Myanmar တာဝန်ရှိသူက ပြောပါတယ်။

သင်တန်း တက်ရောက်သူတွေ အနေနဲ့ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ သဘောတရားတွေကို လေ့လာကြရမှာ ဖြစ်ပြီး ခေါင်းစဉ် အလိုက် အုပ်စုဖွဲ့ ဒါမှမဟုတ် တစ်ဦးချင်းစီ အပြန်အလှန် ဆွေးနွေးကြရတဲ့ နည်းလမ်းတွေနဲ့ သင်ကြားခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“နွေဦးတက္ကသိုလ်ဟာ အခုနှစ်ထဲမှာ အမေရိကန်ရှိ Arizona State University နဲ့ ပူးပေါင်းကာ ကျောင်းသား ၃၀ ကို ပညာသင်ဆု ပေးအပ်ခဲ့သလို ချင်းမိုင်တက္ကသိုလ်နဲ့ ပူးပေါင်းကာ မြန်မာ ကျောင်းသား ၅ဝဝ ခန့်ကို ပထမဆုံး အကြိမ် သင်တန်းပို့ချဖို့ သဘောတူညီထားတယ်” လို့ Spring University Myanmar တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒီသင်တန်းတွေကို ဖေဖော်ဝါရီလ အတွင်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး သင်တန်းကာလ အနေနဲ့ ၅ ပတ် ကြာမြင့်မှာ ဖြစ်ကာ လျှောက်ထားလိုသူတွေ အနေနဲ့ School of Federalism and Peace Studies မှာ ဝင်ရောက် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။