မြန်မာ့နွေဦး

နနွင်းတက်များ ဈေးမြင့်ပေးဝယ်နေသော်လည်း ရောင်းသူနည်းပါးနေ

မဲခေါင် 9 Mar - 2024
ရှမ်းပြည်နယ်တောင်ပိုင်းက သီးနှံထွက်ကုန်တစ်မျိုးဖြစ်တဲ့ နနွင်းတက်မှာ လတ်တလောဈေးကွက်တွင် အဝယ်လိုက်နေသော်လည်း ရောင်းသူ မရှိဖြစ်နေတယ်လို့ အောင်ပန်းနဲ့ပင်လောင်း နနွင်းစိုက် တောင်သူနဲ့ အောင်ပန်းပွဲရုံတွေဆီက သိရပါတယ်။

မဲခေါင်၊ မတ် ၉

ရှမ်းပြည်နယ်တောင်ပိုင်းက သီးနှံထွက်ကုန်တစ်မျိုးဖြစ်တဲ့ နနွင်းတက်မှာ လတ်တလောဈေးကွက်တွင် အဝယ်လိုက်နေသော်လည်း ရောင်းသူ မရှိဖြစ်နေတယ်လို့ အောင်ပန်းနဲ့ပင်လောင်း နနွင်းစိုက် တောင်သူနဲ့ အောင်ပန်းပွဲရုံတွေဆီက သိရပါတယ်။

နနွင်းတက်တွေရဲ့ အမျိုးအစားနဲ့အရောင်အပေါ်မှာ မူတည်ပြီး ဈေးနှုန်းကွာဟာမှုနဲ့ ဈေးကွက်ရလိုမှု ကွာခြားတယ်လို့ သိရပါတယ်။

အဖြူက ဈေးနဲတယ်၊ အနီက ဈေးမြင့်တယ်၊ ဒါပေမယ့် အဖြူက ဥပွားများတယ်၊ အနီက နဲတယ်၊ ဈေးက တစ်ထောင်လောက်ကွာတတ်တယ်လို့ လဲသက်အုပ်စု၊ မိုင်းပျဉ်းရွာက နနွင်းစိုက်တောင်သူ တစ်ဦး က မဲခေါင်ကိုပြောပါတယ်။

လတ်တလော အောင်ပန်းပွဲရုံရောက်ဈေးမှာ သာစည်ဆင်တောင် ခေါင်းပါ ၄၅၀၀ ကျပ်၊ ဆင်တောင်ခေါင်းလွတ်(ရှယ်စ) ၆၅၀၀ ကျပ်၊ အောင်ပန်း၊ ကမ်းဘားနီ ခေါင်းအပါ ၄၅၀၀ ကျပ်၊ ပေါင်းလောင်းနနွင်း ၃၅၀၀ ကျပ်၊ တီကျစ်တောင်ဘို့လ(ရှယ်စ) ခေါင်းအပါ ၆၈၀၀ ကျပ်နဲ့နနွင်းတက်အညံ့စ(ခြင်ဆေးထွန်း) ၄၇၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။

ခေါင်းဆိုတာက ပြန်စိုက်တဲ့ မျိုးကိုပြောတာ၊ အဲဒါဖယ်ပြီးရောင်းရင် တစ်ဈေးပေါ့၊ ကျမတို့က အဓိကပြောင်းစိုက်တာ၊ နနွင်းကိုတော့ အရန်စိုက်တာ၊ အရင်းက ၁ ပိဿာ ၆၀၀ မှာ ဥခူးရင် ဆာလာဝက်လောက်ပြန်ရတယ်၊ ဈေးရရင်တော့ ကိုက်ပါတယ်လို့ တောင်သူ နန်းရီဝင်းက ပြောပါတယ်။

နနွင်းကို ၅ လ ပိုင်းတွင် စတင်စိုက်ပျိုးပြီး ပေါင်းရှင်းတာကလွဲလို့ ပစ်ထားလို့ရပြီး စောရင် ၁၁လပိုင်း နဲ့ နောက်ကျရင် ၁ လပိုင်းတွေမှာ ဖော်ရောင်းကြတယ်လို့ သူကပြောပါတယ်။

နနွင်းကို ရှမ်းတောင်ပင်လောင်း၊ တီကျစ်ဘက်မှာ အဓိက စိုက်ပျိုးပြီး ပင်းတယ၊ ရွာငံနဲ့ သာစည်ရှမ်းနယ်အစပ် ဆင်တောင်မှာ အများ ဆုံးစိုက်ပျိုးကြကာ ယခုနှစ်တွင် ဈေးတက်နိုင်သည့်အတွက် တောင်သူတွေ ကုန်ထိန်းကိုင်ထားနေကြသလို နယ်မြေအခြေအနေအရ သွား လာရေးမလွယ်ကူတဲ့နေရာတွေနဲ့ ဂိတ်ကြေးတွေကြောင့် လာရောက်ဝယ်ယူတာကိုပဲ စောင့်နေကြတယ်လို့ သိရပါတယ်။

ယခင်နှစ်များက နနွင်း ၁ ပိဿာ ကျပ် ၂၀၀၀ ကျော်သာရှိခဲ့သော်လည်း ယမန်နှစ်တွင် ဈေးအမြင့်ဆုံး ၄၇၀၀ ကျပ်အထိရရှိခဲ့ပြီး နောက်ယခုနှစ်တွင် ဈေးမြင့်ပေးပြီး ကုန်ချိန် အကန့်အသတ်မရှိ ဝယ်လိုသော်လည်း တောင်သူများ မရောင်းချသေးပဲဈေးကိုစောင့်ကြည့်နေကြကြောင်း
အောင်ပန်းပွဲရုံတွေဆီက သိရပါတယ်။

အဆိုပါ နနွင်းတက်ကို မီးဖိုချောင်သုံးအပြင် ဆေးဝါးကုန်ကြမ်းအတွက် ပြည်တွင်း ရန်ကုန်၊ မန္တလေးက အဓိကဝယ်ယူကာ ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံတွေကို နယ်စပ်ကုန်သွယ်ရေးက တဆင့်ပေးပို့ရောင်းချ နေကြတယ်လို့ သိရပါတယ်။

MK-012

MeKongNews

နနွင်း

ဈေးကောင်း

ရောင်းသူနည်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now