မြန်မာ့နွေဦး

တိုက်ပွဲမှာမသေတဲ့ စစ်သားတွေကို စစ်ကောင်စီက ဘွဲ့တွေပေးပြီး နှစ်သိမ့်နေ

မဲခေါင် 4 Jan - 2023
တိုက်ပွဲတွေမှာ အသက်မသေဘဲ လွတ်မြောက်လာတဲ့ စစ်သားတွေကို သီဟသူရဘွဲ့၊ သူရဘွဲ့နဲ့ စွမ်းရည်ဘွဲ့ တံဆိပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ပြီး တပ်တွင်းမှာ နှစ်သိမ့်နေတယ်လို့ CDM စစ်ဗိုလ် ကိုဇင်ယော်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတိုက်ပွဲမှာ မသေဘဲ ပြန်ထွက်လာတဲ့ အဖွဲ့ကို စစ်ခေါင်းဆောင်က (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေနဲ့ တပ်မတော် စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေကို ဇန်နဝါရီလ ၃ ရက်နေ့မှာ ပေးအပ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့ထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ TNLA နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေကြားထဲက အခုလို မသေဘဲ ပြန်ထွက်လာနိုင်တဲ့ အဖွဲ့ကို ဆုချီးမြှင့် ပေးခဲ့တာလို့ သိရပါတယ်။

အဲ့လို ပေးတယ်ဆိုတာက စစ်တပ်ထဲမှာ စစ်ဗိုလ်ချုပ်တွေ ပြောနေကြ စကားပေါ့။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာ မဟုတ်ဘူး။ ဒါမျိုးဆိုတာ ရှာကြံကိုပေးရမယ်။ သူတို့ရဲ့ စစ်သားတွေဟာ တိုက်စွမ်းရည်လည်း ကျနေပြီ။ အရင် ERO တွေနဲ့ တိုက်ရတဲ့ သမားရိုးကျစစ် မဟုတ်ဘဲ ပြောက်ကျားစစ်၊ ပြည်သူတွေ ကြားထဲကနေပြီး တိုက်လာတဲ့စစ် ဖြစ်တဲ့အတွက် သူတို့ကြာလာတော့ ငြီးငွေ့လာတယ်။ စစ်တပ်စကားနဲ့ ပြောရရင် စိတ်ဓာတ်ပျက်တာပေါ့။ စိတ်ဓာတ်ပျက်တာကို မအလ အနေနဲ့ သူ့ဗိုလ်ချုပ်တွေနဲ့ တိုင်ပင်ပြီးတော့ အလကားရတဲ့ ဒီဘွဲ့တွေ၊ စာရွက်နဲ့ ပေးရတဲ့ဘွဲ့တွေ၊ ဒါကိုပေးရမယ်ပေါ့နော်။ အဲ့လို စည်းရုံးနေတာ

လို့ CDM စစ်ဗိုလ် ကိုဇင်ယော်က ဆက်ပြောပါတယ်။

အခုလို စစ်ဘက်ဆိုင်ရာ ဘွဲ့တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်း လက်မှတ် ရရှိသူတွေမှာ တိုက်ပွဲအတွင်း တိုက်ခိုက်စွမ်းရည်ကြောင့် ပေးအပ်ခံရသူတွေ ရှိသလို ဆုတံဆိပ်တွေရရှိဖို့ တင်ပြရာမှာ အရေးအသား ကောင်းတာကြောင့် ပေးအပ်ခံရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်တပ် ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာတော့ အခုလို ဆုပေးတာနဲ့ ပတ်သက်ပြီး မြေပြင်တပ်တွေနဲ့ အဆက်အသွယ် ပြတ်တောက်ကာ စုရပ်နေရာကို ပြန်လာနိုင်ခဲ့တာကြောင့် ဗိုလ်မှူးစိုးသူရနဲ့ အဖွဲ့ကို သီဟသူရဘွဲ့နဲ့ သူရဘွဲ့တွေ ပေးခဲ့တာလို့ ဝါဒဖြန့်မှုတွေ ရှိနေပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ နေပြည်တော်မှာ ကျင်းပလျက်ရှိနေပြီး တပ်ရင်းတွေမှာလည်း အာဏာမသိမ်းမီ ကလို သံပုန်းရိုက်ပြိုင်ပွဲ၊ ခုန်လုပွဲလိုမျိုးတွေ ကျင်းပနေပေမယ့် တပ်ရင်းတွေရဲ့ လုံခြုံရေး အနေအထားအရ ပျော်ပွဲရွှင်ပွဲ လုပ်နိုင်ကြောင်းကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ ဝါဒဖြန့်နိုင်ဖို့ ပြုလုပ်တဲ့ အနေအထားသာ ဖြစ်တယ်လို့ သိရပါတယ်။

ကျွန်တော် ကြုံခဲ့တာဆိုရင် စမူဆာ၂ နှစ်ခုစားပြီးတော့ မိန့်ခွန်းကို အကြာကြီး နားထောင်ရတာ။ ဆုပေးရင်လည်း စာအိတ်ကြီးပဲ ပေးတာပေါ့နော်။ ပိုက်ဆံက မပါဘူး။ ပထမဆု ဒုတိယဆု လို့သာပြောတာ ပြီးရင် ဘယ်လိုက်တောင်းရမှန်း မသိတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ သူတို့မှာ ဘတ်ဂျက်လည်း ခမ်းနေတယ်။ လူလည်း ခမ်းနေတယ်ပေါ့နော်။ တော်တော်ပွဲပျက်တဲ့ လွတ်လပ်ရေးနေ့ပါ။ သူတို့မရှက်လို့သာ လုပ်နေကြတာပေါ့

လို့ ကိုဇင်ယော်က ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်တပ်ထဲမှာ စစ်သား အများစုက စစ်မတိုက်ချင်တဲ့ အပြင် စစ်တပ် အသိုင်းအဝိုင်းကလည်း အာဏာသိမ်းတာ မှားတယ်လို့ ထင်မြင်နေကြပြီး အာဏာ ပြန်ပေးသင့် ပေးထိုက်တဲ့ သူကို ပေးစေချင်နေကြတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီ အနေနဲ့ အခုလို လွတ်လပ်ရေးနေ့ အတွက် အခမ်းအနား လုပ်တာတွေ၊ ပြိုင်ပွဲကျင်းပတာနဲ့ ဆုပေးတာတွေ လုပ်နေပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့ အရေးယူတာတွေနဲ့ ဖယ်ကြဉ်တာကို ခံနေရတာကြောင့် မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ထားတဲ့ ၁၂၅ နိုင်ငံထဲက ရုရှား၊ ကမ္ဘောဒီးယားနဲ့ နီပေါ စတဲ့ ၃ နိုင်ငံကသာ လွတ်လပ်ရေးနေ့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ စစ်တပ်ပိုင် သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG
မြန်မာ့နွေဦး

ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်မှာ ကျင်းပ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇
မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး

ယူကေ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK
မြန်မာ့နွေဦး

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံ Labor Party လွှတ်တော်အမတ် Rushanara Ali တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali တို့ မနေ့က
မြန်မာ့နွေဦး

TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေအပါအဝင် တအာင်း ၁၂၇ ဦးကို ကယ်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၇ TNLA တပ်ဖွဲ့ အင်အား ၅၀၀ ဟာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေ အပါအဝင် တအာင်း-ရူစိင် ၁၂၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ မနေ့က
မြန်မာ့နွေဦး

လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF-
မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။