မြန်မာ့နွေဦး

နေပြည်တော်မှာ အင်္ဂါမစုံတဲ့ ကာလုံ အမည်ခံ အစည်းအဝေးကျင်းပပြီး စစ်တပ်အာဏာဆက်သိမ်းဖို့ ဆုံးဖြတ်

မဲခေါင် 31 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၁ နိုင်ငံတော် အာဏာကို မတရား လုယူထားတဲ့ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ အမည်ခံ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပြီး တိုင်းပြည်ရဲ့ အခြေအနေဟာ သာမန် အခြအနေ မဟုတ်ဘူးလို့ သတ်မှတ်ကာ စစ်တပ်က အာဏာ ဆက်သိမ်းထားဖို့ ဆုံးဖြတ် အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၁

နိုင်ငံတော် အာဏာကို မတရား လုယူထားတဲ့ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ အမည်ခံ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပြီး တိုင်းပြည်ရဲ့ အခြေအနေဟာ သာမန် အခြအနေ မဟုတ်ဘူးလို့ သတ်မှတ်ကာ စစ်တပ်က အာဏာ ဆက်သိမ်းထားဖို့ ဆုံးဖြတ် အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ် အာဏာထိမ်းထားတဲ့ ၂ နှစ်ပြည့် ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းမှာ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပြီး လက်ရှိ အခြေအနေဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိတဲ့ သာမန်မဟုတ်တဲ့ အခြေအနေအဖြစ် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်ပုံ အခြေခံ ဥပဒေအရ ကာလုံ အစည်းအဝေးကို (၁)နိုင်ငံတော်သမ္မတ (၂) ဒုတိယသမ္မတ (၃) ဒုတိယသမ္မတ (၄) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ (၅) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ (၆) တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (၇) ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (၈) ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး (၉) နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး နဲ့ (၁၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတို့နဲ့ ကျင်းပရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့ ကျင်းပတဲ့ ကာလုံ အမည်ခံ အစည်းအဝေးမှာတော့ စစ်ကောင်စီရဲ့ ရုပ်သေး ယာယီသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ခဲ့ပြီး ဒုသမ္မတဟင်နီရီဗန်ထီးယူ ပင်ပါဝင်ခြင်း မရှိဘဲ ကာလုံမှာ မပါတဲ့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသီတာဦး တို့ကို အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အဖြစ် တက်ရောက်စေခဲ့တာ တွေ့ရပါတယ်။

ဒီကနေ့ အင်္ဂါမစုံတဲ့ ကာလုံ အစည်းအဝေးမှာ မင်းအောင်လှိုင်က ၂ နှစ်အတွင်း စစ်တပ်လုပ်ခဲ့တဲ့ ကိစ္စတွေကို အစီရင်ခံခဲ့ပြီးနောက် ဆွေးနွေး သုံးသပ်ချက်တွေအရ အကြမ်းဖက်အုပ်စုတွေက နိုင်ငံတော်ကို အလုံးစုံ ပျက်သုဉ်းစေဖို့ ရည်ရွယ် လုပ်ဆောင်မှုတွေ ရှိနေပြီး ဆူပူအကြမ်းဖက်မှုတွေ၊ အဖျက်အမှောင့် လုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိ နေတဲ့အတွက် တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးမှာ သာမန်အခြေ အနေမဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၄၂၅ မှာ သာမန်မဟုတ်တဲ့ အခြေအနေ ဖြစ်ပါက ကာလုံအနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာ ဆက်လက် ပေးအပ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ပုဒ်မ ၄၂၁ (ခ) အရ သမ္မတ အနေနဲ့ စစ်အာဏာသိမ်းမှုကို သာမန်အားဖြင့် တကြိမ်လျှင် ခြောက်လနဲ့ ၂ ကြိမ် သက်တမ်းတိုးလို့ရပြီး လက်ရှိ သက်တမ်း ၂ ကြိမ် တိုးပြီးဖြစ်လို့ စစ်ကောင်စီရဲ့သက်တမ်း ကုန်ဆုံးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပုဒ်မ ၄၂၅ အရ သမ္မတက မဟုတ်ဘဲ ကာလုံ အနေနဲ့ သာမန်အားဖြင့် “တကြိမ်လျှင် ၆ လနဲ့ ၂ ကြိမ် သက်တမ်း တိုးပေးနိုင်တယ်” လို့ ဖော်ပြထားတဲ့ အချက်ကို အသုံးချပြီး ဒီကနေ့ အစည်းအဝေးမှာ စစ်တပ် အာဏာသိမ်းမှုကို ကာလုံ အနေနဲ့ ၆ လ သက်တမ်း ထပ်တိုးပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် “သာမန်အားဖြင့်” ဆိုတဲ့ စကားရပ် ပါရှိနေတဲ့ အတွက် နိုင်ငံရဲ့ အခြေအနေဟာ သာမန် မဟုတ်ဘူးလို့ ကာလုံက ဆုံးဖြတ်နေသရွေ့ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

#MeKongNews

#နေပြည်တော်

#ကာလုံ

#ဦးမြင့်ဆွေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။