မြန်မာ့နွေဦး

ထိုင်းနဲ့ မြန်မာ လူငယ်တွေအတွက် အခမဲ့သင်တန်းတွေ မဲဆောက်မြို့မှာ ဖွင့်လှစ်မယ်

မဲခေါင် 4 Jan - 2023
ထိုင်းနဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀ ဖွံ့ဖြိုးတိုးတက် ခင်မင်းရင်းနှီးစေဖို့၊ ယဉ်ကျေးမှု ဖလှယ်ဖို့နဲ့ ပညာရပ်တွေ သင်ယူနိုင်ဖို့ အတွက် အခမဲ့ သင်တန်းတွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ Joy House - ပီတိအိမ် အဖွဲ့ထံမှ သိရပါတယ်။

ဒီသင်တန်းတွေကို ဇန်နဝါရီ ၁၀ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ထိုင်းကျောင်းတက်တဲ့ ကလေးတွေနဲ့ ရွှေ့ပြောင်းကျောင်းတက်တဲ့ ကလေးတွေအတွက် ပိတ်ရက်မှာ စီစဉ်ပေးထားကာ အပို့အကြိုနဲ့ လုံခြုံရေးကိစ္စတွေကို ထိုင်းအစိုးရ ကူညီမယ်လို့ သိရပါတယ်။

ဒီသင်တန်းတွေမှာ လူငယ်တွေအတွက် အနုပညာ လှုပ်ရှားမှုတွေ၊ ဖန်တီးမှုတွေ ဖလှယ်နိုင်မှာဖြစ်ပြီး တက်ရောက်လိုတဲ့ လူငယ်တွေအနေနဲ့ Joy House Page ကနေ စာရင်းပေးသွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ဘာသာ လူမျိုး ပေါင်းစုံနဲ့ ထိုင်းနိုင်ငံသား ဘာသာပေါင်းစုံတို့ရဲ့ လူ့အဖွဲ့အစည်းနှစ်ခုကြား ထိုင်းဘာသာစကား၊ ဉပဒေ၊ ဓလေ့ထုံးတန်းစဉ်လာတွေကို သိစေဖို့ လူငယ်တွေရဲ့ လေ့လာရေးစင်တာတစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်တာဖြစ်တယ် 

လို့ Joy House -ပီတိအိမ် တာဝန်ရှိသူက ပြောပါတယ်။

အခုဖွင့်လှစ်မဲ့ သင်တန်းတွေမှာ ဘာသာစကားဆိုင်ရာ သင်တန်းတွေလည်း ပါရှိမှာဖြစ်ပြီး အသက်အရွယ် ကန့်သတ်ချက်မရှိ တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုကျောင်းတွေ ပေါ်ပေါက်လာတာ ကျွန်မတို့အတွက် အရမ်းကောင်းတယ်။ ကျွန်မတို့ သားသမီးတွေကို အရမ်း ဂရုမစိုက်နိုင်ဘူး။ ဒီမှာ ဝင်ငွေရအောင် လုပ်ကိုင်နေရတော့ ကလေးတွေကို ရွှေ့ပြောင်းကျောင်းပဲ ထားဖြစ်တယ်။ အခုလို အသိပညာ၊ အတတ်ပညာပါ စီစဉ်ပေးတဲ့ ကျောင်းတွေရှိတော့ သူတို့အတွက် စိတ်ပူစရာ မလိုတော့ဘူး 

လို့ မိဘတစ်ဉီးက ပြောပါတယ်။

ဒီသင်တန်းတွေကို အဓိကအားဖြင့် ထိုင်းနဲ့ မြန်မာ လူငယ်တွေကြားထဲမှာ ယဉ်ကျေးမှု၊ အနုပညာတွေ ဖန်တီးပြီး ရင်းနှီးမှု၊ ယုံကြည်မှု တည်ဆောက်ရာ နေရာတစ်ခုအဖြစ် ရည်ရွယ် ဖွင့်လှစ်တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။