မြန်မာ့နွေဦး

နယ်မြေ မအေးချမ်းတဲ့အပြင် သကြားစက်ရုံတွေက အကျိုးတူ လယ်ယာစနစ်ကို ဖျက်သိမ်းလိုက်တာကြောင့် ကြံ စိုက်ဧက လျော့နည်း

မဲခေါင် 24 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၄ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ ကြံကို စီးပွါးဖြစ်စိုက်ပျိုးသူနည်းလာတာဟာ နယ်မြေမအေးချမ်းတဲ့အပြင် သကြားစက်ရုံတွေက အကျိုးတူလယ်ယာစနစ်ဖျက်သိမ်းမှု​တို့ကြောင့်လို့ စစ်ကိုင်းတိုင်းရှိ တောင်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီလ ၂၄

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ ကြံကို စီးပွါးဖြစ်စိုက်ပျိုးသူနည်းလာတာဟာ နယ်မြေမအေးချမ်းတဲ့အပြင် သကြားစက်ရုံတွေက အကျိုးတူလယ်ယာစနစ်ဖျက်သိမ်းမှု​တို့ကြောင့်လို့ စစ်ကိုင်းတိုင်းရှိ တောင်သူတွေက ပြောပါတယ်။

အရင်နှစ်တွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြံ စိုက်ဧက ၅ သိန်းကျော်ရှိခဲ့ရာကနေ လက်ရှိမှာတော့ ဧက ၄ သိန်းကျော်သာ စိုက်ပျိုးမှုရှိပါတယ်။

သကြားစက်ရုံတွေက ဈေးကောင်းပေးဝယ်တယ် လို့ဆိုပေမယ့် စိုက်ပျိုးစရိတ် မြင့်တက်မှုတွေကြောင့် အမြတ်ကျန်ရှိတာ နည်းလာတာလို့လည်း သိရပါတယ်။

“ အလယ်ပိုင်းဒေသတွေမှာ ကြံကိုစီးပွားဖြစ် မစိုက်တော့ဘူး။ သူတို့ပေးတဲ့အရင်းနှီးနဲ့ ကုန်ကျစရိတ်က မကိုက်ဘူး။ နောက် သူတို့သတ်မှတ်တဲ့ ဈေးနဲ့ဘဲ ဝယ်တယ်။ ကိုယ့်အနီးနားမှာရှိတဲ့ သကြားစက်ကိုပဲ ရောင်းလို့ရတော့ သူတိုက စင်ပေါ်ကပဲ။ အခုလို နယ်မြေမအေးချမ်းတော့ နှစ်ရှည်သီးနှံတွေကို မစိုက်ချင်ကြတာလည်း ပါမယ်။ တောင်သူရှုံးနေတာကိုသိတော့ သူတို့က အကျိုးတူ လယ်ယာစနစ်ကို မလုပ်ချင်ကြတော့ဘူး” လို့ စစ်ကိုင်းတိုင်း ကြံစိိုက်တောင်သူတစ်ဦးက ဆိုပါတယ်။

ကြံစိုက်ပျိုးရာမှာ စိုက်စရိတ်မြင့်တက်တာ သွင်းအားစုဈေးမြင့်တက်မှုတွေကြောင့် တောင်သူတွေ တွက်ချေမကိုက်ဘဲ တခြားသီးနှံ အစားထိုးစိုက်ပျိုးလာ​ကြတာကြောင့် ကြံအထွက်နှုန်းလျော့နည်းပြီး သကြား စျေးမြင့်တက်လာတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ကြံစိုက်ရာသီအတွင်း သကြားစက်ရုံတွေက ကြံ တစ်တန် ကို ကျပ် ၉ သောင်းဈေးဖွင့်ပေးထားပေမယ့် အဲ့ဒီ ဈေးနှုန်းက တောင်သူတွေ တွက်ချေမကိုက်ဘူးလို့လည်း သိရပါတယ်။

“ ထွက်နှုန်းနည်းရင် ဈေးတက်တာက သဘာဝပဲ။ ကြံစိုက်သူနည်းလာတယ်၊ အဓိကတော့ အကျိုးတူလယ်ယာစနစ်ကို ပြန်ပြီးအသက်သွင်းမှ အဆင်ပြေနိုင်မယ်။ တောင်သူက စက်ရုံကဝယ်မှာလား၊ ဘယ်ဈေးပေးမှာလည်း မသိရင် မစိုက်ဘူး။ ဒါဆို သကြားအထွက်နှုန်းနည်းမယ်၊ ပြည်ပတင်ပို့မှု လျော့နည်းမယ်လို့” သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။

ပြည်ပနိုင်ငံတချို့က သကြားဝယ်ယူရန်ကမ်းလှမ်းမှုတွေ ရှိပေမယ့် ရောင်းချနိုင်ခြင်း မရှိသေးဘူးလို့ သတင်းထွက်ပေါ်ပြီး ကုန်သည်တချို့ရဲ့ စျေးဆွဲတင်မှုကြောင့် သကြားဈေး တစ်ပိဿာကို ၂၇၀၀ ကျပ် ထိဖြစ်နေတယ်လို့ သိရပါတယ်။

ကြံ ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ စစ်ကိုင်းတိုင်း နဲ့ ပဲခူးအရှေ့ခြမ်း၊ အနောက်ခြမ်းတွေမှာ အဓိကစိုက်ပျိုးပြီး တိုက်ပွဲအခြေအနေတွေကြောင့် ပိတ်ထားတဲ့ သကြားစက်တွေလည်း ရှိတယ်လို့ သိရပါတယ်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ ပြည်ပကို သကြားတန်ချိန် နှစ်သိန်းဝန်းကျင်လောက် တင်ပို့ထားတယ်လို့လည်း သကြားအသင်းက သိရပါတယ်။

လက်ရှိမှာ ဗီယက်နမ်နိုင်ငံ တစ်ခုတည်းကိုပဲ မြန်မာ့သကြား တန်ချိန် ၄ သောင်းခွဲ တင်ပို့ရောင်းချဖို့ စာချုပ်ချုပ်ဆိုထားပြီး တန်ချိန် ၅၀၀၀ လောက်သာ တင်ပို့ရသေးတယ်လို့ သိရပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။