မြန်မာ့နွေဦး

နမ့်နိန်းနဲ့ဘောရန် တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၃ ဦးအတွက် ၀မ်းနည်းဂုဏ်ယူကြောင်း KNDF ထုတ်ပြန်

မဲခေါင် 19 Mar - 2023
မဲခေါင်၊ မတ် ၁၉ ပြီးခဲ့တဲ့ ဖေဖော်၀ါရီ နှောင်းပိုင်းကနေ လက်ရှိအချိန်ထိ ရှမ်း-ကရင်နီ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ နမ့်နိန်းနဲ့ ဘောရန် တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၃ ဦးအတွက် ဝမ်းနည်း ဂုဏ်ယူတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -KNDF က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ မတ် ၁၉

ပြီးခဲ့တဲ့ ဖေဖော်၀ါရီ နှောင်းပိုင်းကနေ လက်ရှိအချိန်ထိ ရှမ်း-ကရင်နီ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ နမ့်နိန်းနဲ့ ဘောရန် တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၃ ဦးအတွက် ဝမ်းနည်း ဂုဏ်ယူတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -KNDF က ထုတ်ပြန်ပါတယ်။

ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်- KNDF/B-11 က ရဲဘော် ဒေါမိနစ်တုန်ဟာ နမ့်နိန်းကျေးရွာအနီး စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးနောက် မတ်လ ၁၃ ရက်နေ့က ကျဆုံးခဲ့ပါတယ်။

အလားတူ ဘော်ရန်တောင် တိုက်ပွဲအတွင်း KNDF/B-11 ရဲဘော် အောင်မင်းနဲ့ ရဲဘော် မင်းအောင်တို့ဟာ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ရင်း မတ်လ ၁၅ ရက်မှာ ကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ရဲဘော်ဒေါမိနစ်တုန်၊ ရဲဘော် အောင်မင်းနဲ့ ရဲဘော်မင်းအောင် တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖက်ဒရယ် ဒီမိုကရေစီရရှိအရေး ကြိုးစားတိုက်ပွဲ၀င်ခဲ့တာကြောင့် များစွာ၀မ်းနည်းရပြီး KNDF/B-11 အနေနဲ့ သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင် အလေးနီပြုတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်၀ါရီလ‌နှောင်းပိုင်းကတည်းက စစ်ကောင်စီ၊ PNO ပအို၀်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေနဲ့ လက်ရှိချိန်ထိတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သယ်ယူပို့ဆောင်ရေးအတွက် စက်သုံးဆီတွေ အရေးပေါ် လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ်လ ၁၆ ရက်အထိ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဘက်က စစ်သား ၄၅ ဦးခန့်သေပြီး လက်နက်ခဲယမ်း အများအပြားကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲတွေကတော့ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

MK-007

#MeKongNews

#ကရင်နီပြည်

#KNDF

#ကျဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက