မြန်မာ့နွေဦး

တောင်ကြီး၊ အောင်ပန်း၊ ဆီဆိုင်နဲ့ အင်းလေးဒေသမှာ PDF တွေ တိုက်ပွဲစတင်နေလို့ ပြည်သူတွေ ဂရုစိုက်ဖို့ သတိပေ

မဲခေါင် 4 Jan - 2023
ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဇန်နဝါရီလ ၃ ရက်က စတင်ပြီး တိုက်ခိုက်မှုတွေ စတင်နေတဲ့ အတွက် ပြည်သူတွေ ဂရုပြုကြဖို့ ရှမ်းတောင် တော်လှန်ရေး ထောက်ပို့အဖွဲ့ဖြစ်တဲ့ Ride Behind Kalaw က ဒီကနေ့မှာ ထုတ်ပြန် အသိပေးထားပါတယ်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဘုရားနီကျေးရွာ အနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက် အထိအခိုက် အကျအဆုံးတွေ ရှိခဲ့သလို့ စစ်တပ်ဖက်က PNO နဲ့ ပျူစောထီးတွေ ဦးဆောင်လမ်းပြ ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆီဆိုင်မြို့နယ်အနီးမှာလည်း ဒီကနေ့၊ နေ့လယ် ၁ နာရီ ဝန်းကျင်ခန့်က ရှမ်းတောင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေ စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လယ် ၁ နာရီ ဝန်းကျင်က အောင်ပန်း-တောင်ကြီးကြားရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွေကို ရှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။

ဒါကြောင့် တောင်ကြီး၊ ရွှေညောင်၊ ကလောဝန်းကျင်မှာ ပစ်ခတ်မှုတွေ ဆက်ဖြစ်နိုင်တာကြောင့် ပြည်သူတွေ ဂရုစိုက်သွားလာဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားတယ်လို့ Ride Behind Kalaw က ရေးသားဖော်ပြထားပါတယ်။

တောင်ကြီးနဲ့ ကလောမြို့နယ်မှာလည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ အနေနဲ့ စစ်ဆေးမှုတွေ ကြမ်းတမ်း တင်းကြပ်စွာ လုပ်ဆောင်တော့မှာ ဖြစ်တဲ့ အတွက် ပြည်သူတွေ ဂရုစိုက်သွားလာကြဖို့ အထူး သတိပေးလိုတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက် ရယူနိုင်ဖို့ မဲခေါင်သတင်း အနေနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။