မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးကြဖို့ ဖိတ်ခေါ်

မဲခေါင် 19 Nov - 2023
တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရေးပေါ် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့ ဖိတ်ခေါ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုနဲ့ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ (ရှမ်းမြောက်)က ထုတ်ပြန်ပါတယ်။

မဲခေါင် ၊ နိုဝင်ဘာ ၁၉

တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရေးပေါ် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့ ဖိတ်ခေါ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုနဲ့ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ (ရှမ်းမြောက်)က ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်ပြည်သူလူထုတွေကို ဘေးကင်းလုံခြုံတဲ့နေရာသို့ ပြောင်းရွှေ့နိုင်စေရေး၊ လိုအပ်တဲ့ စားနပ်ရိက္ခာများ၊ အမိုးအကာများ၊ အမျိုးသမီးအသုံးဆောင်ပစ္စည်းများ ကူညီပံ့ပိုးနိုင်ရေး နဲ့ လိုအပ်တဲ့ အခြေခံ ဆေးဝါးများ စီမံပံ့ပိုးနိုင်ရေးအတွက် အရေးပေါ်အကူအညီများစွာ လိုအပ်နေတယ်လို့ အဲ့ဒီကော်မတီက ဆိုပါတယ်။

ဒါကြောင့် အဲ့ဒီလိုအပ်နေတဲ့ အရေးပေါ်အကူအညီ နဲ့ အခြေခံလိုအပ်ချက်များအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ပြည်တွင်း၊ ပြည်ပရှိ လူသားချင်းစာနာထောက်ထားတဲ့ စေတနာရှင်၊ အလှူရှင်များမှ တတ်နိုင်သမျှဝိုင်းဝန်း ကူညီဖေးမဆောင်ရွက်ပေးကြဖို့ကိုလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် စစ်ဘေးရှောင်ပြည်သူများကို ကူညီချင်ရင် လူသားချင်းစာနာထောက်ထားမှုနဲ့ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ (ရှမ်းမြောက်) ရဲ့ Signal ဖုန်းနံပါတ်တွေဖြစ်တဲ့ +95 9 425 914 987 (Signal)၊ +95 9 258 880 523 (Signal) +95 9 442 888 100 တို့ကို ဆက်သွယ်ကူညီနိုင်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလော ဖြစ်ပွားနေတဲ့ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေရတဲ့ ပြည်သူလူထုများရဲ့ အရေးပေါ်လိုအပ်ချက်များ ပံ့ပိုးကူညီလုပ်ဆောင်နိုင်ရန်အတွက် တအာင်း အရပ်ဖက်အဖွဲ့အစည်းများ၊ တအာင်းလူထုအခြေပြုအဖွဲ့အစည်းများ၊ တအာင်းသံဃာတော် များမှ စုပေါင်းကာ လူသားချင်းစာနာထောက်ထားမှုနဲ့ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ (ရှမ်းမြောက်) ကို ဦးဆောင်ကော်မတီဝင် (၂၁) ဦးနဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တယ်လို့ အဲ့ဒီကော်မတီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး နေရာဒေသ အနှံ့အပြားမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူလူထုများ သောင်းချီအထိ နေ့စဉ်ဦးရေ တိုးပွားများလာနေပါတယ်။

CJ-002

#MeKongNews

#ရှမ်းမြောက်

#လူသားချင်းစာနာကူညီအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်ဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ သစ္စာရေသောက်

မွန်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးမဟာမိတ်အင်အားစု ၇ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့အပါအဝင် အချက် ၄ ချက်ကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖြူးမြို့နယ် ပြင်းထန်တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်း သေပြီး ၂၀ ကျော် ဒဏ်ရာရတယ်လို့ PDF ဆို

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၁၇ ဦး ထက်မနည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကောလင်း ပုဂ္ဂလိကဘဏ်များမှ ငွေသား သန်းပေါင်း ၄ သောင်းကျော် သိမ်းဆည်းထားတယ်လို့ NUG ကြေညာ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များမှငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇) ကို၊ ကြားကာလဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်အရ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကာ စနစ်တကျ လက်ခံသိမ်းဆည်းထားတယ်လို့ NUGကထုတ်ပြန်ကြေညာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကော့ကရိတ်မြို့တွင်း ဒီကနေ့ မနက် တိုက်ပွဲပြင်းထန်၊ အာရှလမ်း ပိတ်ထား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ အနီးတဝိုက်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖြူးမြို့အနီး ဘန်းလောင်းကျေးရွာကို စစ်တပ် လေကြောင်းက ဗုံးကြဲလို့ နေအိမ် ၆ လုံးပျက်စီး

ကရင်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး (မုန်း) မြို့နယ်၊ ဖြူးမြို့ အနီးက ဘန်းလောင်းကျေးရွာကို စစ်တပ် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ရာ နေအိမ် ၆ လုံး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

“ ကရင်နီတံခါး” ကမ်ပိန်း ပြည်သူတွေ ဝိုင်းဝန်းကူညီပေးဖို့ ဖယ်ခုံ PDF မေတ္တာရပ်ခံ

ရှမ်းတောင် အခြေစိုက် ဖယ်ခုံ PDF နဲ့ မိုးဗြဲ PDF အပါအဝင် တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြုလုပ်တဲ့ "ကရင်နီတံခါး" ကမ်ပိန်း ပြည်သူတွေ ဝိုင်းဝန်း ကူညီပေးဖို့ ဖယ်ခုံ PDF ပြန်ကြားရေး တာဝန်ရှိသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင် တပ်ရင်း ၃ ခု ပူးပေါင်းပြီး “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ဒရုန်း ကမ်းပိန်း ပြုလုပ်

ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် တော်လှန်ရေး တပ်ရင်း ၃ ခု ပူးပေါင်းပြီး ဒရုန်း ဝယ်ယူနိုင်ဖို့ အတွက် “၁၃ မျဉ်းစောင်း မအလ ဂျောင်း” ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း မြန်မာ့နွေဦး

မယ်စဲ့မြို့နယ်က ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ သေပြီး လက်နက်ခဲယမ်း အများအပြားရ

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲကနေ နိုဝင်ဘာ ၂၅ ရက်က ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ လိုက်လံ တိုက်ခိုက်ရာ စစ်သား ၂၀ ခန့်သေပြီး တစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာ ပြန်ကြားရေးက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now