မြန်မာ့နွေဦး

ဒီးမော့ဆို အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်၊ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်သား ၁၆ ဦးသေဆုံး

မဲခေါင် 11 Mar - 2023
မဲခေါင်၊ မတ် ၁၁ ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့ ကြားဖြတ် တိုက်ခိုက်ရာမှာ စုစုပေါင်း စစ်သား ၁၆ ဦး သေဆုံးထားတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်‌ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၁၁

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့ ကြားဖြတ် တိုက်ခိုက်ရာမှာ စုစုပေါင်း စစ်သား ၁၆ ဦး သေဆုံးထားတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်‌ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဘောလခဲ စစ်ဗျူဟာမှ အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းဟာ ဒေါတမကြီးအုပ်စုကို မတ်လ ၇ ရက်က ဦးတည်လာပြီး တောင်ယာခင်းနဲ့ တောင်ယာတဲတွေက လူငယ်နဲ့ အမျိုးသမီး အပါအဝင် ပြည်သူ ၁၄ ဦးကို လမ်းပြ အဖြစ် ဖမ်းဆီးသွားပြီး နောက်တစ်နေ့မှာ အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ် ၂ ဦးကို ပြန်လွှတ်ပေးပေမဲ့ အမျိုးသား ၁၁ ဦးကို ဒီကနေ့ထိ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဘောလခဲမြို့ ခမရ (၄၂၉) တပ်ရင်းနဲ့ အမှတ် (၇၇) တပ်မ ထုတ်နှုတ်တပ် အပါအဝင် စစ်ကောင်စီ အင်အား ၂၀၀ ခန့် မတ်လ ၉ ရက်မှာ ဒေါတမကြီးအုပ်စုဖက်ကို စစ်ကြောင်းထိုးမယ်လို့ သတင်းရတာကြောင့် ကျေးရွာ ၇ ရွာက ပြည်သူ ၅,၀၀၀ ခန့် တစ်ကိုယ်စာ ရိက္ခာသာယူနိုင်ပြီး စစ်ဘေးရှောင် စခန်းကို ပြောင်း‌ရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဘောလခဲဘက်က ဆင်းလာတဲ့ စစ်ကြောင်းကို မတ်လ ၁၀ ရက်က ဒေါညေးခူရွာတောင်ဘက်မှာ တစ်ကြိမ်၊ ဒေါတမြေးရွာ အရှေ့ဖက် တောင်ပေါ်ကို တက်လာတဲ့ စစ်ကြောင်းကို တစ်ကြိမ် ကရင်နီ တပ်မတော်က ကြားဖြတ် တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးသေဆုံးပြီး တစ်ချို့ ထိခိုက်ဒဏ်ရာ ရနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီးမောဆို အရှေ့ခြမ်း၊ ဒေါသဲရွာမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကရင်နီ တပ်မတော်-KA နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ မနေ့က မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီစစ်ကြောင်းတွေဟာ ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ‌ခလရ (၁၂) နန့်စန်၊ ကျိုင်းခမ်းမြို့ အခြေစိုက် ခမရ (၅၁၀) တပ်ရင်း စတဲ့ စစ်ကောင်စီ တပ်ရင်းတွေ ပူးပေါင်းကာ ပြီးခဲ့တဲ့ ၂ ရက်ကတည်းက ကရင်နီပြည်ဘက် ဆင်းလာတာလို့ လွိုင်လင်မြို့ခံ ရှမ်းအမျိုးသားက မဲခေါင်သတင်းကို ပြောပါတယ်။

“ ခိုလမ်မြို့က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (၁၂) ရယ်၊ နန့်စန် ကျိုင်းခမ်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၅၁၀) တပ်ရင်းတွေ ပေါင်းပြီး ကရင်နီ စစ်ဆင်ရေး ပြုလုပ်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်း ကရင်နီပြည်နယ်ဘက် ဆင်းသွားတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ကရင်နီပြည် စစ်ဆင်ရေးနဲ့ နယ်မြေရှင်းလင်းရေး ပြုလုပ်ဖို့ ဖေဖော်ဝါရီလ ကတည်းက အင်အားဖြည့်တင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးဆုံးပါက စစ်ဂျက်လေယာဉ်တွေနဲ့ စစ်ဆင်ရေး လုပ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။

စာရင်းတွေအရ ဒီးမော့ဆို အရှေ့ခြမ်းမှာ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော်ရှိနေပြီး လက်ရှိ စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် နေ့စဉ် စစ်ဘေးရှောင်ဦးရေ မြင့်တက်လာတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်‌ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။