မြန်မာ့နွေဦး

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှု သတင်းပေါက်ကြားလို့ နေပြည်တော် အကျဉ်းဦးစီး ညွှန်ချုပ် ထုတ်ပယ်ခံရ

မဲခေါင် 14 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၄ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု သတင်းပေါက်ကြားတာနဲ့ ပတ်သက်ပြီး နေပြည်တော် အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်မင်း ကို ရာထူးမှ ထုတ်ပယ်ကာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မဲခေါင်သတင်းဌာနမှ စုံစမ်း သိရှိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၄

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှု သတင်းပေါက်ကြားတာနဲ့ ပတ်သက်ပြီး နေပြည်တော် အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်မင်း ကို ရာထူးမှ ထုတ်ပယ်ကာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မဲခေါင်သတင်းဌာနမှ စုံစမ်း သိရှိရပါတယ်။

ဇူလိုင်လ ၉ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နေပြည်တော်သို့ အထူးလေယာဉ်နဲ့ လျှို့ဝှက် ရောက်ရှိလာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ တို့နဲ့ တွေ့ဆုံခဲ့သလို နေပြည်တော်ထောင်မှာ အကျဉ်းချ ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

“ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာတဲ့ သတင်းနဲ့ ပတ်သက်ပြီး သတင်းဌာနတွေ သတင်းရတာတွေရှိတယ်။ ဒီလို သတင်းမျိုးက အတွင်းထဲက ထွက်လာတော့ ခေါ်ကြိတ်တဲ့ သဘောပါ။ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ ဒီလိုမျိုး အနားပေးတာ၊ ပြောင်းရွှေ့တာတွေက လုပ်နေကြပါ။ လက်ရှိမှာတော့ တရားဝင် စာထုတ်တာတွေတော့ မကြားမိသေးဘူး” လို့ အကျဉ်းဦးစီးဌာန အရာရှိကြီး တစ်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ သတင်းကို စစ်ကောင်စီက မထုတ်ပြန်ပေမယ့် မီဒီယာ တချို့မှာ ဖော်ပြခဲ့သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကလည်း နေပြည်တော်ကို နေ့ချင်းပြန် သွားရောက်ခဲ့တယ်လို့ ကနဦး ပြောကြားခဲ့ပြီးနောက် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော် လာရောက်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ ဦးထဲ သီးသန့် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁၃ ရက်နေ့က ဝန်ခံပြောကြားခဲ့ပြီးနောက် အခုကဲ့သို့ နေပြည်တော် အကျဉ်းဦးစီးညွှန်ချုပ်ကို ရာထူးမှ အနားပေးပြီး စစ်ဆေးနေတယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နေပြည်တော် အကျဉ်းဦးစီးညွှန်ချုပ် ဦးဇော်မင်း ဟာ ၂၀၂၀ ခုနှစ်က စတင်ပြီး လက်ရှိအချိန်ထိ အဆိုပါ ရာထူးကို စစ်ကောင်စီက ပေးအပ်ထားတာဖြစ်ပြီး ယခင်အကျဉ်းဦးစီး ညွှန်ချုပ် ဦးမြင့်စိုးကို ၂၀၂၀ ခုနှစ်မှာ အနားပေးခဲ့တာဖြစ်ပါတယ်။

MK-005

#MekongNews

#နေပြည်တော်

#ဒေါ်အောင်ဆန်းစုကြည်

#ထိုင်းနိုင်ငံခြားရေးဝန်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီအမြောက်တပ်က ကျေးရွာအတွင်း လက်နက်ကြီးအထိုင်ချ ရမ်းသမ်းပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ကျုးမုံ့ရွာနဲ့ဟွေးတက်ရွာ ဘုန်းကြီးကျောင်းတွေမှာ လက်နက်ကြီးအထိုင်ချပြီး မဲနယ်တောင်ဘက်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်နေတယ်လို့
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြန်မာနိုင်ငံသားတွေ တရားမဝင်နည်းလမ်းနဲ့ ဝင်လာရင် အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်ဆို

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက တရားဝင် လာရောက်မယ့် မြန်မာတွေကို ကြိုဆိုမှာဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေ ကိုတော့ ဥပဒေအရ အရေးယူသွားရမှာပဲလို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့မှာ တိုက်ပွဲရှောင် မိသားစုလိုက် ဒဏ်ရာတွေနဲ့ ပိတ်မိနေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် ခြံအတွင်းပုန်းခိုနေတဲ့ ၁၀ ဦးပါ မိသားတစ်စုအနက် ၅ ဦးဒဏ်ရာရနေပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အာဆီယံနိုင်ငံတွေထဲမှာ “စစ်ကောင်စီတပ် အယုတ်မာဆုံး” လို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ပြော

စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေဟာ အာဆီယံနိုင်ငံတွေအတွင်း “အယုတ်မာဆုံး ဖက်ဆက်စစ်တပ်” လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ အပြင်းအထန်ဝေဖန် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PPDF-KD က တပ်သားသစ်တွေ ခေါ်ယူနေ

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD က တပ်နယ် (၁) သုဝဏ္ဏဘူမိသထုံဒေသနဲ့ တပ်နယ် (၂) ဘားအံဒေသ တို့အတွက် တပ်ဖွဲ့ဝင်အသစ်များကို စတင်လက်ခံခေါ်ယူနေပြီလို့ ထုတ်ပြန် ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အမျိုးသားလွတ်မြောက်ရေးတပ်တော် စစ်အခြေခံသင်တန်းဆင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရှူးမြို့ အဝင်အထွက်တွေကို SSPP ပိတ်ဆို့ထား၊ လိုင်းကားတွေ လူတင်ပြီး မြို့ပြင်ထွက်ခွင့် မရ

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မြို့အဝင်အထွက်တွေကို ပိတ်ဆို့ထားပြီး လိုင်းကားမောင်းတဲ့သူတွေဟာလည်း လူတင်ခွင့်မရဘူးလို့ မိုင်းရှူးမြို့ခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ရင် နေအိမ်ဥစ္စာတွေ သိမ်းဆည်းမယ်လို့ RCSS ထုတ်ပြန်

ရှမ်းပြည်အတွင်း နေထိုင်တဲ့ဒေသခံပြည်သူ မည်သူမဆို နိုင်ငံခြားကို မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာတွေကိုသိမ်းဆည်းသွားမယ်လို့ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS က ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now