မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင် 26 Mar - 2023
မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG ၊ NUCC ၊ CRPH တို့ကို ပေးပို့ခဲ့တယ်လို့ အခြေခံပညာ ပညာရေး ဝန်ထမ်းများ အထွေထွေ သပိတ် ကော်မတီ BEGSC က ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၂၆

တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG ၊ NUCC ၊ CRPH တို့ကို ပေးပို့ခဲ့တယ်လို့ အခြေခံပညာ ပညာရေး ဝန်ထမ်းများ အထွေထွေ သပိတ် ကော်မတီ BEGSC က ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းသား ၃၀,၀၀၀ ခန့် တက်ရောက်နေတဲ့ Kaung for You Federal Private School ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လ အတွင်းက ကျောင်းသား ကျောင်းသူတွေရဲ့ ကိုယ်ရေး အချက်အလက် ပေါက်ကြားမှုကြောင့် မိဘတွေ ခြိမ်းခြောက် ငွေတောင်းခံရမှုတွေ ကြုံတွေ့ခဲ့ရပြီး အခုနှစ် မတ်လဆန်းပိုင်းက FOEIM ကျောင်းက ကျောင်းသား၊ ကျောင်းသူ ၅၀၀ ခန့် စာရင်း ပေါက်ကြားကာ ကျောင်းသား မိဘတွေ ဖမ်းဆီး ခံရမှုတွေ ရှိခဲ့ပါတယ်။

အဲဒီလို ဖြစ်စဉ်တွေကြောင့် NUG ၊ NUCC ၊ CRPH တို့ အနေနဲ့ တော်လှန်ရေး ဦးဆောင်သူတွေရဲ့ တာဝန် ရှိတဲ့အတိုင်း တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့နေတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူများကို ထိရောက်တဲ့ အရေးယူမှုတွေလုပ်ပြီး နောင်ထပ်မံ မဖြစ်ပွားဖို့ ခိုင်မာတဲ့ မူဝါဒ ချမှတ်ကာ ပြတ်ပြတ်သားသား ထိန်းကြောင်းပေးဖို့ BEGSC က အလေး အနက် တိုက်တွန်းထားပါတယ်။

“ပြည်သူ့ ပညာရေး ကျောင်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ကာ ဒုတိယ အကြိမ် ညီလာခံမှာ ကိုယ်ပိုင်နှင့်ကြားကာလ အွန်လိုင်းနဲ့ မြေပြင် ကျောင်းတွေနဲ့ ပတ်သက်ပြီး သဘောထား (၇) ချက် ချမှတ် အတည်ပြုလိုက်တာ ဖြစ်တယ်” လို့ BEGSC မှ တာဝန်ရှိသူက ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ CDM ကျောင်းသားတွေ ပညာသင်ယူခွင့် ရရှိရေးနဲ့ စဉ်ဆက်မပြတ် ပညာရေးကို ရည်ရွယ်ပြီး ကြားကာလ သင်ကြားရေးကျောင်း ၄၀၀၀ ကျော်နဲ့ NUG နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်း ၇၀ ကျော် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

“အခု အိတ်ဖွင့်ပေးစာကို ကြိုဆိုတယ်။ ခုကာလ အရေးယူလို့ မရဘူး ဆိုတဲ့ အထှာနဲ့ လစာ ကောက်ယူပြီး တော့ တည်ထောင်သူက လုပ်ချင်သလို လုပ်နေတယ်။ အခုကာလမှာ ကျောင်းတက်နေတဲ့ ကလေးတွေ ကိုမှ မငဲ့ လုပ်ချင်တာတွေ လုပ်ချင်တိုင်း လုပ်နေကြတာကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်စေချင်တယ်” လို့ CDM ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

လက်ရှိ CDM ဆရာ၊ ဆရာမတွေ ဦးဆောင်မှုနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ပြည်သူ့ပညာရေးကျောင်းတွေကို အွန်လိုင်းနဲ့ မြေပြင်မှာ အားကောင်း ခိုင်မာစွာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

MK-010

#MeKongNews

#နွေဦးတော်လှန်ရေး #BEGSC #ပြည်သူ့ပညာရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။