မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင် 25 Mar - 2023
မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။

မဲခေါင်၊ မတ် ၂၅

ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။

ဒီကနေ့ မနက် အစောပိုင်းက စတင်ကာ မြဝတီ ကုန်သွယ်ရေးဇုန်နဲ့ သင်္ကန်းညီ‌နောင်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကုန်သွယ်ရေးဇုန် အတွင်း မီးလောင်မှုတွေ ဖြစ်ပွားကာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့သလို ကုန်တင်ယာဉ်မောင်းတွေလည်း ပိတ်မိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ကော့ကရိတ်နဲ့ မြဝတီကြား အာရှလမ်းမပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကုန်ကားတွေ ပိတ်မိကာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့် နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

“အခု လမ်းမှာ ကားတွေက ဘေးနား ကပ်ရပ်ထားရတယ်။ အခုလို နှောင့်‌‌နှေး ကြန့်ကြာမှုတွေ ဖြစ်လာတော့ သယ်ယူပို့ဆောင်ခ၊ ကုန်ပစ္စည်းဈေးတွေ မြင့်တက်လာနိုင်တယ်။ ဆက်သွားလို့လည်း မရဘူး။ ထိုင်းဘက်ကလည်း အခု အခြေအနေနဲ့ ဖွင့်မပေးဘူး။ ကုန်သွယ်ရေးဇုန်ထဲ တိုက်ပွဲ ဖြစ်ထားတော့ ဒီနေ့ကတော့ ဘယ်လို့မှ ပြန်ဖွင့်လို့ရမယ် မထင်ဘူး။ ကုန်သွယ်ရေးက ခဏတော့ ရပ်တန့် ထားရမယ့် အခြေနေပါ။ ဇုန်ထဲမှာ ရှိနေတဲ့ ကုန်ကားတွေလည်း အဆင်ပြေတဲ့ နေရာ ပြောင်းပြီး စောင့်ဆိုင်းနေကြတယ်။ ထိုင်းဘက်ကလည်း တံတားတွေ အခုဖွင့် အခုပိတ် လုပ်နေတာ” လို့ မြဝတီမြို့ရှိ ပြောင်းကုန်သည် တစ်ဦးက ဆိုပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်က လေကြောင်း အသုံးပြု ပစ်ခတ်လို့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ပျက်စီးမှုတွေရှိတဲ့ အပြင် လတ်တလော ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တော်လှန်ရေး ပူးပေါင်းတပ်က တားမြစ် ထုတ်ပြန်ထားပါတယ်။

“တိုက်ပွဲဖြစ်တဲ့ အချိန် ခဏလောက်ပါပဲ။ ဖြစ်စဉ် ဖြစ်ရင်တော့ လုံခြုံရေးအရ ခဏပိတ်တဲ့ သဘောပါ။ နာရီပိုင်း အတွင်း ပြန်ဖွင့်လှစ်သွားမှာပါ။ ကုန်သွယ်ရေး အခြေအနေ အပြောင်းအလဲက မရှိနိုင်ပါဘူး။ နိုင်ငံတော်က ချမှတ်ထားတဲ့ အတိုင်းပဲ သွားမှာပါ။ ကုန်သွယ်မှု ရပ်တန့်မယ်၊ ထိုင်းကုန်တွေ ဈေးတက်မယ်လို့ ပြောဆို နေတာက မသမာမှု လုပ်နေတဲ့ စီးပွားရေးသမားတွေရဲ့ လှည့်ကွက်ပါ” လို့ စစ်တပ် လက်အောက်ခံ မြဝတီ ကုန်သွယ်ရေးဇုန် တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းနဲ့ အခုနှစ် ဇန်နဝါလအစက ကော့ကရိတ် ဒေသမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အာရှလမ်းပေါ် ကုန်ကားတွေ ပိတ်မိကာ ကုန်သွယ်မှု ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ ထိုင်းဘက်မှ စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးသုံး ပစ္စည်း၊ စက်မှုလက်မှု ကုန်ကြမ်းနဲ့ အိမ်သုံးကုန် ပစ္စည်းမျိုးစုံ တင်ပို့ပြီး မြန်မာဘက်က လယ်ယာထွက်ကုန်၊ ‌‌‌ရေထွက်ကုန်၊ ဆန်မှုန့်၊ ရော်ဘာ စတာတွေ တင်ပို့နေပါတယ်။

မြဝတီ နယ်စပ် ကုန်သွယ်ရေးကနေ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပို့ကုန် ၁၇ ဒသမ ၀၁၂ သန်း၊ သွင်းကုန် ၂၀ ဒသမ ၅၆၁ သန်း၊ စုစုပေါင်း ဒေါ်လာ ၃၇ ဒသမ ၅၇၃ သန်း ကုန်သွယ်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီး/ကူး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

MK-006

#MeKongNews

#မြဝတီ #အာရှလမ်း #နယ်စပ်ကုန်သွယ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒေါနတောင်ခြေတိုက်ပွဲ စစ်ကောင်စီသံချပ်ကာကားနဲ့ စစ်သုံးယာဥ် ၂ စီး KNLA သိမ်းပိုက်

မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်များက ဒေါနတောင်ခြေအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထံမှ သံချပ်ကာကား ၁စီး၊
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ PDF ရဲ့ ဦးထုပ် ကမ်ပိန်း သတ်မှတ်ရာခိုင်နှုန်းထက် ၂ ဆကျော်လွန်ပြီး အောင်မြင်မှုရရှိ

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အခြေစိုက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်ေအာက်ခံ ဖယ်ခုံ PDF(၁၀၀၆)က ပြုလုပ်တဲ့ ဦးထုပ် ကမ်ပိုင်းဟာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNLA ဒုဥက္ကဌ နေအိမ်အပါအဝင် နေအိမ် ၈ လုံးကို ပအိုဝ်းပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က လူနေအိမ် ၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချို သရက်ကုန်းရွာ ပြန်ရဖို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့ သရက်ကုန်းကျေးရွာအနီးမှာ မနေ့ဧပြီ ၂၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-မန္တလေး ( MDY-PDF) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်လို့ ကျေးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တာချီလိတ်တံတား ၁ ကနေ CDM စာရင်းပါသူတွေ ဖြတ်သန်းခွင့်ပိတ်၊ ဓာတ်ပုံရိုက်မှ အချက်ပေးသံမြည်ပြီး စာရင်းပါကြောင်းသိရ

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်ကို ဖြတ်သန်းသွားလာရာမှာ CDM စာရင်းပါဝင်သူတွေကို ဖြတ်သန်းခွင့်ပိတ်ပင်လိုက်တယ်လို့ ကိုယ်တိုင်ကြုံတွေလာသူတွေနဲ့ တံတားလူဝင်မှုကြီးကြပ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုလုံး၀ရပ်တန့်ဖို့ G7 အစည်းအဝေးမှာ တိုက်တွန်း

G7 အစည်းအဝေးအပြီး ပြည်သူကို ဒုက္ခပေးအကြမ်းဖက်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက် အသုံးအဆောင်တွေကို နိုင်ငံတကာက ပေးပို့နေမှု ရပ်တန့်သွားရေး တိုက်တွန်းထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဓနုဒေသမှာ DPLF က ပြည်သူတွေအတွက် ရွာလမ်းများ ပြုပြင်ပေး

ဓနုဒေသလှုပ်ရှားနယ်မြေအတွင်းမှာ မိုးရာသီအတွက် ကျေးရွာချင်းဆက်လမ်းများကို ရွာခံတွေနဲ့ ပြုပြင်ပေးခဲ့တယ်လို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ဒီနေ့ ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်စန်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသူတွေ ပြည်သူ့စစ်တပ်ထဲ စစ်မှုထမ်းရ

ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်သူတွေ မက်ကျန်းပြည်သူစစ်ထဲ ဝင်လာနိုင်ဖို့ ဖိတ်ခေါ်နေတယ်လို့ နယ်ခံတွေဆီမှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now