မြန်မာ့နွေဦး

ထိုင်း-ကရင်နီ နယ်စပ်ရှိ ရဲစခန်းနဲ့ စစ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့ ဒီကနေ့ ဆက်တိုက် တိုက်ခိုက် သိမ်းပိုက်နေ

မဲခေါင် 13 Jun - 2023
မဲခေါင်၊ ဇွန် ၁၃ ထိုင်း-ကရင်နီ နယ်စပ် BP-14 ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေ ဒီမနက်ကစပြီး တိုက်ခိုက် သိမ်းပိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇွန် ၁၃

ထိုင်း-ကရင်နီ နယ်စပ် BP-14 ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေ ဒီမနက်ကစပြီး တိုက်ခိုက် သိမ်းပိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်နီ ပြည်နယ်၊ ထိုင်း-ကရင်နီ နယ်စပ်၊ မယ်စဲ့မြို့နယ်မှာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက် အစောပိုင်း ကတည်းက ကရင်နီ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒေသခံတွေကပြောပါတယ်။

“စခန်း ၂ ခုပါသွားပြီ။ အခု မယ်စဲ့ရဲစခန်း အဝိုင်းခံထားရတယ်။ လေယာဉ်တွေလည်း တစ်စီးပြီး တစ်စီး လာတယ်။ တောင်လှဘက်ကိုလည်း သွားတယ်။ အခုထိ ကြဲတော့ မကြဲသေးဘူး။ ဝဲနေတုန်း” လို့ မယ်စဲ့မြို့နေ လူငယ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဒီနေ့ မနက် ၅ နာရီက စပြီး KNDF၊ KNPP တို့ ဦးဆောင်ပြီး အခြား PDF တပ်ဖွဲ့ဝင်များ နဲ့အတူ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီရဲ့ နယ်စပ်အမှတ် BP-14 စခန်းနဲ့ တောင်လှစခန်းတို့ကို ဆက်တိုက်သိမ်းနိုင်ခဲ့ပြီး လက်ရှိ မယ်စဲ့မြို့နယ် ရဲစခန်းကို အင်အား အလုံးအရင်းနဲ့ ဝင်စီးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် သတင်းချန်နယ်တွေမှာလည်း တောင်လှစခန်းကို ဒရုန်းနဲ့စတင် တိုက်ခိုက်ခံရပြီး စခန်းသိမ်းခံလိုက်ရတယ် ဆိုတာကို ဖော်ပြထားတာ တွေ့ရပါတယ်။

လက်ရှိ ထိုင်းနယ်စပ်နဲ့ တောင်လှစခန်းဘက်ကို ရဟတ်ယာဉ်တွေနဲ့ ကင်းပတ်နေတာကြောင့် ဒေသခံ၊ ပြည်သူတွေ အနေနဲ့ လေကြောင်းသုံး တိုက်ခိုက် ခံရမှာကို စိုးရိမ်နေကြပါတယ်။

မယ်စဲ့မြို့နယ်ဟာ ကလလတ နယ်ခြားစောင့်တပ် အုပ်ချူပ်တဲ့ ဒေသဖြစ်ြပ်ီး စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည် အခြားမြို့နယ် တွေကနေ စစ်ရှောင်လာတဲ့ စစ်ရှောင် တစ်ထောင်ကျော် လာရောက် ခိုလှုံနေထိုင်လျက်ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။

CJ-001

#MeKongNews

#PDF
#KNDF

#KNPP

#မယ်စဲ့

#ထိုင်းမြန်မာနယ်စပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီအမြောက်တပ်က ကျေးရွာအတွင်း လက်နက်ကြီးအထိုင်ချ ရမ်းသမ်းပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ကျုးမုံ့ရွာနဲ့ဟွေးတက်ရွာ ဘုန်းကြီးကျောင်းတွေမှာ လက်နက်ကြီးအထိုင်ချပြီး မဲနယ်တောင်ဘက်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်နေတယ်လို့
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြန်မာနိုင်ငံသားတွေ တရားမဝင်နည်းလမ်းနဲ့ ဝင်လာရင် အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်ဆို

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက တရားဝင် လာရောက်မယ့် မြန်မာတွေကို ကြိုဆိုမှာဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေ ကိုတော့ ဥပဒေအရ အရေးယူသွားရမှာပဲလို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့မှာ တိုက်ပွဲရှောင် မိသားစုလိုက် ဒဏ်ရာတွေနဲ့ ပိတ်မိနေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် ခြံအတွင်းပုန်းခိုနေတဲ့ ၁၀ ဦးပါ မိသားတစ်စုအနက် ၅ ဦးဒဏ်ရာရနေပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အာဆီယံနိုင်ငံတွေထဲမှာ “စစ်ကောင်စီတပ် အယုတ်မာဆုံး” လို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ပြော

စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေဟာ အာဆီယံနိုင်ငံတွေအတွင်း “အယုတ်မာဆုံး ဖက်ဆက်စစ်တပ်” လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ အပြင်းအထန်ဝေဖန် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PPDF-KD က တပ်သားသစ်တွေ ခေါ်ယူနေ

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD က တပ်နယ် (၁) သုဝဏ္ဏဘူမိသထုံဒေသနဲ့ တပ်နယ် (၂) ဘားအံဒေသ တို့အတွက် တပ်ဖွဲ့ဝင်အသစ်များကို စတင်လက်ခံခေါ်ယူနေပြီလို့ ထုတ်ပြန် ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အမျိုးသားလွတ်မြောက်ရေးတပ်တော် စစ်အခြေခံသင်တန်းဆင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရှူးမြို့ အဝင်အထွက်တွေကို SSPP ပိတ်ဆို့ထား၊ လိုင်းကားတွေ လူတင်ပြီး မြို့ပြင်ထွက်ခွင့် မရ

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မြို့အဝင်အထွက်တွေကို ပိတ်ဆို့ထားပြီး လိုင်းကားမောင်းတဲ့သူတွေဟာလည်း လူတင်ခွင့်မရဘူးလို့ မိုင်းရှူးမြို့ခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ရင် နေအိမ်ဥစ္စာတွေ သိမ်းဆည်းမယ်လို့ RCSS ထုတ်ပြန်

ရှမ်းပြည်အတွင်း နေထိုင်တဲ့ဒေသခံပြည်သူ မည်သူမဆို နိုင်ငံခြားကို မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာတွေကိုသိမ်းဆည်းသွားမယ်လို့ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS က ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now