မြန်မာ့နွေဦး

ဒီပဲယင်းမှာ စစ်တပ်က ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒေသခံ သေဆုံး

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၈ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ချောင်းနားရွာသား တစ်ဦးဟာ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်ခံရချိန်က ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ မနေ့က ကွယ်လွန်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ချောင်းနားရွာသား တစ်ဦးဟာ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်ခံရချိန်က ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ မနေ့က ကွယ်လွန်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကွယ်လွန်သူဟာ အသက် ၄၅ နှစ်အရွယ် ဦးသိန်းထွန်း ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်နေ့က ဒီပဲယင်းမြို့နယ်ထဲ စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းထွန်းနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ရွာသား တစ်ဦးကတော့ ပြန်လည် လွတ်မြောက်လာပြီးနောက် ကျန်းမာရေး ကောင်းမွန်လျက် ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၉ ရက်မှာ ချောင်းနားကျေးရွာထဲ ဝင်ရောက်လာတဲ့ မော်လိုက် အခြေစိုက် ခမရ (၃၆၄) နဲ့ မှော်ဘီ-ထူးကြီး အခြေစိုက် ခလရ (၇၀၁) တပ်ဟာ ဒေသခံတွေရဲ့ နေအိမ် ၁၄ လုံးကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။

အဲ့ဒီ စစ်ကြောင်းဟာ ဇန်နဝါရီ ၁၄ နဲ့ ၁၅ ရက်တွေမှာ ရေဦးမြို့နယ်ထဲ ဝင်ရောက်ပြီး ချမ်းသာကြီးကျေးရွာက နှစ်ပေါင်း ၁၂၉ နှစ်နီးပါး သက်တမ်းရှိ ရှေးဟောင်း သမိုင်းဝင် ရိုမန်ကတ်သလစ် ဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်မှာ ဒီဇင်ဘာနဲ့ ဇန်နဝါရီလ ၂ လအတွင်း နေအိမ်ပေါင်း ၃,၅၁၄ အိမ်၊ ဈေးဆိုင်ခန်း ၂၄ ခန်း၊ ဆန်စက် ၃ လုံးနဲ့ ဘုန်းကြီးကျောင်း ၅ ကျောင်း မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၂ နှစ်ကာလ အတွင်း ဒီပဲယင်းမြို့နယ်က နေအိမ် ၄,၁၈၉ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရတာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ အများဆုံး မီးရှို့ဖျက်ဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့