ကမ္ဘာ့သတင်း

ဒေါ်နယ်ထရမ့်ရဲ့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့် ပြန်ဖွင့်ပေးတော့မယ်

မဲခေါင် 26 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့် တွေပိတ်ပင်ထားမှုကနေ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်ဖွင့်ပေးတော့မယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ Meta က အတည်ပြုကြေညာပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့် တွေပိတ်ပင်ထားမှုကနေ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်ဖွင့်ပေးတော့မယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ Meta က အတည်ပြုကြေညာပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးဆဲကာလနဲ့ ရွေးကောက်ပွဲ အပြီးမှာ သူ့ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့်တွေကနေ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေ ဆက်တိုက်သုံးစွဲ ဝေဖန်တိုက်ခိုက်လို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က အကောင့်နှစ်ခုစလုံး ၂ နှစ်နဲ့ ၁ လ ကြာ ပိတ်ပင်ခံလိုက်ရတာဖြစ်ပါတယ်။

အီလွန်မာ့ခ် ပိုင်ဆိုင်သွားပြီးနောက် တွစ်တာက ထရမ့်ရဲ့ အကောင့်ကို ပြန်ဖွင့်ပေးခဲ့ပြီးဖြစ်သလို အခုလည်း Meta ဘုတ်အဖွဲ့က ထရမ့်ရဲ့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်အကောင့်ကို အရေးယူပိတ်ပင်မှုပြည့်ပြီးနောက် ကြမ်းတမ်းရိုင်းစိုင်းခဲ့တဲ့ စကားလုံးတွေဖြုတ်ပြီး ပြန်ဖွင့်ပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။

သူတို့ လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ပွင့်လင်းမြင်သာမှုရှိရုံနဲ့မရဘဲ တာဝန်ခံမှုရှိတဲ့ အရေးအသား၊ အပြောအဆိုတွေကို နောက်လူတွေ ပိုမိုနားလည် သိရှိစေဖို့ ထရမ့်ကို အရေးယူခဲ့တာဖြစ်ကြောင်း၊ အခု အရေးယူကာလပြည့်တော့မှာမို့ ပြန်ဖွင့်ပေးဖို့ ဆုံးဖြတ်ကြောင်း Meta ဘုတ်အဖွဲ့က ကြေညာပါတယ်။

ထရမ့်ကတော့ Meta ကို နောက်နောင် လက်ရှိသမ္မတထိုင်ခုံပေါ်ထိုင်နေတဲ့သူကို ဘယ်တော့မှ ဒီလိုထပ်မလုပ်မိ စေဖို့နဲ့ မထိုက်တန်တဲ့ ပိတ်ပင်မှုတွေကို ဘယ်လိုလူသားမျိုးကိုမှ မလုပ်သင့်ဘူးလို့ တုံ့ပြန်ပြောကြားထားပါတယ်။

MKF-001

#အမေရိကန်သမ္မတထရမ့် #Meta

#Mekongnews

Ref:bernam

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီက MNDAA ဆီ အရာရှိတွေအပါအဝင် ၃၁၇ ဦး လက်နက်ချခဲ့လို့ MNDAA ဆို

ရှမ်းမြောက် လားရှိုးတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် ၃၁၇ ဦး လက်နက်ချအလင်းဝင်လာတယ်လို့ ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက MNDAA
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုး က ခလရ-၆၈ တပ် ကို MNDAA တပ်တွေ သိမ်းပိုက်

ရှမ်းမြောက်၊ လားရှိုးမြို့က ခံစစ် တပ်တစ်တပ်ဖြစ်တဲ့ ခလရ-၆၈ ကို ဒီနေ့မနက် ပိုင်းမှာ MNDAA က သိမ်းပိုက်လိုက်လိုက်နိုင်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆည်ခေါင်းမှာ စစ်ဘေးရှောင်တွေကို ဖုန်းတွေ သိမ်းဆည်းပြီး အမျိုးသမီးတွေကို ကာယအိန္ဒြေပျက်စီးတဲ့အထိ စစ်ဆေးနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့အနီး၊ ဆည်ခေါင်းကျေးရွာမှာ စစ်ဘေးရှောင်တွေကို ဖုန်းနဲ့ ငွေကြေးတွေ သိမ်းဆည်းပြီး အမျိုးသမီးတွေကိုလည်း ကာယအိန္ဒြေပျက်စီးတဲ့အထိ စစ်ဆေးနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆိုင်ကယ်မောင်းနှင်လာတဲ့ ကျောက်မဲဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်

ရှမ်းမြောက်၊ ကျောက်မဲမြို့မှာ ဆိုင်ကယ် ၂ စီးနဲ့ မောင်းနှင်လာတဲ့ ဒေသခံ ၄ ဦးကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်သားတွေက မေးမြန်းတားဆီးမှုမရှိဘဲ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ TNLA က ဒီနေ့ ဇူလိုင် ၂၃ မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်ပြီး စစ်ဘေးရှောင်တွေ တိုးလာလို့ စံကားမြို့က ကူညီကယ်ဆယ်ရေး အခက်အခဲ ဖြစ်လာ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့ အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေမှာ စစ်ဘေးရှောင်တွေ တိုးလာတဲ့အတွက် အခက်အခဲတွေဖြစ်လာနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင် ငွေလိမ်လည်မှုတွေ ကြုံနေရ

ရှမ်းမြောက်က စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင်ပြီး ကားခ လိမ်ညာယူမှုတွေ၊ စျေးညှိသဘောတူပြီးမှ ငွေပိုပေးတဲ့သူနောက်ကို လိုက်သွားတာတွေ၊ ပြောတဲ့စျေးနဲ့တင်လာပြီးမှ လမ်းခရီးမှာစျေးပိုတောင်းတာတွေကြောင့် စစ်ဘေးရှောင်ဒုက္ခအပေါ် ကိုယ်စိတ်ဒုက္ခတွေ ထပ်မံရရှိမှုတွေ ဖြစ်စေနေတယ်လို့ ယင်းဒုက္ခတွေကို တွေ့ကြုံခံစားခဲ့ရတဲ့ ကာယကံရှင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

အစိုးရအလုပ်ခွဲတမ်းသတ်မှတ်ချက် အများစု ပယ်ဖျက်ပေမယ့် ဘင်္ဂလားဒေ့ရှ်ကျောင်းသား ဆန္ဒပြမှု မရပ်ဆိုင်းသေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ ၂၀၁၈ ခုနှစ်က တင်သွင်းတဲ့ ဘွဲ့ရပြီး အစိုးရအလုပ်အကိုင် ခန့်ထားမှုမှာ တော်လှန်ရေးစစ်ပြန်ဟောင်း မိသားစုဝင်တွေိကို ရာခိုင်နှုန်းသတ်မှတ် ခန့်အပ်ဖို့အစီအစဉ် ပြန်လည် အသက်သွင်းလာလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ဇူလိုင် ၂၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မင်းအောင်လှိုင် ယာယီ သမ္မတ လုပ်မယ်

မဲခေါင်၊ ဇူလိုင် ၂၂ ကျန်းမာရေးမကောင်းတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ရာထူးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့မှာ လွှဲပြောင်းရယူလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆေးခွင့်ယူထားတဲ့ ယာယီသမ္မတရဲ့ တာဝန်တွေကို စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ဆီကို လွှဲပေးတဲ့အကြောင်း ဒီညမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now