မြန်မာ့နွေဦး

ဒီးမော့ဆို အနောက်ခြမ်း စစ်ဘေးရှောင်စခန်းတွေကို ဂျက်လေယာဉ် ၃ စီးနဲ့ ဗုံးထပ်ကြဲနေပြန်

မဲခေါင် 29 Apr - 2023
မဲခေါင်၊ ဧပြီ ၂၉ ပြီးခဲ့တဲ့ ဧပြီ၊ ၂၇ ရက်နေ့ညက ဗုံးကြဲခံခဲ့ရတဲ့ ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေ ဒီကနေ့ မနက်မှာ ထပ်ပြီး ဗုံးကြဲ တိုက်ခိုက် ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၂၉

ပြီးခဲ့တဲ့ ဧပြီ၊ ၂၇ ရက်နေ့ညက ဗုံးကြဲခံခဲ့ရတဲ့ ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေ ဒီကနေ့ မနက်မှာ ထပ်ပြီး ဗုံးကြဲ တိုက်ခိုက် ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းကို ဒီကနေ့ မနက် ၁၀ နာရီကျော် ကတည်းက စစ်ကောင်စီ တောင်ငူလေတပ်က ဂျက်လေယာဉ် ၃ စီးနဲ့ ဒုတိယအကြိမ် ဗုံးကြဲပစ်ခတ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“ ဟိုနေ့ညက စစ်ရှောင် အမျိုးသား ထိသွားတဲ့ နေရာကိုပဲ ဝဲပြီးကြဲချတာ။ လေယာဉ်တွေရော၊ ပေါင် ၃၀၀ ဗုံးတွေရော၊ ပွိုင့်ဖိုက်တွေရောပါတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ဧပြီ၊ ၂၇ ရက်ည မှာ ဗုံးကြဲခဲ့တဲ့ စစ်ဘေးရှောင် စခန်းနေရာကို အဓိကထား ထပ်မံ တိုက်ခိုက်ခဲ့ပြီး လွိုင်ကော်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေရာ လက်ရှိ လူ ၃ ဦး ထိခိုက်ထားပြီး ကယ်ဆယ်ရေးအဖွဲ့တွေ ကူညီပေးနေတယ်လို့ သိရပါတယ်။

ဗုံးကြဲမှုကြောင့် နေအိမ်၊ စစ်ရှောင်စခန်းတွေနဲ့ မီးကြိုးတွေ ပျက်စီးနေပြီး ထိခိုက် ပျက်စီးမှု အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ ညက ဗုံးကြဲမှုမှာ အမျိုးသား တစ်ဦး လက်နက်ကြီးစ ထိမှန်လို့ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

CJ-001
#MeKongNews
#ဒီးမော့ဆို
#စစ်ရှောင်စခန်း
#ဂျက်လေယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။