မဲခေါင်၊ ဇန်နဝါရီ ၁၄
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်ပြည်နယ်က လူငယ်တွေ ပညာရေး အခွင့်အလမ်း မဆုံးရှုံးဖို့ လူငယ့် အကယ်ဒမီ ကောလိပ်-YAC ကျောင်းကို စစ်ေးရှောင်စခန်း တနေရာမှာ ဇန်နဝါရီလ ပထမ အပတ်က စတင် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကျောင်းကို စစ်ဘေးရှောင် ကယား လီဖု လူငယ်တွေ ဦးဆောင်ပြီး ဆယ်ကျော်သက် လူငယ်တွေကို ပြန်လည် ဦးဆောင် သင်ကြားပေးနေတဲ့ ကောလိပ်ကျောင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“နိုင်ငံတကာပုံစံ ပညာရေးမျိုးကို YAC အနေနဲ့သွားမှာ ဖြစ်တယ်။ သွားမယ့် ဘာသာတွေ၊ လုပ်မယ့် Activity (လှုပ်ရှားမှု) တွေလုပ်မယ့် Project တွေကအစ ရှေးရိုးစွဲ မဟုတ်ဘဲ သူများထက် Idea အသစ်တွေ နည်းစနစ်တွေနဲ့ ရှေ့ဆက်မယ်။ စစ်ကောင်စီကနေ သွားနေတဲ့ ပညာရေးနဲ့တော့ တော်တော်လေး ကွာဟမှု ရှိသွားမှာပါ” လို့ YAC ကျောင်း တာဝန်ရှိသူက ပြောပါတယ်။
YAC ကျောင်းကို ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ-KSCC မှာ စာရင်းပေးသွင်းဖို့ရှိပြီး သင်ကြားပေးတဲ့ ဘာသာရပ်တွေ၊ သင်ကြားမှု ကတော့ ဒေသတွင်း ကျောင်းဖြစ်တဲ့ Level Up Academy ရဲ့ သင်ကြားမှု ပုံစံ ဖြစ်တယ်လို့ သိရပါတယ်။
“အခက်အခဲလို့ ပြောတဲ့အခါမှာ မတူညီတဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့ ကြားကနေ ဖွင့်တဲ့အတွက် တခါတလေကျရင် စားနပ်ရိက္ခာအတွက် အခက်အခဲရှိတယ်။ ဒီကျောင်းကို တည်ထောင်ရတဲ့ အတွက် ဘတ်ဂျတ် အခက်အခဲတွေလည်းရှိတယ်” လို့ YAC တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ကျောင်းသား ၆၄ ယောက်ကို ဆရာ၊ ဆရာမ ၁၀ ဦးက သင်ကြားပေးနေပြီး English ၊ Karenni language ၊ Karenni History ၊ Social ၊ Computer ၊ Community Development အပါအဝင် ဘာသာရပ် ၁၁ ခုကို သင်ကြားပေးလျက်ရှိကာ ပညာသင် ကာလ ၂ နှစ်သင်တန်း ပြီးဆုံးတဲ့ ကျောင်းသား ကျောင်းသူတွေကို Diploma and Community Development ဘွဲ့လက်မှတ် ပေးအပ်မယ်လို့ သိရပါတယ်။
MK-010