ဒေသတွင်းသတင်း

ထီးစဲခါးဂိတ်မှာ ပါးရိုက်တဲ့ တပ်ရင်းမှူးကို တပ်သားက ပစ်သတ်

မဲခေါင် 8 May - 2023
မဲခေါင်၊ မေ ၈ ရှမ်း-ကရင်နီ နယ်စပ်၊ လွိုင်လင်လေးမြို့၊ ထီးစဲခါးဂိတ်မှာ ပါးရိုက်တဲ့ စစ်ကောင်စီ တပ်ရင်းမှူးကို တပ်သားက ပြန်ပစ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ မေ ၈

ရှမ်း-ကရင်နီ နယ်စပ်၊ လွိုင်လင်လေးမြို့၊ ထီးစဲခါးဂိတ်မှာ ပါးရိုက်တဲ့ စစ်ကောင်စီ တပ်ရင်းမှူးကို တပ်သားက ပြန်ပစ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကရင်နီပြည်၊ လွိုင်လင်လေးမြို့ အခြေစိုက် ခမရ (၅၃၀) တပ်ရင်းမှူးကို တပ်သား တစ်ဦးက ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က ပြန်ပစ်သတ်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

“အရက်သောက်တာကို တပ်ရင်းမှူးက ပါးရိုက်လို့ ပြန်ပစ်သတ်လိုက်တာတဲ့။ ပစ်တဲ့ တပ်သားလည်း သူ့ကိုယ်သူ ပြန်ပစ်သတ်သွားတယ်။ ၂ ယောက်စလုံး သေသွားတယ်။ ဖြစ်ခါစက တပ်ထဲက အကြီးဆုံး တစ်ယောက် ပြန်အပစ်ခံရတယ်လို့ပဲ သိထားတာ။ နောက်ထပ် စုံစမ်းမှ အပစ်ခံရတာ တပ်ရင်းမှူး ဖြစ်နေတယ်” လို့ အဲ့ဒီ သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီတပ်သားဟာ တပ်ရင်းမှူးက ပါးရိုက် ကန်ကျောက်တာကို မကျေနပ်လို့ ကိုင်ထားတဲ့ သေနတ်နဲ့ တပ်ရင်းမှူး နောက်ကျောကို ပြန်ပစ်သတ်ခဲ့တာလို့ သူကပြောပါတယ်။

“အဲ့ဒီဂိတ်က ကားတစ်စီးကို ၅ ထောင် တစ်သောင်း အဲ့လိုတွေ တောင်းတဲ့ ဂိတ်ပဲ။ ဝင်ငွေကောင်းတဲ့ ဂိတ်လို့ပဲ ပြောရမှာပေါ့။ အခု ဖြစ်သွားတာလည်း အဲ့နေရာမှာပဲ။ အချင်းချင်း မကျေနပ်လို့ ပြန်ပစ်သတ်တာ။ ပစ်တဲ့လူလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်တော့ ၂ ယောက်လုံး သေတာပဲ။ ဂိတ်တွေဖွင့်ပြီး လူထု ပိုက်ဆံကို မတရား တောင်းစားလို့ ဝဋ်လည်တာလို့ပဲ ပြောရမှာပေါ့” လို့ ဒေသခံ တစ်ဦးက မှတ်ချက်ပြု ပြောပါတယ်။

ကရင်နီပြည်တိုးတက်ရေးပါတီ ပြန်ကြားရေး စာမျက်နှာဖြစ်တဲ့ KnIC မှာတော့ စစ်ကောင်စီတပ်သားက တပ်ရင်းမှူးကို ပြန်ပစ်သတ်တဲ့ ကိစ္စဟာ အခု အပတ်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်း ၂ လောင်းကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လွိုင်ကော်မြို့ရှိ စစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

လွိုင်လင်လေးမြို့ဟာ ရှမ်း-ကရင်နီ နယ်စပ် အနီး တည်ရှိပြီး ထီးစဲခါး ဂိတ်ကတော့ တံတား တောင်ဘက်ခြမ်းမှာ တည်ရှိကာ ရှမ်းပြည်နယ်ထဲ ပါဝင်နေတဲ့ တံတား မြောက်ဘက်ခြမ်းကိုတော့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဂိတ်ဖွင့်ငွေတောင်းနေတာ ဖြစ်ပါတယ်။

CJ – 002

#MeKongNews

#ထီးစဲခါးဂိတ်

#တပ်ရင်းမှူး

#လွိုင်လင်လေးမြို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ မနေ့(ဇွန်လ ၆) ည ၈ နာရီဝန်းကျင်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ လူသတ်မှုတွေကျူးလွန်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးကို မနေ့ ဇွန်လ ၅
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး