မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်ကောင်စီ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ ဈေးရောင်းပွဲတော် လာရောက်သူ ဆယ်ဂဏန်းပင်မပြည့်

မဲခေါင် 29 Dec - 2022
ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ စစ်ကောင်စီခန့် ပြည်နယ်အစိုးရအဖွဲ့က ဦးစီးပြီး လွတ်လပ်ရေးနေ့ဈေးရောင်းပွဲတော် ကျင်းပနေပေမယ့် လာရောက်လည်ပတ်သူ ဆယ်ဂဏန်း မပြည့်ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းမှာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၂၈ ရက်ကနေ ဇန်နဝါရီလ ၄ ရက်အထိ ကျင်းပပြုလုပ်နေတာဖြစ်ပြီး ဒီကနေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ လာရောက်လည်ပတ်သူ ဆယ်ဂဏန်း မပြည့်ဘူးလို့ သိရပါတယ်။

၁၀ ယောက်ကျော်ရင်တောင် ကံကောင်းပေါ့။ မနေ့က ဖွင့်ပွဲလုပ်တော့ လူနည်းနည်းရှိသေးတယ်။ အဲဒီနောက်ပိုင်း ဘယ်သူမှ မလာဘူး။ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေပဲရှိတာ။ အဲဒါကိုတောင် အဝင်ပေါက် ၂ ပေါက်လုံးမှာ လုံခြုံရေး အများကြီး ချထားသေးတယ်

လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို ဆိုင်ခန်း ၄၀ ကျော်နဲ့ ပြုလုပ်နေတာ ဖြစ်ပေမယ့် ဆိုင်ခန်းအများစုဟာ ဒီကနေ့အထိ ဈေးဦးတောင် မပေါက်သေးဘူးလို့ သူကဆက်ပြောပါတယ်။

ဒီကုန်စည်ပြပွဲမှာ စစ်ကောင်စီလက်အောက်ခံ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ရဲ့ ကုန်စည်ပြခန်းအပြင် စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ၄၀ ခန့်ရဲ့ ဆိုင်ခန်းတွေ ဖွင့်လှစ်ပြသထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပါတ်အတွင်းကလည်း တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ခရစ်ယာန် ဘာသာရေးဝန်းနဲ့ VX Bar မှာ စစ်ကောင်စီက ဦးစီးပြီး ဈေးရောင်းပွဲတော် ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဒေသခံတွေ ဝေဖန်ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်ဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ သစ္စာရေသောက်

မွန်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးမဟာမိတ်အင်အားစု ၇ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့အပါအဝင် အချက် ၄ ချက်ကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖြူးမြို့နယ် ပြင်းထန်တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်း သေပြီး ၂၀ ကျော် ဒဏ်ရာရတယ်လို့ PDF ဆို

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၁၇ ဦး ထက်မနည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကောလင်း ပုဂ္ဂလိကဘဏ်များမှ ငွေသား သန်းပေါင်း ၄ သောင်းကျော် သိမ်းဆည်းထားတယ်လို့ NUG ကြေညာ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များမှငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇) ကို၊ ကြားကာလဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်အရ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကာ စနစ်တကျ လက်ခံသိမ်းဆည်းထားတယ်လို့ NUGကထုတ်ပြန်ကြေညာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကော့ကရိတ်မြို့တွင်း ဒီကနေ့ မနက် တိုက်ပွဲပြင်းထန်၊ အာရှလမ်း ပိတ်ထား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ အနီးတဝိုက်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖြူးမြို့အနီး ဘန်းလောင်းကျေးရွာကို စစ်တပ် လေကြောင်းက ဗုံးကြဲလို့ နေအိမ် ၆ လုံးပျက်စီး

ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၊ ဖြူးမြို့ အနီးက ဘန်းလောင်းကျေးရွာကို စစ်တပ် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ရာ နေအိမ် ၆ လုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

“ ကရင်နီတံခါး” ကမ်ပိန်း ပြည်သူတွေ ဝိုင်းဝန်းကူညီပေးဖို့ ဖယ်ခုံ PDF မေတ္တာရပ်ခံ

ရှမ်းတောင် အခြေစိုက် ဖယ်ခုံ PDF နဲ့ မိုးဗြဲ PDF အပါအဝင် တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြုလုပ်တဲ့ "ကရင်နီတံခါး" ကမ်ပိန်း ပြည်သူတွေ ဝိုင်းဝန်း ကူညီပေးဖို့ ဖယ်ခုံ PDF ပြန်ကြားရေး တာဝန်ရှိသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင် တပ်ရင်း ၃ ခု ပူးပေါင်းပြီး “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ဒရုန်း ကမ်းပိန်း ပြုလုပ်

ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် တော်လှန်ရေး တပ်ရင်း ၃ ခု ပူးပေါင်းပြီး ဒရုန်း ဝယ်ယူနိုင်ဖို့ အတွက် “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

မယ်စဲ့မြို့နယ်က ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ သေပြီး လက်နက်ခဲယမ်း အများအပြားရ

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲကနေ နိုဝင်ဘာ ၂၅ ရက်က ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ လိုက်လံ တိုက်ခိုက်ရာ စစ်သား ၂၀ ခန့်သေပြီး တစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာ ပြန်ကြားရေးက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now