မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ဆန်ပြတ်လပ်လို့ ထမင်းတစ်နပ် လျှော့စားနေရ

မဲခေါင် 29 Sep - 2023
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာနဲ့ စစ်ဘေးရှောင် စခန်းတွေမှာ အလှူရှင် မရှိတာ တစ်နှစ်ကျော်ကြာပြီးနောက် ဆန်ပြတ်လပ်လာတယ်လို့ ဒီးမော့ဆို ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၂၉

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာနဲ့ စစ်ဘေးရှောင် စခန်းတွေမှာ အလှူရှင် မရှိတာ တစ်နှစ်ကျော်ကြာပြီးနောက် ဆန်ပြတ်လပ်လာတယ်လို့ ဒီးမော့ဆို ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ကတည်းက အလှူရှင်တွေ လာရောက်မှု မရှိတော့တာဖြစ်ပြီး လတ်တလော ဆန်မလုံလောက်မှုကြောင့် ရွာခံနဲ့ စစ်ဘေးရှောင်တွေဟာ ထမင်းတစ်နပ် လျှော့စားနေရတယ်လို့ ဆိုပါတယ်။

“၆ လပိုင်းလောက် ကတည်းက ဆန်တွေ ပြတ်သလောက် ဖြစ်နေပြီ။ သူတို့ လူကြီးပိုင်းတွေကတော့ ထမင်းတစ်နပ် လျှော့စားရတာပေါ့။ အဲဒါမှလည်း ကလေးတွေအတွက် အဆင်ပြေမှာ။ ကျနော်တို့လည်း ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းဆိုတော့ အများကြီး မကူနိုင်ဘူးပေါ့နော်။ အလှူရှင်တွေ လာမှပဲ အဆင်ပြေမှာပေါ့” လို့ ကူညီဆောင်ရွက် ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေ အနေနဲ့ လတ်တလော စားဝတ်နေရေး ဖြေရှင်းဖို့ တောင်ယာ အငှားလိုက်နေကြပြီး လုပ်အားခကို ဆန်နဲ့ လဲလှယ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်ယာ လုပ်အားခ အနေနဲ့ ၃ ရက်ကို ဆန်တစ်ပုံးရပြီး မလုပ်ကိုင်နိုင်တဲ့ သက်ကြီးရွယ်အို စစ်ဘေးရှောင်တွေ အတွက် ရွာခံတွေက ဆန်ဝေမျှပေးနေရတာကြောင့် ရေရှည်မှာ ပိုခက်ခဲလာနိုင်တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဒါ့အပြင် ဒေါရောက်ခူကျေးရွာက စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ မသန်စွမ်း၊ နာတာရှည် ရောဂါသည်တွေ ပါဝင်နေလို့ သီးခြား အလှူရှင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒေါရောက်ခူကျေးရွာက စစ်ဘေးရှောင်တွေဟာ ပါဒေါခူ၊ ဒေါတမငယ်၊ ဒေါတမကြီး၊ ဒေါငံရောက်၊ ဒေါကော့၊ ဒေါဖာ၊ ၆ မိုင် စတဲ့ကျေးရွာတွေက စစ်ရှောင်လာကြတာ ဖြစ်ပြီး လူဦးရေ စုစုပေါင်း ၅,၀၀၀ နီးပါး ရှိတယ်လို့ သိရှိရပါတယ်။

CJ-007

#MekongNews

#ဒီးမော့ဆို

#စစ်ဘေးရှောင်

#ဆန်ပြတ်လပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ရှောင်စခန်းထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဒဏ်ရာရရှိ

ရှမ်းတောင်၊ ပင်လောင်းနဲ့ ဖယ်ခုံနယ်စပ် ဆောင်လန်စစ်ရှောင်စခန်းနဲ့ ဗန်းမောက်ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာမှာ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သား ၃ ဦး တိုက်ပွဲမှာသေဆုံး

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်၊ ထမ်းယံတိုင်ကျေးရွာအနီးကို စစ်ကောင်စီက စစ်ကြောင်ထိုးလာလို့ မနေ့က ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်ခမ်းက အများပြည်သူစျေးကို ဒေသခံတွေ မညှိနှိုင်းဘဲ TNLA က စတင်ဖျက်နေ

ရှမ်းမြောက်၊ နမ့်ခမ်းမြို့က အများပြည်သူရောင်းချနေတဲ့ အောင်မေတ္တာ အမှတ် ၂ စျေးကို ဒေသခံတွေအား မညှိနှိုင်းဘဲ TNLA က မနေ့ဇွန် ၁၈ ရက်က စပြီး ဖြိုဖျက်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကယန်းဒေသ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာဖူလုံရေးအတွက် ကယန်းမျိုးဆက်သစ်လူငယ်(KNGY)က စိုက်ပျိုးရေး သင်တန်းပေးခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသရှိ ကျေးရွာ ၅ ခုက စစ်ဘေးရှောင် အယောက် ၂၀၀ ကို ဇွန်လ ဒုတိယပတ်အတွင်း စိုက်ပျိုးရေး သင်တန်းပေးနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးအပြီး စစ်ကောင်စီ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၁၂ ရာခိုင်နှုန်းအထိ ကျဆင်း

တရုတ်နဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ နယ်စပ်ကုန်သွယ်ရေးရှိခဲ့တဲ့ စစ်ကောင်စီဟာ ၁၀၂၇ ရှမ်းမြောက်တခွင်က ဒေသတွင်းတိုက်ပွဲအပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အားလုံးနီးနီး ပိတ်ထားလိုက်ရတာကြောင့် စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်မှုတန်ဖိုး ဆက်တိုက်ကျဆင်းနေတာပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ အိမ်ငှားခ ဈေးတက်လို့ စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်တချို့မှာ အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ‌ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်နယ်ထဲမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့

ရှမ်းတောင် ရပ်စောက်၊ ကျောက်ဂူနယ်၊ တောင်ထစ်(လက်ဘက်ခြံ)တောင်သူကုန်းနေရာမှာ ဇွန် ၁၆ ရက် မနက် ၈နာရီခွဲက အင်အား ၈၀ ခန့်ရှိတဲ့ RCSS တပ်ဖွဲ့နဲ့ SSPP နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထောင်ရွှေ့ပြောင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ဒိုက်ဦးထောင်အတွင်း အကြမ်းဖက်ခံနေရ

မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်ကနေ ဇွန်လ ၁၅ ရက်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့လာတဲ့ အကျဉ်းသူ အယောက် ၄၀ ဟာ အကျဉ်းထောင်အတွင်း အကြမ်းဖက်ခံနေရတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now