မြန်မာ့နွေဦး

တောင်ကြီးစည်ပင်သာယာဌာနက ပျံကျဈေးသည်တွေကို အနိုင်ကျင့်နေ

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၇ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့နယ် စည်ပင်သာယာရေးဌာန ဝန်ထမ်းတွေက ပျံကျဈေးသည်တွေကို အနိုင်ကျင့်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့နယ် စည်ပင်သာယာရေးဌာန ဝန်ထမ်းတွေက ပျံကျဈေးသည်တွေကို အနိုင်ကျင့်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တောင်ကြီးမြို့မဈေး အပါအဝင် မြို့ပေါ်က ဈေး ၄ ဈေးမှာ ရောင်းချနေတဲ့ ပျံကျဈေးသည်တွေကို ဈေးသိမ်းချိန် အော်ဟစ်ဆဲဆိုတာ၊ ပစ္စည်းတွေကို ကန်ကျောက်တာ၊ ပစ္စည်းတွေ သိမ်းယူတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“ မနက်ဈေး ရောင်းချတဲ့ ပျံကျဈေးသည်တွေကို အခွန်လည်း ကောက်တယ်။ ဈေးရောင်းချသူတွေက သက်ကြီးပိုင်းတွေ များတယ်။ အခွန်ပေးနေရပေမယ့် ဒါကို သူတို့ သတ်မှတ်ချိန်အတွင်း ဈေးသိမ်းမပြီးလို့ ဆိုပြီး ရောင်းချတဲ့ ပစ္စည်းတွေကို ခြေထောက်နဲ့ ကန်ထုတ်တယ်၊ အော်ဆဲတယ်၊ ပစ္စည်းတွေကို ကားပေါ်ဆွဲတင်ပြီး သိမ်းသွားတယ်။ ဒါကို အထက်လူကြီးတွေက မသိတာလား၊ တမင် ခွင့်ပြုထားတာလားပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပျံကျ ဈေးသည်တွေ ရောင်းချတဲ့ ကုန်စိမ်း၊ ဘုရားပန်း စတာတွေ ကျသင့်ငွေ မပေးဘဲ အလကား ယူတာ၊ ဈေးသည်တချို့ကို လမ်းနဲ့မလွတ်လို့ဆိုပြီး ပစ္စည်းသိမ်း၊ ဒဏ်ငွေရိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ သူတို့ပေးတဲ့ အခွန်လည်း ယူထားတာပဲဗျာ။ အချိန်နည်းနည်း စောင့်ပေးသင့်ပါတယ်။ တချို့ အသက်ကြီး ဈေးရောင်းချသူတွေဆို ငိုယိုပြီး အရင်းပြုတ်ပါပြီ ဆိုပြီး ဝမ်နည်းပူဆွေး နေကြတာ။ အဲဒါတွေကို စိတ်မကောင်းစွာနဲ့ပဲ ခဏခဏတွေ့နေရတယ်။ ဝဋ်လည်မှာ မကြောက်ကြဘူးလား မသိဘူး” လို့ တခြား ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြို့ပေါ်လမ်းဘေးမှာ လက်တွန်းလှည်း၊ ကား၊ ဆိုင်ကယ်တွေနဲ့ ရောင်းချနေတဲ့ ဈေးသည်တွေကိုလည်း အခွန်ကောက်ခံတဲ့ အပြင် ပစ္စည်းသိမ်းဆည်းပြီး ဒဏ်ငွေရိုက်တာ၊ ဒဏ်ငွေ မပေးနိုင်တဲ့ ဈေးသည်တွေကို ဈေးရောင်းချခွင့် ပိတ်ပင်တာတွေ မကြာခဏ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

MK-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက