မြန်မာ့နွေဦး

ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတွေကို စစ်တပ်က ဂျက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်

မဲခေါင် 28 Apr - 2023
မဲခေါင်၊ ဧပြီ ၂၈ ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတွေကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ မနေ့ညက ပစ်ခတ် တိုက်ခိုက်သွားတယ်လို့ စစ်ဘေးရှောင် ကူညီနေတဲ့ အဖွဲ့အစည်းတွေထံက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၂၈

ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းတွေကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ မနေ့ညက ပစ်ခတ် တိုက်ခိုက်သွားတယ်လို့ စစ်ဘေးရှောင် ကူညီနေတဲ့ အဖွဲ့အစည်းတွေထံက သိရပါတယ်။

ဧပြီ ၂၇ ရက်၊ ည ၁၁ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီ ဂျက်လေယာဉ် တစ်စီး ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ဘေးရှောင် စခန်းကို လာရောက် ပစ်ခတ်ရာ ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့ တစ်ခုက ပြောပါတယ်။

“ကင်းထောက်ကတော့ အမြဲလာထောက်တာပေါ့။ ပြီးမှ ကြဲတာပေါ့။ တိုက်ပွဲဖြစ်တဲ့ နေရာကို ပစ်တာ မဟုတ်ဘူး။ သူတို့က အခုက ဆေးရုံ၊ ဈေး၊ ကျောင်း၊ စစ်ရှောင် အဲ့ဒါတွေကို ပစ်မှတ်ထားနေတယ်” လို့ စစ်ဘေးရှောင် ကူညီပေးနေသူ ဒေသခံ အမျိုးသား တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ဂျက်လေယာဉ်နဲ့ ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက တဲအိမ်တွေ ပျက်စီးပြီး စစ်ရှောင် ပြည်သူ တချို့ ထိခိုက် ဒဏ်ရာရပေမယ့် အချက်အလက် အတိအကျကိုတော့ မဲခေါင်သတင်းက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲ ဖြစ်ပွားမှု မရှိတဲ့ ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင် စခန်းတွေကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာအပြင် လက်နက်ကြီးနဲ့ ညစဉ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကလည်း ဖယ်ခုံမြို့ အနောက်ဘက်မှာရှိတဲ့ ဆောင်းဖွေးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံထဲက လူနာတွေ ထွက်ပြေးခဲ့ရပြီး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် အတွင်း လေကြောင်း တိုက်ခိုက်မှု ၃၁၀ ကြိမ်၊ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ စစ်ဘေးရှောင် ၁၃၄ ဦးအထိ ရှိလာတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

MK-009
#MeKongNews
#ဒီးမော့ဆို
#စစ်ေးရှောင်စခန်း
#ဂျက်လေယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ