မြန်မာ့နွေဦး

နယ်စပ်တည်ငြိမ်ရေး တရုတ်နဲ့လက်တွဲမှာဖြစ်ပြီး ပြည်တွင်းရေးမှာလည်း တရုတ်ရဲ့ကြားဝင်မှုကို မြောက်ပိုင်းမဟာမိတ်တွေ အထူးကြိုဆို

မဲခေါင် 16 Mar - 2023
မဲခေါင်၊ မတ် ၁၆ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး အတွက် တရုပ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ တရုတ်ရဲ့ ကြားဝင် ဆောင်ရွက်မှုတွေကို ထောက်ခံ ကျေးဇူးတင်တယ်လို့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တွေက ဒီကနေ့ ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၁၆

တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး အတွက် တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုတွေကို ထောက်ခံ ကျေးဇူးတင်တယ်လို့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေက ဒီကနေ့ ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ-FPNCC လို့ အမည်တပ်ထားတဲ့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ‘ဝ’ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ မတ်လ ၁၅ နဲ့ ၁၆ ရက်နေ့မှာ အစည်းအဝေး ကျင်းပပြီးနောက် ဒီကနေ့ ညပိုင်းမှာ အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တရုတ်နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အများစု ပါဝင်တဲ့ FPNCC ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူး ကိုယ်စားလှယ် မစ္စတာDeng Xijin နဲ့ တရုတ်နိုင်ငံ အတွင်း တွေ့ဆုံမှုတွေလည်း ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွေမှာ တရုတ် အထူး ကိုယ်စားလှယ် မစ္စတာ Deng Xijin ဟာ FPNCC အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံထားပါတယ်။

FPNCC မှာ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA) ခေါ် မိုင်းလား၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)- ကိုးကန့်အဖွဲ့၊ ရက္ခိုင့်တပ်တော် (AA) အပြင် မြန်မာနိုင်ငံ အမှန်တရားနှင့်တရားမျှတသောပါတီ ဆိုတဲ့ အဖွဲ့သစ်လည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#MeKongNews

#ပန်ဆန်း

#FPNCC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။