မြန်မာ့နွေဦး

ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်တွေ ကုန်ဈေးနှုန်းကြီးပြီး စားသောက်ကုန်ရှားပါးလို့ ဒုက္ခရောက်နေ

မဲခေါင် 4 May - 2023
မဲခေါင်၊ မေ ၄ ကရင်နီပြည်၊ မယ်စဲ့မြို့နယ် ထိုင်း-ကရင်နီ နယ်စပ် ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စားသောက်ကုန် ရှားပါးမှုတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင် ကူညီသူတွေထံက သိရပါတယ်။

မဲခေါင်၊ မေ ၄

ကရင်နီပြည်၊ မယ်စဲ့မြို့နယ် ထိုင်း-ကရင်နီ နယ်စပ် ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စားသောက်ကုန် ရှားပါးမှုတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင် ကူညီသူတွေထံက သိရပါတယ်။

မယ်စဲ့မြို့နယ်ကို ဖားဆောင်း၊ ဘော်လခဲ အပြင် ဖရူဆိုနဲ့ ဒီးမော့ဆိုဘက်က စစ်ရှောင် တချို့ ရောက်ရှိလာတဲ့ အတွက် စစ်ရှောင် ၃,၀၀၀ ဝန်းကျင်ရှိနေပြီး အခုလို စားဝတ်နေရေး အခက်အခဲနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

“အဲ့မှာ စားသောက်စရိတ် သိပ်ကြီးတာ၊ အကုန် ၂ ဆ။ အသီးအရွက်က အစနော်။ စိုက်မယ့်သူ မရှိတော့လေ။ အခု ကျွန်တော် နေနေတဲ့ နေရာထက် အများကြီး အစားသောက်ခက်ခဲတယ်။ တိုက်ပွဲ မရှိသေးတာ တစ်ခုကလွဲရင်။ နယ်စပ်ဆိုတော့ အကုန်ဒီဘက်ကသယ် မဟုတ်ရင် ထိုင်းက သယ်ကြတာ” လို့ ဒီးမော့ဆို ဒေသခံ စစ်ဘေးရှောင် ကူညီသူ တစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ KNDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဖားဆောင်း၊ ဘော်လခဲ ကနေ မယ်စဲ့ မြို့နယ်တွင်း သွားရောက်နိုင်တဲ့ လမ်းကြောတွေ ပိတ်နေတဲ့အပြင် ထိုင်းဘက်က ကုန်ပစ္စည်းနဲ့ စားသောက်စရာ ဝင်ရောက်တာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ဆန်ဈေးကတော့ ခေါင်ခိုက်ပေါ့။ ၂ ဆကျော် ၃ ဆနီးပါး။ တချို့ဆို ၃ ဆကျော် ၄ ဆနီးပါးပဲ။ ဒီကြားထဲ အဲ့ဘက်ကို သွားဖို့ရှိပါတယ်။ ငွေနည်းနည်း လိုနေသေးလို့ စောင့်နေတာ။ မိုးမကျခင် ရအောင်သွားမယ်” လို့ စစ်ရှောင် ကူညီသူက ပြောပါတယ်။

လက်ရှိ မယ်စဲ့မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမယ့် ကရင်နီပြည်တွင်းက စစ်ရှောင်တွေ ရောက်လာလို့ ကုန်ဈေးနှုန်းတွေ ထပ်တက်လာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီးမော့ဆို၊ ရှားတော၊ လွိုင်ကော်၊ ဘော်လခဲ မြို့နယ်တွေအပြင် ရှမ်းတောင် ဖယ်ခုံ၊ ပင်လောင်း ဘက်ကပါ စစ်ကြောင်းထိုးနေတာကြောင့် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေတယ်လို့ KNDF က မေလ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA ရဲ့ မေလ ၃ ရက်မှာ ထုတ်ပြန်ထားတဲ့ စာရင်းအရ အာဏာသိမ်း ၂ နှစ်ကျော်ကာလ အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင် ၁ ဒသမ ၈ သန်းခန့်ရှိနေပြီး ကရင်နီပြည်က လူဦးရေ ၂ သိန်းကျော် ပါဝင်ပါတယ်။

MK-009

#MeKongNews

#ကရင်နီပြည်

#စစ်ဘေးရှောင်

#မယ်စဲ့မြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု