မြန်မာ့နွေဦး

ထိုင်းဘတ်ဈေး မြင့်တက်လာတာကြောင့် ပြန်လည်ရောင်းချသူကုန်သည်တွေ အခက်အခဲဖြစ်နေ

မဲခေါင် 22 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၂ ထိုင်းဘတ်ဈေး မြင့်တက်နေတာကြောင့် ထိုင်းကုန်ပစ္စည်းတင်သွင်းသူကုန်သည်တွေ ပြန်လည်ရောင်းချရာမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်

မဲခေါင်၊ ဇန်နဝါရီလ ၂၂

ထိုင်းဘတ်ဈေး မြင့်တက်နေတာကြောင့် ထိုင်းကုန်ပစ္စည်းတင်သွင်းသူကုန်သည်တွေ ပြန်လည်ရောင်းချရာမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက တစ်ဘတ် ကို မြန်မာကျပ်ငွေ ၈၁ ကျပ်သာရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အစမှာတော့ တစ်ဘတ် ကို ၈၃ ကျပ် ဖြစ်ပြီး ဒီနေ့မှာတော့ ၈၇ ကျပ် ထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

“ ဘတ်စျေးအတက်အကျက ကာလတိုဖြစ်ပျက်တတ်တဲ့သဘော ရှိပေမယ့် အခုနှစ်စကတည်းက တဖြည်းဖြည်းတက်လာတော့ ကုန်မှာတဲ့ရက်မှာ တဈေး၊ ကုန်ပို့မယ့်နေ့မှာ ဈေးတက်လာတော့ ဒီကကုန်သည်တွေက အမြတ်ထဲကပါကုန်တယ်။ ဈေးတက်လို့ တက်ပြီးရောင်းလို့ မရဘူး။ ကုန်ပြတ်လပ်မှု မရှိအောင်သာမှာပြီးရောင်းနေရပေမယ့် အခက်အခဲတွေရှိနေတယ်လို့” အွန်လိုင်းက ထိုင်းအ​ခြေခံစားသောက်ကုန် ရောင်းချနေသူတစ်ဦးက ဆိုပါတယ်။

ထိုင်းနိုင်ငံမှ တင်သွင်းဖြန့်ချိလာတဲ့ ကုန်စည်တွေ ဈေးနှုန်း​မြင့်တက်မှုရှိနေတဲ့အပြင် လက်ရှိ ပြည်တွင်းလမ်းပန်ဆက်သွယ်ရေးအနေအထားကြောင့် တန်ဆာခတွေ ပိုဆောင်းပေးရကာ အမြတ်ကျန်မှုနည်းတယ်လို့လည်း သိရပါတယ်။

“ လမ်းကြေးပေးဆောင်ရတာတွေကလည်း အရင်ထက် များတယ်။ ဒီကြားထဲ စစ်ဆေးရေးဂိတ်တွေက သီးသန့်ငွေပေးရတာတွေလည်း ရှိတော့ တန်ဆာခက အရင်ထက်ပိုဆောင်းပြီး တောင်းနေရတယ်။ အရင် ၁ သောင်းလောက်ဆို အခုက ၁ သောင်းခွဲလောက် တောင်းနေရတာမျိုး ပြီးတော့ လမ်းမှာ နယ်မြေ မအေးချမ်းလို့ ဖြတ်မရရင် ညအိပ်စောင့်ကတာတွေ၊ ဆီဈေးတွေကတက်လာတော့ ကိုယ်အမြတ်ကျန်အောင်လည်း မနည်းလုပ်ဆောင်နေရတယ်” လို့ နယ်ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်နေသူတစ်​ဦးက ဆိုပါတယ်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းက နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သတ်ပြီးကုန်သွယ်ရေးကို ဒေါ်လာ နဲ့သာ အရောင်းအဝယ်လုပ်ခိုင်းတာ၊ တင်ပို့မယ့်ကုန်ရဲ့ တန်ဖိုးငွေ ကြိုတင်သွင်းခိုင်းတာနဲ့ ပို့ကုန်သွင်းကုန်လိုင်စင်တွေ တင်းကျပ်မှုတွေကြောင့် အမေရိကန် ၁ ဒေါ်လာကို ၄၅၀၀ ဝန်းကျင်၊ ထိုင်းဘတ် ၁ ဘတ် ကို ၁၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ယွမ်ဈေးမှာလည်း ၁ ယွမ်ကို ၅၀၀ နီးပါးခန့် မြင့်တက်ခဲ့ပါသေးတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့
မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေအလွဲအပို့ရှိတဲ့ အကောင့်တွေကို ဦးတည်ချက်ထားပိတ်ဆို့နေတယ်လို့ K Pay အသုံးပြုသူများထံကသိရပါတယ်။
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။