မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် (၆)မိုင် စံပြလမ်းမကြီးမှာ နေ့စဉ်တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်း သေဆုံးထား

မဲခေါင် 19 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၉ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ (၆) မိုင် စံပြ လမ်းမကြီး တစ်လျှောက် စစ်ကောင်စီက စစ်ကြောင်း ၃ ခုခွဲကာ ဝင်ရောက်လာပြီးနောက် နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံး ထားတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း (၉) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ (၆) မိုင် စံပြ လမ်းမကြီး တစ်လျှောက် စစ်ကောင်စီက စစ်ကြောင်း ၃ ခုခွဲကာ ဝင်ရောက်လာပြီးနောက် နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကောင်စီတပ်မှ ၇ ဦးထက်မနည်း သေဆုံး ထားတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း (၉) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းကစပြီး (၆) မိုင် ဘုရားကျောင်းနဲ့ လမ်းမကြီး တစ်ကျောမှာ နေရာ ၃ ခုထက်မနည်း ဝင်ရောက်တပ်စွဲခဲ့တာပါ။

(၆) မိုင် ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အပြင်ထွက်လာရာ ဇန်နဝါရီ ၁၁ရက် ည ၁၁ နာရီကျော်မှာ မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူရဲ့ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘဲ KNDF မှ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

တိုက်ပွဲတွေအပြီး ညပိုင်းမှာ စစ်ကောင်စီတပ်ဘက်မှ ဒီးမော့ဆို အရှေ့ဖက်ခြမ်းသို့ လက်နက်ကြီး‌တွေ ပစ်ခတ်ခဲ့ရာ လူနေထိုင်ရာ ကျေးရွာတစ်ရွာရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ အဆောက်အအုံတို့ ထိခိုက်ပျက်ဆီးခဲ့ကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်မှာတော့ (၆) မိုင် ‌ကျေးရွာနဲ့ ဘက်သလိန်ကျေးရွာရှိ စစ်ကောင်စီတပ် ခြေကုတ်ယူထားတဲ့ နေရာတွေနဲ့ ခမရ (၄၂၇)တပ် ကင်းပုန်းတို့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ KNDF က အသိပေးပါတယ်။

ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ (၆) မိုင်စံပြကျေးရွာ လမ်းမကြီး တစ်ကျောနဲ့ ဘုရားကျောင်းတို့မှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNDF တပ်ရင်း (၉)တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုအခြေစိုက် ခမရ (၄၂၇)တပ်ရဲ့ ကင်းပုန်းတွေကိုပါ အလစ်အငိုက် တိုက်ခိုက်တာ‌တွေ တစ်ဆက်တည်း လုပ်ဆောင်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကလည်း (၆) မိုင်ကျေးရွာ တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ KNDF က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီးမော့ဆိုမြို့နဲ့ (၆) မိုင်စံပြကျေးရွာ အကြား လမ်းမကြီးတစ်ကျောနဲ့ ဘုရားကျောင်း တို့မှာ ခြေကုပ်ယူကာ တပ်စွဲ လှုပ်ရှားနေပြီး KNDF တပ်ရင်း (၉) မှ ဆက်လက် ခုခံနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – KNDF တပ်ရင်း (၉)။
MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG
မြန်မာ့နွေဦး

ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်မှာ ကျင်းပ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇
မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး

ယူကေ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK
မြန်မာ့နွေဦး

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံ Labor Party လွှတ်တော်အမတ် Rushanara Ali တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali တို့ မနေ့က
မြန်မာ့နွေဦး

TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေအပါအဝင် တအာင်း ၁၂၇ ဦးကို ကယ်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၇ TNLA တပ်ဖွဲ့ အင်အား ၅၀၀ ဟာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေ အပါအဝင် တအာင်း-ရူစိင် ၁၂၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ မနေ့က
မြန်မာ့နွေဦး

လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF-
မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။