မြန်မာ့နွေဦး

နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု ရပ်ဆိုင်းထားစဉ် နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်မှုတွေ ဆက်တိုက်ဖြစ်ပွားနေ

မဲခေါင် 17 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ ရန်ကုန်မြို့ အပါအဝင် နိုင်ငံတဝှမ်းက ရုံးတွေမှာ စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းထားတာကြောင့် ပြည်သူတွေ အခက်တွေ့‌နေပြီး အရေးပေါ် စာအုပ် လိုအပ်သူတွေ နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်ခံနေရတာတွေရှိနေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

ရန်ကုန်မြို့ အပါအဝင် နိုင်ငံတဝှမ်းက ရုံးတွေမှာ စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းထားတာကြောင့် ပြည်သူတွေ အခက်တွေ့‌နေပြီး အရေးပေါ် စာအုပ် လိုအပ်သူတွေ နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်ခံနေရတာတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်က စတင်ကာ နိုင်ငံကူး လက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ် တချို့ကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပြီး အဲ့ဒီ မတိုင်ခင်ကလည်း လိမ်လည်မှုတွေ ရှိခဲ့ပေမယ့် အခုချိန်မှာ လိမ်လည်မှုတွေ ပိုများလာကာ အခြေအနေ ပိုဆိုးလာတယ်လို့ သိရပါတယ်။

“စာအုပ်ထုတ်ပေးတာက အခု လုံး၀ ရပ်ထားတယ်။ ဘယ်သူနဲ့ ပိုင်တယ်၊ ဘယ်သူက လုပ်ပေးနေတာ ဆိုတာတွေ ပြောပြီး လိမ်နေတာတွေ အများကြီး ဖြစ်နေတယ်။ အခုက စာအုပ် အသစ် လုပ်မပေးပေမယ့် ရုံးတွေက ဖွင့်ထားတော့ အရေးတကြီး လိုအပ်နေသူတွေကတော့ လာကြတာပေါ့။ အဲတော့ လိမ်တဲ့သူတွေနဲ့ တွေ့ပြီး အလိမ်ခံရတာတွေ အများကြီး ဖြစ်နေတယ်။ အွန်လိုင်းကလည်း လိမ်တယ်။ နည်းလမ်းပေါင်းစုံပဲ” လို့ နိုင်ငံကူး လက်မှတ် ဝန်ဆောင်မှု ပေးနေသူ တစ်ဦးက ပြောပါတယ်။

မနေ့က ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်ရုံး သွားခဲ့သူတွေကို လူလိမ်အဖွဲ့က ရုံးထဲ ဖုန်းသယ်လို့ မရဘူးလို့ ပြောဆိုကာ သိမ်းယူသွားလို့ ဖုန်း ၁၅ လုံးခန့် ပါသွားတယ်လို့ သူက ပြောပါတယ်။

“လိမ်တာကတော့ အစုံပဲ။ အရင်ကတည်းက လိမ်ကြတာ ခုက ပိုဆိုးတယ်။ Group တွေပါထောင်ပြီး Admin ကိုယ်တိုင်က အလိမ်တွေရှိတယ်။ အမြဲဝင် လေ့လာနေတော့ အလိမ်တွေမှန်း အကြမ်းဖျင်း ခွဲနိုင်တယ်။ အဲ့ဒါကြောင့် အမြဲပို့စ်တင် သတိပေးတယ်” လို့ ဝါရင့် နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှု ပေးနေသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

နိုင်ငံကူးလက်မှတ် လုပ်ဖို့ ကြိုတင် ရက်ချိန်းယူနိုင်တဲ့ QR စနစ်ကို ဒီဇင်ဘာ ၅ ရက်နေ့က စတင် ရပ်ဆိုင်း လိုက်ပြီး QR ရပြီးသူတွေရဲ့ နောက်ပိုင်း လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ကိုင်ပေးခဲ့ ပေမယ့် ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ နိုင်ငံကူး လက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ် အားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီ ၅ ရက်မှာတော့ ရုံးပြန်ဖွင့်ခဲ့ပြီး MOU စာချုပ်ချုပ်ထားသူတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးတွေက လွဲရင် တခြား ကိစ္စနဲ့ စာအုပ်လုပ်သူတွေရဲ့ လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

“ခုက ရုံးက ဝန်ဆောင်မှု ပြန်ပေးရင် ဝင်ဖို့စောင့်ကြသူထဲမှာ နိုင်ငံခြားမှာ အလုပ်ကရပြီးသား Passport မရှိလို့ အလုပ်ကို လက်လွှတ်ရမလို ဖြစ်နေတဲ့သူတွေ၊ ကျောင်းအပ်ထားသူတွေရော အကုန်ဒုက္ခ ဖြစ်နေကြတာ။ အစ်မဆီကို ငိုပြီး လာပြောသူတွေလည်း ရှိတယ်။ အစ်မတို့လည်း ဘာမှ လုပ်ပေးလို့မရနဲ့ တကယ် ရင်နာစရာ ကောင်းတယ်” လို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှု ပေးနေသူက ပြောပါတယ်။

နိုင်ငံကူးလက်မှတ် လိုအပ်နေသူတွေထဲမှာ အလုပ်အကိုင်၊ ပညာရေးအပြင် ကျန်းမာရေး အတွက် နိုင်ငံခြားမှာ ဆေးဝါးကုသမယ့် သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

နိုင်ငံကူး လက်မှတ် လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေကို ယာယီ ရပ်ဆိုင်းထားတယ်လို့ မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်က မနေ့က ထုတ်ပြန်တာကြောင့် လက်ရှိ နိုင်ငံကူး လက်မှတ် ရဖို့ ပိုမို ခက်ခဲလာပြီး ပြည်ပ အလုပ်အကိုင်တွေပါ မရေမရာ ဖြစ်နေတယ်လို့ သိရပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။