စစ်ရေးသတင်း

ထမ်းယံတိုင်ကျေးရွာမှာ PNO က ပြည်သူ ၁ ဦးကို ပစ်သတ်ပြီး ၁ ဦးကို ဖမ်းဆီးသွား

မဲခေါင် 4 Jul - 2024
ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့နယ်၊ ထမ်းယံတိုင် ကျေးရွာက ဒေသခံ ပြည်သူ ၁ ဦးကို မနေ့ ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကပစ်သတ်ပြီး ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇူလိူင် ၄

ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့နယ်၊ ထမ်းယံတိုင် ကျေးရွာက ဒေသခံ ပြည်သူ ၁ ဦးကို မနေ့ ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကပစ်သတ်ပြီး ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့နယ်၊ ထမ်းယံတိုင်ကျေးရွာက ဒေသခံဖြစ်တဲ့ ခွန်တငွေနဲ့ ခွန်မောင်ပေး တို့ဟာ ရပ်ရွာထဲက အသုအိမ်မှာ ညအိပ်စောင့်ပေးရာက နေအိမ်ကို အပြန်မှာ ကျေးရွာအတွင်း တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်က ရွာလယ်ခေါင်မှာ ခွန်တငွေကို ပစ်သတ်ပြီး ခွန်မောင်ပေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ခွန်မောင်ပေးကို ရွာအပြင်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိမှာ ဘာအဆက်အသွယ်မှ မရသေးဘူးလို့သိရကာ ရွာသားတွေလိုက်လာပါက ထပ်မံပစ်သတ်မယ်ဆိပြီး ခြိမ်းခြောက်ထားလို့ ဒေသခံတွေ လိုက်မသွားရဲဘူးလို့ သိရပါတယ်။

ပစ်သတ်ခံထားရတဲ့ ခွန်တငွေရဲ့အလောင်းကို မနက်ပိုင်းမှာ ယူဆောင်ခွင့်မရပေမယ့် ညနေပိုင်းမှာတော့ PNO တွေ တားမြစ်နေတဲ့ကြားကရွာသားတွေ ပြန်လည်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

လူသတ်မှုကျူးလွန်နေတဲ့ PNO ပြည်သူ့စစ်တွေဟာ လက်ရှိ အချိန်အထိ ထမ်းယံတိုင် ကျေးရွာမှာ တပ်စွဲထားပြီး ဒေသခံတွေကိုရွာပြင် ထွက်ခွင့်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

ကျိုင်းတုံ-တာချီလိတ်လမ်းမှာ ကားချင်းတိုက်ပြီး မီးလောင်လို့ မိသားစုတစ်စုလုံး သေဆုံး

ရှမ်းအရှေ့ ကျိုင်းတုံ-တာချီလိတ်လမ်းမှာ ကုန်တင်ကားနဲ့ အိမ်စီးကားတိုက်ရာမှာ အိမ်စီးကား မီးလောင်ပြီး မိသားစုအားလုံးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမိတ်မြို့ကို TNLA နဲ့ပူးပေါင်းတပ် ထိန်းချုပ်နိုင်ပြီး စစ်ကောင်စီ ဗျူဟာကို ဆက်လက်တိုက်ခိုက်နေ

ရှမ်းမြောက်၊ TNLA တပ်မဟာ ၃ နယ်မြေ၊ မိုးမိတ်မြို့တွင်းကို TNLA နဲ့ ပူပေါင်းတပ်တွေက ဒီကနေ့မှာ အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ MNDAA ဘက်က ထိုးစစ်ဆင်တာ ရပ်ဆိုင်းထားပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်နေ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမှာ MNDAA ဘက်က ထိုးစစ်ဆင်တာ ရပ်ဆိုင်းထားပေမယ့် ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပျားစစ်ကြောင်းက ပြောက်ကျားစနစ်နဲ့ PNO ပြည်သူ့စစ်ကို တိုက်ခိုက်

ရှမ်းကယားနယ်စပ်မှာ စစ်ရေးလှုပ်ရှားပြီး စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ပျားစစ်ကြောင်း(Bees Column)က ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ PNO လက်နက်ကိုင်အဖွဲ့ ပြောက်ကျားနည်းနဲ့ တိုက်လို့ PNO ၂ လောင်း ၂ လက်ရတယ်လို့ ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လားရှိုးတိုက်ပွဲ ၄ ရက်ကြာ ထိုးစစ်ရပ်မယ်လို့ ကိုးကန့်တပ်ဖွဲ့ထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်၊ လားရှိုးမြို့နယ်နဲ့ အနီးတဝိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း MNDAA ဘက်က ဒိနေ့ ဇူလိုင်လ ၁၄ ရက် ညသန်းခေါင်ယံအချိန် ၁၂းဝ၀ ကစပြီး ဇူလိုင် ၁၈ ရက်နေ့အထိ ၅ရက် အတွင်း ထိုးစစ်ရပ်ပေးမယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုင်းရယ်ဟာ စိုးမိုးနယ်မြေဖြစ်ပြီး ပြည်သူတွေတောင်းဆိုလို့ ကာကွယ်ပေးဖို့လာတာလို့ SSPP ဆို

ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့ကို SSPP တပ်ဖွဲ့ဝင်ထောင်ကျော် ဝင်ရောက်တပ်စွဲတာဟာ သူတို့ရဲ့ စိုးမိုးနယ်မြေဖြစ်ပြီး ပြည်သူတွေကတောင်းဆိုလို့ ကာကွယ်ပေးဖို့လာတာလို့ SSPP Info မှာ ဖော်ပြလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကျောက်မဲမှာ မူးယစ်ဆေးသမားနဲ့ စစ်ကောင်စီသတင်းပေးတွေကို မြို့ပိတ်ပြီးဖမ်းလို့ ၁၈၀ ဦး ဖမ်းမိ

ရှမ်းမြောက်၊ ကျောက်မဲမြို့မှာ မူးယစ်ဆေးသမားတွေနဲ့ စစ်ကောင်စီသတင်းပေးတွေကို မြို့ပိတ်ပြီးဖမ်းလို့ ၁၈၀ ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြို့ရဲ့တစ်ခုတည်းသော အများပြည်သူပိုင်ပန်းခြံကို တာချီလိတ်စည်ပင်အမှုဆောင်အရာရှိအသစ် ဦးကျော်မင်းထိုက် ဆိုင်ခန်းဆောက်ပြီးငွေရှာ

တာချီလိတ်မြို့ရဲ့ တစ်ခုတည်းသော အများပြည်သူအပန်းဖြေနေရာဖြစ်တဲ့ ရွှေဝါနဒီပန်းခြံကို ပိတ်ပြီး တာချီလိတ်စည်ပင်က ဆိုင်ခန်းဆောက်လုပ်နေတာကြောင့် အများပြည်သူနားနေဖို့ နေရာပျောက်သွားပြီး ရေကြီးမှုဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now