မြန်မာ့နွေဦး

ဒီပဲယင်းမြို့နယ်မှာ ၂ လအတွင်း အိမ်ခြေ ၃,၅၀၀ ကျော်နဲ့ ဘုန်းကြီးကျောင်း ၅ ကျောင်း မီးရှို့ဖျက်ဆီးခံရ

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၈ ဒီပဲယင်းမြို့နယ်မှာ ၂ လအတွင်း အိမ်ခြေ ၃,၅၀၀ ကျော်၊ ဘုန်းကြီးကျောင်း ၅ ကျောင်း အပါအဝင် ကျေးရွာ ၃၆ ရွာနဲ့ ရပ်ကွက် ၂ ခုကို စစ်တပ်က မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒီပဲယင်း ညီနောင်များအဖွဲ့မှ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

ဒီပဲယင်းမြို့နယ်မှာ ၂ လအတွင်း အိမ်ခြေ ၃,၅၀၀ ကျော်၊ ဘုန်းကြီးကျောင်း ၅ ကျောင်း အပါအဝင် ကျေးရွာ ၃၆ ရွာနဲ့ ရပ်ကွက် ၂ ခုကို စစ်တပ်က မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒီပဲယင်း ညီနောင်များအဖွဲ့မှ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်း ကျေး ရွာ ၃၆ ရွာနဲ့ စိုင်ပြင်မြို့ရှိ ရပ်ကွက် ၂ ခု မီးရှို့ဖျက်ဆီး ခံရတယ်လို့ ဒီပဲယင်း မြို့နယ်ညီနောင်များအဖွဲ့က ထုတ်ပြန်ထားတာပါ။

စစ်တပ်က ပြည်သူ နေအိမ်ပေါင်း ၃,၅၁၁ အိမ်၊ ဈေးဆိုင်ခန်း ၂၄ ခန်း၊ ဆန်စက် ၃ လုံး၊ ဘုန်းကြီးကျောင်း ၅ ကျောင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က ပျော်ဘွယ်ရွာမှာ ၂၃ အိမ်၊ မဲအိုးကျေးရွာမှာ ၈၄ အိမ်၊ ညောင်ကြီး ကုန်းရွာမှာ ၆၅ အိမ်၊ လက်ယက်ကုန်းရွာမှာ ၁၉၉ အိမ်၊ မူးခံတွင်းရွာမှာ ၁၆၆ အိမ်၊ ညောင်လှရွာမှာ ၂၀၃ အိမ်၊ ကံကုန်းရွာမှာ ၁၄ အိမ်၊ ဝဲကြီးရွာမှာ ၈၅ အိမ်၊ သပြေသာရွာမှာ ၂၅ အိမ်၊ ရုံးသာရွာမှာ ၃၁ အိမ်၊ နများရွာမှာ ၃၁၈ အိမ်၊ ယဉ်ကျေးရွာမှာ ၁၆ အိမ်၊ မူးရိုးကုန်းရွာမှာ ၉၈ အိမ်၊ ဘန့်ဘွေးရွာမှာ ၂၀ အိမ်၊ အင်ပင်ရွာမှာ ၂၅၀ အိမ်၊ ကုန်းတဲရွာမှာ ၇၅ အိမ်၊ ကုန်းကြီးရွာမှာ ၁၃ အိမ်၊ ပေါက်ရင်းရွာမှာ ၁၀ အိမ်၊ ချောင်းပေါက်ရွာမှာ ၃၂ အိမ်၊ အေးသာယာ -ပျံကျကျေးရွာမှာ နေအိမ် ၄၇၃ အိမ်၊ ကြည်ကျေးရွာမှာ နေအိမ် ၂၅၄အိမ်နဲ့ ဆန်စက်တစ်လုံး၊ ဘုရားထွက်ကျေးရွာမှာ နေအိမ် ၂၄၃ အိမ်၊ မန်ကျည်းအုပ်ရွာမှာ အိမ်ခြေ ၂၇ အိမ်၊ မန်ကျည်းစောက်ရွာမှာ အိမ်ခြေ ၉၄ အိမ်၊ မင်းတဲကုန်းရွာမှာ အိမ်ခြေ ၁၈၈ အိမ်၊ ကံပြားရွာမှာ တစ်အိမ်၊ သိမ်ဘာရွာမှာ ၄၈ အိမ်၊ ပန်းပုရွာမှာ ၁၇ အိမ်၊ ထောက်ရှာရွာမှာ တစ်အိမ်၊ ယင်းတွေ ကျေးရွာမှာ အိမ်ခြေ ၅၂ အိမ်၊ ဆပ်ပြာကျင်းကျေးရွာမှာ ၈၅ အိမ်၊ ဘုတ်ရွာမှာ ၁၈၀ အိမ်၊ ကုန်းရိုးကျေးရွာ ၆ အိမ်၊ ဝန်းရံကျေးရွာမှာ ၆ အိမ်၊ အင်တိုင်း လေးကျေးရွာမှာ ၃၆ အိမ်၊ ချောင်းနားကျေးရွာမှာ ၁၁ အိမ်၊ အင်းတန်းကျေး ရွာမှာ ၃၄ အိမ်၊ စိုင်ပြင်မြို့ အမှတ် (၃) နဲ့ အမှတ် (၅) ရက်ကွက်မှာ နေအိမ် ၂၈ အိမ်၊ ဆိုင်ခန်း ၂၄ ခန်း မီးရှို့ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်က ပြည်သူတွေရဲ့ နေအိမ်တွေသာမက ညောင်လှရွာရှိ ကံဦးဘုန်းကြီးကျောင်း၊ ယဉ်ကျေးရွာရှိ ယဉ်ကျေးတောကျောင်း၊ မူးရိုးကုန်းရွာရှိ ရန်ကွင်းကြီးကျောင်း၊ ညောင်ကြီးကုန်းရွာရှိ ညောင်ကြီးကုန်းကျောင်း၊ ကံပြားရွာရှိ ဘုန်းကြီးကျောင်း တွေကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်လုံး စစ်ကိုင်းတိုင်းက ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်အထိ ဒေသခံ ပြည်သူတွေ အနေနဲ့ နေအိမ်တွေ ပြန်လည် တည်ဆောက်နိုင်တာ မရှိဘဲ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင် နေရတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်အထိ Data for Myanmar ရဲ့ ကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ ဒီပဲယင်းမြို့နယ်မှာ အိမ်ခြေ ၄,၅၀၀ နီးပါး မီးရှို့ခံခဲ့ရပြီး မြန်မာ တစ်နိုင်ငံလုံးမှာ အများဆုံး မီးရှို့ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့
မြန်မာ့နွေဦး

ရွှေပြည်အေးမြို့ကို PDF တပ်ပေါင်စု စီးနင်းသိမ်းပိုက်ထား

မဲခေါင်၊ ဖေဖော်ဝါရီ ၂ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ-နအဖ ခေတ်က ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့တဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဒေသခံ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီ ဖြစ်တယ်လို့ ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း၊ ဟုမ္မလင်းက
မြန်မာ့နွေဦး

နေ့စားဝန်ထမ်း အပါအဝင် CDM ဝန်ထမ်းအားလုံး ရာထူးတစ်ဆင့်တိုးပေးပြီး လစာတွေ တစ်လုံးတစ်ခဲတည်း ပေးအပ်မယ်လို့ NUG ထုတ်ပြန်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ CDM ဝန်ထမ်း အားလုံးကို တော်လှန်ရေး အလွန်ကာလမှာ ရာထူးတစ်ဆင့် တိုးပေးမှာဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ရုံမက နေ့စားဝန်ထမ်းတွေကိုလည်း အာဏာသိမ်း ၂ နှစ်ပြည့်မှ စတင်ကာ အမြဲတမ်းဝန်ထမ်းတွေအဖြစ်