မြန်မာ့နွေဦး

တောင်ကြီးမြို့မဈေးမှာ ဆိုင်ကယ်မကြာခဏပျောက်နေလို့ UCA တိုက်တန်းပေါ် ပြောင်းရွှေ့ရပ်ခိုင်

မဲခေါင် 3 Jan - 2023
ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ ‌မြို့မဈေး အနီးမှာ ဆိုင်ကယ် မကြာခဏ ပျောက်နေလို့ မြို့နယ် စည်ပင်သာယာရေးဌာနက UCA တိုက်တန်းပေါ်သို့ ပြောင်းရွှေ့ ရပ်နားခိုင်းထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

တောင်ကြီးမြို့မဈေးရဲ့ မြောက်ဖက်၊ ကုန်သည်လမ်းပေါ်မှာ ယာဉ်ကြော ပိတ်ဆို့မှုတွေနဲ့ ဆိုင်ကယ် မကြာခဏ ပျောက်ဆုံးမှုတွေ ဖြစ်နေလို့ ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ UCA တိုက်တန်းပေါ် ပြောင်းရွှေ့ ရပ်နားခိုင်းတာလို့ ဆိုပါတယ်။

ဈေးနားမှာ မနေ့က လာပြောပြီး ဗီနိုင်းတွေ ကပ်သွားတယ်။ အဲဒီ ဆိုင်ကယ်ရပ်နားရာ နေရာမှာ ဆိုင်ကယ် ခဏခဏပျောက်နေလို့ မိန်းလမ်းဘေးက နေရာကို ပြောင်းရပ်ခိုင်းထားတယ်။ သတ်မှတ်‌နေရာမှာ ပိုက်ဆံပေးပြီး ရပ်တာတောင် ဆိုင်ကယ်ပျောက်နေတာ ဆိုတော့ ကျန်တဲ့နေရာတွေဆို မစဉ်းစားရဲဘူး 

လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

အဲဒီ ဆိုင်ကယ် ရပ်နားရာ နေရာ အပါအဝင် တောင်ကြီးမြို့ နေရာအနှံ့မှာ တစ်ရက်ကို ဆိုင်ကယ် ၅ စီး ထက်မနည်း ခိုးယူခံနေရပြီး ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားပေမယ့် ပြန်လည် တွေ့ရှိတဲ့ အရေအတွက် အလွန် နည်းပါးတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အပြင် တပ်ပေါင်းများစွာနဲ့ ပြည်နယ်၊ ခရိုင်ရဲရုံးတို့ အခြေစိုက်တဲ့ တောင်ကြီးမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ခိုးဆိုးလုနှိုက်တွေ ပေါများလာပေမယ့် စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့က အရေးတယူ ရှာဖွေ ဖမ်းဆီးတာတွေ မလုပ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။