မြန်မာ့နွေဦး

ဒဂုံဆိပ်ကမ်းက ကံကော်လမ်းစျေးတန်းကို စစ်တပ်နဲ့ပျူစောထီးလူမိုက်တွေ ဦးဆောင်ဖျက်သိမ်းနေ

မဲခေါင် 22 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် ၊ ယုဇနဥယျာဥ်မြို့တော်၊ ကံကော်လမ်း စျေးတန်းကို စစ်တပ်၊ရဲနဲ့ ပျူစောထီးလူမိုက်များ လက်နက်များကိုင်ဆောင်ပြီး ဒီကနေ့ နေ့လည် ၁၂ နာရီ အတွင်း အကုန်ဖျက်သိမ်းရမည်လို့ကြေငြာပြီး စျေးဆိုင်တွေကို ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် ၊ ယုဇနဥယျာဥ်မြို့တော်၊ ကံကော်လမ်း စျေးတန်းကို စစ်တပ်၊ရဲနဲ့ ပျူစောထီးလူမိုက်များ လက်နက်များကိုင်ဆောင်ပြီး ဒီကနေ့ နေ့လည် ၁၂ နာရီ အတွင်း အကုန်ဖျက်သိမ်းရမည်လို့ကြေငြာပြီး စျေးဆိုင်တွေကို ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာန ကိုပြောပါတယ်။

ဒီကနေ့မနက် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ယုဇနဥယျဥ်မြို့တော် ၉လမ်းထိပ်တွင် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီးလူမိုက်တွေ စုရုံးနေပြီးနောက် ကံကော်လမ်း စျေးတန်းကို အင်အားအများအပြားနဲ့ ဝင်ရောက်လာပြီးနောက် စျေးသည်တွေကို ဆိုင်တွေဖျက်ခိုင်းနေတာဖြစ်တယ်လို့ သူကပြောပါတယ်။

“ ငှက်ကြီးတောင်ဓားတွေနဲ့လူအိုက်ကောင်တွေအရွယ်စုံပါတယ်။ စစ်တပ်နဲ့ရဲတွေကတော့ကြည့်နေတာတွေရှိတယ်။ဘယ်သူမှလည်းဓာတ်ပုံမရိုက်ရဲကြဘူး။ သူတို့ကလည်းလူတွေဘယ်သူကင်မရာနဲ့ ရိုက်နေလဲဆိုတာအရပ်ဝတ်တွေနဲ့လိုက်ကြည့်နေတယ်။ စျေးသည်တွေကတော့ခွေးမောင်းသလိုမောင်းခံနေရတာ။ ခုချိန်ထိစျေးသည်တွေပြေးလွှားနေကြတုန်းဘဲ” လို့ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် နေ့လည် ၃ နာရီကျော်အချိန်က ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ရာအိမ်မှူး၂ဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီက ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းနေ့စဥ် လုံခြုံရေးတင်းကြပ်နေတယ်လို့ သူကပြောပါတယ်။

ယုဇနဥယျာဥ်မြို့တော်အိမ်ရာအတွင်း စစ်ကောင်စီက နေအိမ်အားလုံး ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အရပ်ဝတ်တွေနဲ့ ရပ်ကွက်အတွင်း လှည့်လည်စောင့်ကြည့်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက