မြန်မာ့နွေဦး

ထန်တလန်မြို့မရဲစခန်း သိမ်းပိုက်မှု CNF အတည်ပြု၊ လက်နက်အများအပြားနဲ့ အလောင်း ၄ လောင်းရရှိ

မဲခေါင် 9 Feb - 2023
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို မနေ့ ည ၉ နာရီဝန်းကျင်မှာ တော်လှန်ရေးအဖွဲ့က ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် အလက် ၄၀ ကျော် သိမ်းဆည်း ရမိခဲ့တယ်လို့ CNF တာဝန်ရှိသူက အတည်ပြုပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၉

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို မနေ့ ည ၉ နာရီဝန်းကျင်မှာ တော်လှန်ရေးအဖွဲ့က ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် အလက် ၄၀ ကျော် သိမ်းဆည်း ရမိခဲ့တယ်လို့ CNF တာဝန်ရှိသူက အတည်ပြုပါတယ်။

စစ်သားနဲ့ရဲ ၄၀ နီးပါး အခြေချ တပ်စွဲထားတဲ့ ရဲစခန်းကို ချင်းအမျိုးသား တပ်မတော် (CNA/ CNF) က မနေ့က ည ၉ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး ၂ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီနေ့ မနက် ၂ နာရီမှာတော့ လက်နက်တွေ သိမ်းယူနိုင်ခဲ့ပြီး စခန်းမှ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဲခေါင်သတင်းကို ပြောပါတယ်။

“သူတို့ဘက်က အကျအဆုံး ၄ ယောက် အလောင်းတွေ့တယ်။ ကျန်တဲ့ ဟာတွေကတော့ တိမ်းရှောင်ကြတယ်လို့ သိရတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ တစ်ယောက် ဒဏ်ရာရတယ်” လို့ သူက ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ သေနတ်တွေထဲမှာ ဒရုန်းကို ပစ်ချတဲ့ အမျိုးအစားလည်း ပါဝင်တယ်လို့ သိရပါတယ်။

ထန်တလန် မြို့မရဲစခန်းကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရာမှာ လက်နက်ခဲယမ်း အများအပြား ရရှိခဲ့ရာ ပြည်တွင်းထုတ် Ainoviq Drone jammer တစ်လက်၊ BA-100 ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း တစ်လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် အလက် ၄၀ ကျော် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကာကွယ်ရေးတပ်တွေက ထန်တလန်မြို့နယ် ထွေအုပ်ရုံးက တပ်စိတ်တစ်စိတ်စာ ပမာဏရှိတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ သွားခဲ့ပေမယ့် စစ်တပ်ဘက်မှ တပ်ဆုတ်သွားတာကြောင့် တိုက်ပွဲ မဖြစ်ခဲ့ဘူးလို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။

ဒီနေ့ မနက်မှာ  ထန်တလန်မြို့မ ရဲစခန်းနဲ့ မြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၅ စီးနဲ့ လေကြောင်းက‌နေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ဒါ့အပြင် ဟားခါးမြို့နယ်ဘက်မှ စစ်ကူကား ၃ စီး တက်လာတာကိုလည်း တွေ့ရတယ်လို့ သူက ထပ်မံပြောပါတယ်။

“ ထန်တလန်မြို့နယ်မှာတော့ မြို့ပေါ်လောက်ပဲ စစ်တပ်က ခြေကုပ်ယူထားတဲ့ စခန်း နည်းနည်းပဲ ရှိတော့တာ။ ကျန်တဲ့နေရာတွေ ဒေသခံ ကာကွယ်ရေးတပ်တွေ သိမ်းထားနိုင်တာများတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

အခု ရဲစခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများနိုင်ပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေ ဘက်ကတော့ CNA ရဲဘော်ဆလိုင်းအသန်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကိုင်ခုခံမှု အားကောင်းရာ မြို့နယ် ၃၇ မြို့နယ်ကို အာဏာသိမ်းမှု ၂ နှစ်ပြည့် ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ချင်းပြည်နယ်မှ ထန်တလန် အပါအဝင် ၇ မြို့နယ် ပါဝင်ပါတယ်။

MK-003

#MeKongNews 

#ထန်တလန်မြို့

#CNF

#ဂျက်ဖိုက်တာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။