မြန်မာ့နွေဦး

တော်လှန်ရေးကာလအတွင်း လူငယ်တွေ ဘာသာစကား အစုံအလင်လေ့လာဖို့ နွေဦးတက္ကသိုလ် ဖိတ်ခေါ်

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၈ အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ ပညာ မသင်လိုတဲ့ ကျောင်းသား လူငယ်တွေ လေ့လာ သင်ယူနိုင်ဖို့ ရည်ရွယ်ပြီး ဘာသာစကား အစုံအလင် နွေဉီးတက္ကသိုလ်မှာ လေ့လာနိုင်တယ်လို့ Spring University Myanmar က ဖိတ်ခေါ်ထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ ပညာ မသင်လိုတဲ့ ကျောင်းသား လူငယ်တွေ လေ့လာ သင်ယူနိုင်ဖို့ ရည်ရွယ်ပြီး ဘာသာစကား အစုံအလင် နွေဉီးတက္ကသိုလ်မှာ လေ့လာနိုင်တယ်လို့ Spring University Myanmar က ဖိတ်ခေါ်ထားပါတယ်။

ပညာရေး ရှေ့ဆက်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်အရ လူငယ် အများစုဟာ နိုင်ငံခြား ဘာသာစကားတွေ လေ့လာသင်ယူမှု များပြားနေတာ ဖြစ်ပါတယ်။

“ယခုလို လေ့လာရာမှာ နိုင်ငံတစ်ဝန်းမှ ငွေကြေးဆိုင်ရာ အခက်အခဲရှိသူများ ပါဝင်နိုင်တာဖြစ်လို့ လေ့လာသူအားလုံးအတွက် အလှူငွေ ထည့်ရုံမျှနှင့် အရည်အသွေးပြည့်ဝသော အတန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိတယ်” လို့ နွေဉီးတက္ကသိုလ် တာဝန်ရှိသူက ပြောပါတယ်။

ဖွင့်လှစ်ပေးမယ့် ဘာသာစကား သင်တန်းတွေကတော့ English (Elementary, Pre-Intermediate, Conversation Class) ၊ Korea (Basic, Level-1, Level-2, TOPIK-ll Exam Preparation) ၊ Chinese (Mandarin Chinese Basic) ၊ French (Basic, A 1.2)၊ German (Basic, A 1.1) ၊ Thai (Basic, Basic 1) တို့ ဖြစ်တယ်လို့ သိရပါတယ်။

နွေဦးတက္ကသိုလ်က လူငယ်တွေ အတွက် ပို့ချခဲ့တဲ့ သင်တန်း အရေအတွက် ၅၀၇ ခုကျော်ရှိပြီး သင်ကြားရေးတွင် ပါဝင်အားဖြည့်ပေးတဲ့ CDM ဆရာဆရာမနဲ့ ပညာရှင် စုစုပေါင်း ၂၀၀ ဦးကျော် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ တက္ကသိုလ်မှာ နိုင်ငံတစ်ဝှမ်း ကျောင်းသား လူငယ် ၁၃,၀၀၀ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နွေဦးတက္ကသိုလ် အနေနဲ့ ၂၀၂၃ ခုနှစ် အတွင်း နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ ပူးပေါင်းကာ ရက်တို၊ ရက်ရှည် သင်တန်းတွေ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ