မြန်မာ့နွေဦး

နွားထိုးကြီးမှာ စစ်တပ်က အမျိုးသား ၃ ဦးကို သတ်ပြီး လမ်းဆုံမှာစွန့်ပစ်သွားရာ ၁ ဦး မသေဘဲ ဆေးရုံမှာ အရေးပေါ်ကုသနေရ

မဲခေါင် 5 Jan - 2023
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး လမ်းဆုံမှာ စွန့်ပစ်သွားခဲ့ရာ တစ်ဦးမှာ အသက်မသေဘဲ ဆေးရုံမှာ အရေးပေါ် ကုသနေရတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေ ထံမှသိရပါတယ်။

ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက နွားထိုးကြီးမြို့နယ်၊ မင်းရွာ အ.ထ.က မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးငြိမ်း၊ အသက် ၂၇ နှစ်အရွယ် ကိုသောင်းတန်နဲ့ အသက် ၂၅ နှစ်အရွယ် ကိုဇော်ထွေးတို့ကို ဖမ်းဆီးကာ ကျောင်းထဲမှာ သတ်ဖြတ်ခဲ့တာလို့ နွားထိုးကြီး သတင်းစုံက ဖော်ပြပါတယ်။

အဲဒီနောက် အလောင်းတွေကို ညပိုင်းမှာ နွားထိုးကြီးမြို့ အရှေ့ဖက် တစ်မိုင်ကျော်ရှိ ဂွေးပင်တော လမ်းခွဲမှာ စွန့်ပစ်ခဲ့ရာ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းမှာ ဒေသခံတွေက တွေ့ရှိခဲ့တာလို့ သိရပါတယ်။

စွန့်ပစ်ခံရသူတွေဟာ လက်ကို ကြိုးတုတ်ခံထားပြီး ဓားဒဏ်ရာ၊ ထိုးကြိတ်ဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေကို ကိုယ်ခန္ဓာပေါ်မှာ တွေ့ရတယ်လို့ သိရပါတယ် 

လို့ နွားထိုးကြီး သတင်းစုံ တာဝန်ရှိသူက ပြောပါတယ်။

အသတ်ရသူ ၃ ဦးအနက် ဦးသောင်းတန်နဲ့ ဦးငြိမ်းတို့ သေဆုံးပြီး ကိုဇော်ထွေးမှာ အသက်မသေလို့ နွားထိုးကြီး ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ သွေးသောက်အဖွဲ့တွေက ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ မကြာခဏ ဆိုသလို ကျူးလွန်နေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချတယ်ဆိုပြီး စစ်ကောင်စီက သတင်းမှားဖြန့်နေတယ်လို့ MNDAA တုံ့ပြန်

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA) တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချတယ် ဆိုတဲ့ သတင်းဟာ စစ်ကောင်စီက
မြန်မာ့နွေဦး

ညောင်လေးပင် တိုက်ပွဲအတွင်း ဘက်ဖိုး အကာအကွယ်နဲ့ တက်လာတဲ့ စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲ ပြင်းထန်နေပြီး မနေ့ မနက်ပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲ အတွင်း စစ်သား

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေလို့ စစ်တပ် ရိက္ခာယာဥ်တန်း ဖရူဆိုမြို့ထဲမှာ သောင်တင်နေ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ တောင်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေလို့ စစ်တပ် ရိက္ခာယာဥ်တန်း ဖရူဆိုမြို့ထဲမှာ သောင်တင်နေတယ်လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေးမှူး ခွန်းဖရန့်စစ် က မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးတက္ကသိုလ်အနီး ရပ်ကွက်တွေမှာ ဧည့်စာရင်းတိုင်ဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေ

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ်အနီးက ရပ်ကွက်တွေမှာ စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး ဧည့်စာရင်းတိုင်ဖို့ လက်ကမ်း စာစောင်တွေ ဖြန့်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း (၁၂) ဖွဲ့စည်းမှု ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တပ်ရင်း (၁၂) ဖွဲ့စည်းမှု ၂ နှစ်ပြည့်အခမ်းအနားကို မနေ့က ကရင်နီပြည်နယ် တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KNDF တပ်ရင်း ၁၂ က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးရွားလာတယ်လို့ SHRF အဖွဲ့ဆို

၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်-SHRF တာ၀န်ရှိသူ Mrs.Ying Leng Harn က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံမြို့က အိမ်ဆောက်ပစ္စည်းဆိုင် ဓားပြတိုက်တဲ့ ရဲတပ်ကြပ် ရဲစခန်းပြန်လာစဥ် ဖမ်းဆီးခံရ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့ပေါ်က အိမ်ဆောက် ပစ္စည်းဆိုင်ကို ဖယ်ခုံမြို့မရဲစခန်းက ရဲတပ်ကြပ် တစ်ဦး စက်တင်ဘာ ၂၈ ရက်က ဓားပြတိုက်တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

အင်းလေးမှာ ဖမ်းဆီးခံထားရတဲ့ မိသားစု နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သပြေပင်သစ် အမှတ် (၃) ကျေးရွာနေ မိသားစုကို စစ်ကောင်စီ ဖမ်းဆီးထားတာ တစ်လကျော် ကြာပြီးနောက် စက်တင်ဘာ ၂၇ ရက်နေ့က နေအိမ်ကိုပါ ချိပ်ပိတ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now