မဲခေါင်၊ ဇန်နဝါရီ ၁၂
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ စစ်ကောင်စီ တပ်ရင်း (၇၃)၊ ဘုမ္မတီး တပ်စခန်းကို နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကာင်စီတပ်သား ၃ ဦးသေဆုံးတယ်လို့ Bago Region PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မနေ့က ည ၇ နာရီမှာ စစ်ကောင်စီရဲ့ ဘုမ္မတီးတပ်စခန်းကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အမှတ် (၃၅၀၁) တပ်ခွဲ (၂) က M-79 တွေနဲ့ အချက် ၃၀ ခန့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
အဲဒီ တိုက်ခိုက်မှု အတွင်း စစ်ကောင်စစ်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့ ကနဦး ထုတ်ပြန်ထားပါတယ်။
ဒီစစ်ဆင်ရေးမှာ PDF တပ်ဖွဲ့ဝင် ရဲဘော်အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ပွဲဝင်နိုင်ခဲ့တယ်လို့လည်း Bago Region PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MK-003