မြန်မာ့နွေဦး

တောင်ကြီးမြို့မှာ လူရည်ချွန်စခန်းချလို့ Night 38 ညဈေးကို ၆ ရက်ပိတ်ခိုင်း

မဲခေါင် 29 Apr - 2023
မဲခေါင်၊ ဧပြီ ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ အ.ထ.က (၁) မှာ လူရည်ချွန် စခန်းချမယ့် ရက်အတွင်း Night 38 ညဈေးတန်းကို ၆ ရက်ကြာ ပိတ်ထားဖို့ စစ်ကာင်စီက အမိန့်ပေးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၂၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ အ.ထ.က (၁) မှာ လူရည်ချွန် စခန်းချမယ့် ရက်အတွင်း Night 38 ညဈေးတန်းကို ၆ ရက်ကြာ ပိတ်ထားဖို့ စစ်ကောင်စီက အမိန့်ပေးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လူရည်ချွန် စခန်းကို တောင်ကြီး အ.ထ.က (၁) ကျောင်းဝင်း တောင်ဘက်မှာ ထားရှိပြီး ဂိတ်ပေါက်မှာ ရဲ ၅ ယောက် လုံခြုံရေး အမြဲယူထားပေမယ့် ကျောင်းမြောက်ဘက် နောက်တစ်လမ်းက ညဈေးတန်းကို ဧပြီလ ၂၇ ကနေ မေလ ၂ ရက်နေ့အထိ ၆ ရက်ကြာ ပိတ်ခိုင်းထားတာလို့ သိရပါတယ်။

“အရင်ကတည်းက လူရည်ချွန်တွေကို အင်းလေးလည်ပတ် ညအိပ်ဖို့ ခေါင်တိုင်ရွာမှာ အစိုးရ ဟိုတယ် ဆောက်ထားတဲ့ နေရာမှာ ထားခဲ့တာ။ အခု အဲ့ဘက်က တိုက်ပွဲဖြစ်ထားဖူးတော့ ကြောက်လို့နေမှာ” လို့ တောင်ကြီးမြို့နေ အမျိုးသမီး တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

၂၀၂၂ – ၂၃ ပညာနှစ်၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူရည်ချွန် ၄၇၈ ဦး ရွေးချယ်ထားပြီး တောင်ကြီး၊ ငွေဆောင်နဲ့ ပုဂံ လေ့လာရေး စေလွှတ်ရမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ဧပြီလ ၂၇ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

လက်ရှိ တောင်ကြီး လူရည်ချွန်စခန်းကို ဒသမတန်း လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၁၆၀ ခန့် လာရောက် တည်းခိုနေပြီး အပြင်ထွက်ခွင့် မပေးပေမယ့် ကျောင်းအပြင်ဘက်က ညဈေးတန်းကိုတော့ အကြောင်းပြချက်မရှိ ပိတ်ခိုင်းထားတာ ဖြစ်ပါတယ်။

Night 38 ညဈေးကို ပိတ်ခိုင်းထားပေမယ့် ညဈေး အနောက်ဘက်က အားကစားကွင်း တိုက်တန်းမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းတွေကိုတော့ ပိတ်ခိုင်းတာ မရှိဘူးလို့ သိရပါတယ်။

Night 38 ညဈေးမှာ အစားအသောက်မျိုးစုံ အဓိက ရောင်းချနေတဲ့ ဆိုင်ပေါင်း ၅၀ ကျော်အထိရှိပြီး တောင်ကြီးမြို့ရဲ့ လူအစည်ကားဆုံး နေရာ ဖြစ်သလို ပြည်တွင်း ခရီးသွားတွေ လာရောက်မှုများတဲ့ နေရာလည်း ဖြစ်ပါတယ်။

CJ-001
#MeKongNews
#တောင်ကြီးညဈေး
#Night38
#လူရည်ချွန်စခန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ